Sunday, September 26, 2010

WOT Add-Ons (Web Of Trust)

အင်တာနက်စာမျက်နှာများကို ၀င်ကြည့်တဲ့ အခါ မိမိတို့ ၀င်ကြည့်မည့်ဆိုက် အန္တရာယ်ရှိ/ မရှိ အရောင်နဲ့ သတိပေးတဲ့ Forefox အတွက် WOT Add-ons-လေးပါ။ မိမိသည်ကို လာတဲ့ အီးမေးလ်၊ ဂူဂဲမှာ စာရှာတဲ့အခါ စသည်စသည် အင်တာနက် စာမျက်နှာအားလုံးအတွက် မိမိဝင်ကြည့်တဲ့ဆိုက် အန္တရာယ်ရှိ/ မရှိ ကြိုတင်သတိပေးပါလိမ့်မယ်။

၎င်း WOT Add-ons-လေး မိမိကွန်ပျူတာ Forefox-မှာ ထည့်ထားချင်ရင်....
၁။ https://addons.mozilla.org/en-US/firefox/addon/3456/
လင့်ခ်ကို သွားလိုက်ပါ
၂။ အဲဒီစာမျက်နှာမှာ WOT Add-ons-လေး မထည့်ခင် သတင်းလေး ဖတ်ချင်ရင် ဖက်လိုက်ပါ
၃။ သဘောကျရင် အောက်မှာ ပြထားသလိုမျိုး [Add to Firefox]-ဆိုတဲ့ ခလုတ်ကလေးကို နှိပ်လိုက်ပါ။


၎။ WOT Add-ons-လေး အင်စတောလုပ် ဘောက်စ်လေးကျလာမယ်၊ Install-ကို ကလစ်ကာ တင်လိုက်ပါ။
၅။ အင်စတောပြီးသွားရင် မိမိဖွင့်ထားတဲ့ Firefox-ကို restart-လုပ်ဖို့ box-တခုကလာမယ်၊ restart-ဆိုတဲ့ ခလုတ်လေးကစလ်ကာ မိမိဖွင့်ထားသော firefox=-ကို restart-လုပ်လိုက်ပါ။
အလုပ်လုပ်ပုံလေးတွေကတော့...
က။ အစိမ်းရောင် အန္တရာယ်မရှိတဲ့ဆိုက်တဲ့ဆိုတဲ့ အဓိပ္ပါယ်
ခ။ အ၀ါရောင် သံသယရှိတဲ့ဆိုက်ဆိုတဲ့ အဓိပ္ပါယ်
ဂ။ အနီရောင် Virus-စတဲ့ အန္တရာယ်ရှိတဲ့ဆိုက်ဆိုတဲ့ အဓိပ္ပါယ်...

Firefox-မှာ ပေါ်လာမည့် နေရာက အောက်ပါပုံများမှာ (၀ိုင်းပြထားတဲ့ နေရာကပြသလို/ ဂူဂဲကနေ စာစသည်ရှာတဲ့အခါမှာတော့ မိမိရှာလိုက်တဲ့ ဆိုက်လင့်ခ်လေးများရဲ့ ညာဘက်ဘေးကနေ WOT-ရဲ့ အရောင်လေးများနဲ့ ခွဲပြပါတယ်။)




ဒါက ဂူဂဲကနေ သီချင်းရိုတ်ရှာလို့ WOT-လေး အလုပ် လုပ်ပုံပါ....။ အီးမေးလ်မှာပေါ်ပုံတော့ မိမိတို့ မေးလ်ဝင်စစ်တဲ့အခါ တွေ့မှာပါ...။ သတိထားရှောင်လို့ရတဲ့ နည်းလေးပါ...။

0 comments:

အယ်ဖိုး © 2008 Template by:
SkinCorner