Monday, September 27, 2010

Window မတင်တတ်သူများအတွက် Window XP Simulation

ကျွန်တော်တို့ ကွန်ပျူတာအခြေခံတတ်ပြီးသူများအနေနဲ့ ကိုယ်တိုင် window XP တစ်ခုကို တင်တတ်အောင်
Simulation လေးတစ်ခုပါ.. တကယ် window တင်ရတာနဲ့ထပ်တူနီးပါး ပါပဲ
အရင်ဆုံး Boot setting ထဲကိုဝင်တာ မပါတာကလွဲလို့ ကျန်တာအားလုံးနီးပါး တူပါတယ်…

အရင်ဆုံးအောက်ကပေးထားတဲ့ pdf file လေးနဲ့ e-book ကိုအရင်ဖတ်ကြည့်ပါ..
ပြီးရင်တော့ အဲဒီအောက်က ထပ်ပေးထားတဲ့ xp_simulation setup ကို download လုပ်ပြီး
xp_simulation ကို စတင်လုပ်ဆောင်နိုင်ပါပြီ…

ပထမဦးဆုံး Windows Xp Setup ကို click ပြီး Simulation ကို စတင်နိုင်ပါပြီ(အနီနဲ့ ၀ိုင်းထားပါတယ်)




သူ ဘာတွေလုပ်ခိုင်းတယ်ဆိုတာ စာလေးတွေကို သေချာဖတ်ပြီး ဖြည်းဖြည်းခြင်းလုပ်သွားရင်
အဆင်ပြေသွားမှာပါ…



အောက်က Product key နေရာမှာ ဘာမှထည့်စရာမလိုပါဘူး… next သာပေးလိုက်ပါ..



ဒါဆိုရင်တော့ Window XP Setup Simulation ပြီးဆုံးသွားပါပြီ… အဲဒီလိုပြီးဆုံးသွားရင်
Simulation သူ့အလိုလို ပိတ်သွားပါလိမ့်မယ်…

ဒီကောင်က Simulation တစ်ခုဖြစ်တဲ့အတွက် တကယ်ပုံမုန် run နေတဲ့ window ကို
ဘာမှထိခိုက်တာမရှိပါဘူး…..
ဒီကောင်လေးကို လုပ်လို့ အဆင်ပြေသွားရင်တော့ တကယ့် window ကိုကလိကြည့်ပေါ့ဗျာ…
တစ်ခုခုဖြစ်သွားရင်တော့ ကျွန်တော် မပါဘူးနော်..ဟဲဟဲ…လုပ်ကြည့်ပါ အဆင်ပြေမှာပါ
Attachments:

0 comments:

အယ်ဖိုး © 2008 Template by:
SkinCorner