Wednesday, December 1, 2010

Face Book မှ အခမဲ့ အီးမေး ၀န်ဆောင်မှု ကို စတင်

အင်တာနက် လူမှု ကွန်ယက် တစ်ခု ဖြစ်သည့် Face Book account ရှိသူတိုင်း @facebook.com
ဆိသည့် အင်တာနက် အီးမေး တစ်ခု ဖွင့် နိုင်တော့ မည် ဟု Face Book ကုမ္ပဏီ မှ သတင်းထုတ်ပြန်
သည်။Modern Messaging System ဟုတင် စား ထားသည့် Face Book သည် ယခုလ ၁၄ ရက်နေ့ မှ စတင်
၍ စမ်းသပ် သုံးစွဲ ၍ ရနေပြီ ဖြစ်ကာ မိမိ ၏  Face Book  ကွန်ယက် အတွင်းရှိ သူများ သာမက အခြား
သူများ နှင့် ပါ ဆက်သွယ် နိုင်မည် ဟု သိရသည်။Facebook အီးမေးအား ရက်အနည်းငယ် အတွင်း စတင်သုံးစွဲ နိုင်မည် ဖြစ်ကာ လူဦးရေ သန်း၅၀၀ ကျော်ရှိသည့် Face Book သုံးစွဲ သူများ ကြောင့် ထို အီးမေးအသစ်သည် google mail,hot mail,yahoo mail နှင့် aol mail တို့ ကို စိန် ခေါ်လာ နိုင်သည် ဟု သိရသည်။
face book ၏ အခမဲ့ အီးမေး သည် မိမိကြိုက် နှစ် သက်ရာ နာမည် နှင့် ယှဉ်တွဲပြီး ဖွင့် နိုင်သည် ဟု သိရသည်။
ဥပမာ.. killerthanshwe@facebook.com နှင့်  ချီးပေ သိန်းလင်း chepaetheinlin@facebook.comမျိုး မိမိ ကြိုက် နှစ် သက်သည့် နာမည် ယှဉ်တွဲ ယူနိုင်သည် ဟု သိရသည်။နိုင်ငံတကာတွင် hot mail သုံးစွဲသူ ၃၆၂ သန်း၊ yahoo mail  သုံးစွဲသူ ၂၇၃ သန်း နှင့် gmail သုံးစွဲသူ၁၉၃ သန်း ကျော်ရှိသည်။ဆန်ဖရန် စစ္စကို ဉ် ပြုလုပ်ခဲ့သည့် Face Book ၏ သတင်းစာရှင်းလင်း ပွဲဉ် CEO ဖြစ်သူ မာတ်(ခ)ဇူကာဘာင်္ဂက Face Book အီးမေးသည် သည် သမရိုးကျ အီးမေး များ နှင့် ကွဲပြားခြား နားမည် ဖြစ်ပြီးအီးမေး ကဲ့သို့ မဟုတ် ပဲ အီးမေး၏ လုပ်ဆောင်မှု များ ထက် စွမ်းဆောင်ရည် ပိုမို ပါဝင်သည် ဟုသိရသည်။ဖေ့ဘွတ် မက်ဆေခ်ျ့  ပို့ စနစ် တွင် အီးမေးသည် အစိတ် အပိုင်း တစ်ခု သာဖြစ်ပြီး ဖေ့ဘွတ်က ကမ္ဘာ့ အီးမေးပို့ စနစ် ကို ပြောင်း လဲလိုက်ခြင်း ဖြစ်သည် ဟု ဆိုသည်။
ဖေ့ဘွတ် အီးမေးအား ၁၅ လ အချိန် ယူကာ ဆောင်ရွက် ခဲ့သည်။ မြန်မာ လူငယ်တို့ အသုံးများဆုံးအီးမေး စနစ်မှ  Google အီးမေး စနစ် ဖြစ်သည်။
ဖေ့ဘွတ် အီးမေး အကောင့် ဖွင့်ပုံ အဆင့်ဆင့် ကို ဤနေရာတွင် ကြည့်ပါ

0 comments:

အယ်ဖိုး © 2008 Template by:
SkinCorner