Saturday, July 17, 2010

IT နဲ့ပတ်သက်တဲ့ကဗျာလေးတွေပါ



1.   ခေတ်တစ်ခေတ်ရဲ့သမိုင်းကြောင်း
လေ့လာလို့ မပြီးဆုံးသေး
နောက်တစ်ခေတ် ရောက်ရှိလို့လာခဲ့
သြော်.... IT ခေတ်ဆိုပါလား....
တဖြည်းဖြည်းနဲ့ လိုက်မမီတော့တဲ့
ခေတ်ကို ရောက်ရှိနေပါပြီကော
မမီ မီရာနဲ့ လိုက်ဆိုသလို
ရောက်နေတဲ့နေရာက
ဆက်လိုက်ခဲ့ရ
တော်သေးပါရဲ့
ငါ အလှမ်းမဝေးသေးပါလား....
တွေးတုန်းရှိသေး
Internet
ခေတ်ကို
ထပ်မံရောက်ရှိလို့လာပြန်
အင်း...
လိုက်လေ ဝေးလေ
ခေတ်ပြောင်းကြီးထဲ
ငါ့ဘဝ
ဘယ်လိုများမှ မီအောင်
ဆက်လိုက်ရပါ့....


2.     Gtalk ကို Sign in ၀င်
မင်းနဲ့ တွေ့ ဖို့ ပြင်
ဒါပေမယ့် မင်းကိုမမြင်။

Connection
ကမတက်
မင်းက ချိန်းထားတာပျက်ကွက်
But
ဘယ်သူနဲ့ မှ ငါမချက်။

Connection
ကအစုတ်ပလုတ်
မင်းကငါ့ကို Block လုပ်
ငါ့မှာ တစ်ယောက်ထဲငုတ်တုတ်.




3.     Partition တစ်ခုပဲရှိတဲ့
ငါ့နှလုံးသား HDD မှာ
မင်းတစ်ယောက်ထဲကိုသာ
Install
လုပ်ထားတယ်။

မင်းနှလုံးသား HDD မှာတော့
Partition
နောက်တစ်ခုနဲ
ငါ့အပြင်တစ်ခြားတစ်ယောက်ကိုများ
Install
လုပ်ထားသေးလား
ကောင်းမလေးရယ်.........။

4.     သံယောဇဉ် မော်နီတာကနေ
အကြင်နာခလုပ်ကှိုနှိပ်
နှလုံးသားမောက်(စ)ကို
ရွှေ့လိုက်ယုံပါပဲ
သောကဗိုင်းရပ်တွေရှိတာကြောင့်
အချစ်တွေကို ဒလိလုပ်မပြစ်ပါနဲ့

5.     မနက်မိုးလင်းလို. ငါ့ဦးနှောက်ကိုစ RUN လိုက်တာနဲ.
ပထမဆုံး တွေးမိတာ နင့်အကြောင်းပဲ ..
အဲ့အချိန်ကစပြီးတော့ တစ်နေ.လုံး ဝင်သက်ထွက်သက်တိုင်း
နင့်နာမည်က ငါ့နှလုံးသားထဲမှာ LOOPING ပတ်နေခဲ့တယ် ..
လိုအပ်လို. ငါ့ ဦးနှောက်ကို FORMAT ချရမယ်ဆိုရင်တောင်
နင်နဲ.ပတ်သတ်သမျှ အကြောင်းအရာအားလုံးကို
ငါ့နှလုံးသားထက်မှာ BACKUP လုပ်ထားပြီးသားပါ ..

1 comments:

ညီမလေး said...

ဒီ ကဗျာလေးကတော့ တကယ်မိုက်တယ်ရှင်။
တအားကြိုက်တယ်။ သဘောလည်းကျတယ်။

အယ်ဖိုး © 2008 Template by:
SkinCorner