Thursday, August 20, 2009

ပျောက်သွားတဲ့ ဖိုင်တွေ ပြန်ရဖို့

data-doctorယူအက်စ်ဘီ ဒရိုက်ကလေး ဗိုင်းရပ်စ်ကိုက်သွားလို့ ဖိုင်တွေ အားလုံး ပျောက်သွားသလား။ မှားပြီး ဖော်မတ်လုပ်မိလို့ ဖိုင်တွေပျောက်သွားသလား။ စိတ်မပူပါနဲ့။ ဒီဆော့ဝဲနဲ့ ပြန်ရှာရင် အားလုံးပြန်ရပါလိမ့်မယ်။

Data Doctor Recovery Pen Drive လို့ အမည်ရတဲ့ ဒီဆော့ဝဲက PenDrive အပြင် Memory Card တို့လို Storage မျိုးစုံအတွက်လည်း အလုပ်လုပ်ပေးပါမယ်။

Download

mediafire link(download 3.6mb)

Install
အင်စတောတာကတော့ ထုံးစံအတိုင်းပါဘဲ။ open လုပ်ပြီး next တွေကို ကလစ်လုပ်သွားပါ။ အင်စတော ပြီးသွားရင် Serial box ပေါ်လာပါမယ်။ အဲဒီမှာ ပေးထားတဲ့ Name, Key တွေကို မှန်အောင်ဖြည့်ပါ။ အခြား email တို့လိုကိုတော့ ကြိုက်တာဖြည့်နိုင်ပါတယ်။ အိုကေလုပ်ပြီးရင် စသုံးလို့ ရပါပြီ။

data-doctor-recovery1

Usage

၁။ ဖိုင်တွေပျောက်သွားတဲ့ PenDrive ကို ကွန်ပြူတာမှာ တပ်ပါ။
၂။ Data Recovery Pen Drive ကို ဖွင့်ပါ။
၃။ ဘယ်ဘက်ခြမ်းမှာ ကိုယ့်ဒရိုက်အမည် ပေါ်လာပါမယ်။ အဲဒါကို ရွေးပြီး Advance Search ကို ကလစ်ပါ။ ညာဘက် အောက်ဒေါင့်က next ကို ကလစ်ပါ။

data-recovery

၎။ နောက်တဆင့်မှာPartition Type ရွေးခိုင်းရင် FAT16, FAT32 တခုခု ရွေးပေးပါ။ (တခုမရရင် နောက်တခု ရွေးပါ။ PenDrive အများစုက FAT32 ဖြစ်တာ များပါတယ်။) ရွေးပြီးရင် next ကို ကလစ်ပါ။ ဖိုင်တွေကို scan လုပ်တာကို စောင့်ပါ။ ပြီးသွားရင် next ကို ထပ်ကလစ်လုပ်ပါ။

data-recovery2

၅။ ဘယ်ဘက်ခြမ်းမှာ DIR တွေ ပေါ်လာပါမယ်။ ကိုယ်ပြန်ရယူလိုတဲ့ ဖိုင်တွေပါတဲ့ DIR ရှေ့က check box တွေကို check လုပ်ပေးပါ။ အားလုံးကို လိုချင်ရင်တော့ အပေါ်ဆုံးက Root ကို Check လုပ်ပါ။

ပြီးရင် Save ကို ကလစ်ပါ။ နောက်ထပ်ပေါ်လာတဲ့ box မှာ သိမ်းမယ့်နေရာရွေးပြီး OK ကို ကလစ်လိုက်ရင် ပျောက်သွားတဲ့ ဖိုင်တွေ ပြန်ရလာပါလိမ့်မယ်။

data-recovery3

0 comments:

အယ်ဖိုး © 2008 Template by:
SkinCorner