Tuesday, August 31, 2010

Microsoft ပူးတွဲတည်ထောင်သူက နည်းပညာကုမ္ပဏီများကို တရားစွဲဆို

Bill Gates and Paul Allen
(ဘီလ်ဂိတ်နှင့် ပေါ်လ်အလန်)


Microsoft ကော်ပိုရေးရှင်းအား ပူးတွဲထူထောင်ခဲ့သူ တစ်ဦးက Apple၊ Google တို့ အပါအ၀င် နည်းပညာကုမ္ပဏီများအား တရားစွဲဆိုလိုက်ကြောင်း သိရသည်။ Microsoft ၏ ကနဦး ထူထောင်သူများအနက် တစ်ဦးဖြစ်သော ပေါလ်အလန်သည် မူပိုင်ခွင့်နှင့် ဆက်စပ်သော ချိုးဖောက်မှုများ ပြုလုပ်ခဲ့သည်ဆိုသော စွဲချက်ဖြင့် Apple၊ Google နှင့် အခြားသော နည်းပညာလုပ်ငန်း (၉)ခုတို့ကို တရားစွဲခဲ့ခြင်းဖြစ်သည်။ ဩဂုတ်လ (၂၇) ရက်နေ့တွင် အလန်က e-commerce နှင့် Online Browsing ကဏ္ဍများတွင် ယင်းကုမ္ပဏီကြီးများသည် ၎င်းထူထောင်ထားသော Interval Research ကော်ပိုရေးရှင်း၏ နည်းပညာ ဖန်တီးမှုများအပေါ် မူပိုင်ခွင့် ချိုးဖောက်ခဲ့ကြောင်း အလန်က စွပ်စွဲပြောကြားခဲ့သည်။

Wall Streetဂျာနယ်က ဖော်ပြချက်အရ အလန်တရားစွဲလိုက်သော ကုမ္ပဏီများမှာ ဒိပ်ဒိပ်ကြဲ အများအပြား ပါဝင်ပြီး Google၊ Appleတို့အပြင် AOL၊ Facebook၊ eBay၊ Netflix၊ Office Depot၊ OfficeMax၊ Yahoo၊ YouTubeနှင့် Saplesတို့ ဖြစ်ကြောင်း သိရသည်။ “သူ့အတွက်တော့ ဒီကိစ္စက အရေးကြီးတယ်လို့ အလန်က မထင်ပါဘူး။ ဒါပေမယ့် Interval Research အတွက်တော့ ကိုယ်တိုင်တီထွင်ခဲ့တဲ့ နည်းပညာပိုင်းအတွက် အကာအကွယ်ရမှ ဖြစ်ပါလိမ့်မယ်”ဟု အလန်၏ ကိုယ်ရေးအရာရှိက ပြောကြားခဲ့သည်။ “တီထွင်ဖန်တီးမှုမှာ တန်ဖိုးဆိုတာ ရှိပါတယ်။ မူပိုင်ခွင့်ဆိုတာ အဲဒီတန်ဖိုးကို ထိန်းသိမ်းပေးထားတာပါ”ဟု ယင်းက ဆက်လက်ပြောဆိုသွားသည်။ တရားစွဲဆိုမှုသည် e-commerceနှင့် Online Browsingဆိုင်ရာ မူပိုင်ခွင့် (၄) ခုအတွက်ဖြစ်ပြီး Microsoftက ယင်းတရားရေးကိစ္စနှင့် တိုက်ရိုက် ပတ်သက်မှု မရှိကြောင်း ကြေညာထားသည်။ အလန်သည် (၁၉၇၅) ခုနှစ်က Microsoftကို ဘီလ်ဂိတ်နှင့်အတူ တည်ထောင်ခဲ့ပြီး Programming Language တစ်ခုဖြစ်သော Altair BASIC ကို အတူတကွ Develop ပြုလုပ်ခဲ့သူဖြစ်သည်။

0 comments:

အယ်ဖိုး © 2008 Template by:
SkinCorner