Wednesday, December 1, 2010

မိုက်ခရိုဆောဖ် ၀ဲ များ အား ကိုးဆယ်ရာခိုင်နှုန်း လျှော့ ဈေး နှင့်ဘလောက်ဂါ များ ၀င်ငွေ ရနိုင်သည့် Alert Pay


 

မိုက်ခရို ဆောဖ် ကုမ္ပဏီမှ ထုတ်ဝေသည့် ၀င်းဒိုး
ဆောဖ် ၀ဲ အပြင် မိုက်ခရို ဆောဖ် Office အုပ်စု မှ
Power Point ,Publisher ,Word, Excel အစရှိသည့်
ဆော်ဝဲ များ ကို အဆင့်မြင့် ပညာသင်ကြားနေ သော
ကျောင်းသားများ အား ၉၁ ရာခိုင်နှုန်း လျှော့ဈေးဖြင့်
ရောင်းချမည့် အစီအစဉ် အား မိုက်ခရိုဆောဖ်ဝဘ်ဆိုတ်
တွင် သတင်း ထုတ်ပြန် ထားသည်။အမေရိကန် သို့ မဟုတ် ကမ္ဘာ တ၀ှမ်း ရှိတက္ကသိုလ် ပညာ သင် ကြားနေ သည့် ကျောင်းသား များအတွက် Windows 7 Professional အား၆၄.၉၅ ဒေါ်လာ နှင့် ရောင်းချပေး မည် ဖြစ်ပြီး ၊Word ,Publisherအပါအ၀င် Application ၉ မျိုး ပါဝင်မည့် Office Ultimate2007 အား ၅၉.၉၅ ဒေါ်လာ နှင့် ရောင်းချပေးမည်ဖြစ်သည်။မိုက်ခရို ဆောဖ် မှ ရောင်းချမည့် ကျောင်းသား များ အား ရောင်းချမည့် အစီအစဉ် တွင် ၀ယ်ယူမည့်သူ ပညာရပ်ဆိုင်ရာ အဖွဲ့ အစည်း ၏ အီးမေး ဖြစ်သည့် .edu ဖြင့် ဆုံးသည့် အီးမေး (ဥပမာ Berkeley.edu )ဖြင့် မှတ် ပုံတင်ရမည် ဖြစ်သည်။ ကျန် လုပ်ဆောင်ရမည့် အဆင့် များ တွင် ကျောင်းနာမည် ၊ကျောင်းသား ကဒ်နံပါတ် အား မိုက်ခရိုဆောဖ် ၏ သက် ဆိုင်ရာ နေရာ တွင် ဖြည့် စွက်ပြီး ပါက မိုက်ခရိုဆောဖ် မှ သက်ဆိုင်ရာဆောဖ် ၀ဲ အား ဒေါင်းလုပ်လုပ် ယူ နိုင်သည့် လင့် နှင့် ကီးဝဒ် တို့ အား သင်မှတ်ပုံ တင် လိုက်သည့် အီးမေးလိပ်စာ ထဲ သို့  မိနစ် အနည်းငယ် အတွင်း ပြန် ပို့ ပေးမည် ဖြစ်သည်။
ဘလောက်ဂါ များ အတွက် အပိုဝင်ငွေ ရှာပေး နိုင်သောအစီအစဉ် တစ်ခု အား ကနေဒါ နိုင်ငံ အခြေစိုက် ALERT PAY ကုမ္ပဏီ က တီထွင် လိုက်သည်။ Alert Pay သည့် ထင်ရှားသည့် အွန် လိုင်း ငွေကြေး ပေးချေမှု
စနစ် တစ်ခု ဖြစ်သည့် Pay Pal ကဲ့သို့ ပင် အွန်လိုင်း ငွေကြေး ကောက်ခံမှု ၊ပေးချေမှု ၊လွှဲ ပြောင်းမှု တို့ ကို လုပ်
ပေး နိုင်သသည်။ Alert Pay တွင် မည်သူ မဆို အခမဲ အကောင့် တစ်ခု ဖွင့် နိုင်ပြီး ထိုကဲ့ သို့ ဖွင့် လှစ်လိုက်
သော Alert Pay အကောင့် ၏ Earn Money တွင် ရှိ သော လင့် ကို သင်၏ ၀ဘ်ဆိုတ် ၊ဖိုရမ်၊ဘလောက်၊
E-portfolio တို့ တွင် ချိတ် ဆက် ထားပါက သင့် URL မှ တစ်ဆင့် ထပ်မံ ၍ Personel Pro (သို့ မဟုတ်) Business အကောင့် ဖွင့် လိုက်သည် နှင့် သင်သည်  တစ်ဒေါ်လာ ရရှိမည် ဖြစ်သည်။
မိုက်ခရီုဆော်ဖ် ၏ ၉၁ ရာခိုင်နှုန်းလျှော့ ဈေးပေးသည့် လင့် အား ဤနေရာတွင် နှိပ်ပါ
Alert Pay လင့် အား ဤနေရာတွင် နှိပ်ပါ
Referrals must open an AlertPay Personal Pro or Business account.
Referrals must transact $250.00 (sending and/or receiving).
After your 10th referral, we will pay you $10.00 a referral.
Self-referrals, or referrals from the same IP address, will not be paid out.

0 comments:

အယ်ဖိုး © 2008 Template by:
SkinCorner