Monday, December 13, 2010

Google ၏ နောက်ထပ် ၀န်ဆောင်မှု တစ်ခု ဖြစ်သော Google Message Continuity

Google Message Continuity
မကြာသေးမီ ရက်ပိုင်း အတွင်း Google မှ Google Message Continuity ဟု ခေါ်သော ၀န်ဆောင်မှု အသစ်ကို မိတ်ဆက်ပေးခဲ့ ပါတယ်။
အဆိုပါ ၀န်ဆောင်မှု သည် အသုံးပြုသူများ အနေဖြင့် Microsoft Exchange Server ပေါ်တွင် ထားရှိသော မိမိ Message Data များကို Gmail နှင့် ချိတ် ဆက်အသုံးပြု ခြင်းပဲ ဖြစ်ပါတယ်။ ယခု အခါတွင် Cloud နည်းစနစ် အခြေခံ Messaging ၀န်ဆောင်မှု ဖြစ်သော Gmail မှာ အလွန်နာမည် ကြီးလျှက် ရှိနေပြီး အသုံးဝင်ဆုံး Messaging Platform တစ်ခု အနေနှင့်လည်း သတ်မှတ်ခြင်း ခံထားရပြီး ဖြစ်ပါတယ်။
Google Message Continuity မှာ Microsoft ၏ Exchange Server များ ပေါ်တွင် ထားရှိထားသော မိမိ၏ Local e-mail account များကို Cloud နည်းစနစ် ၏ အဓိက ပြယုဒ် များ ဖြစ်သော Gmail ၊ Google Calender နှင့် Google Contacts တို့ကို ချိတ်ဆက်သွား မှာ ဖြစ်ပါတယ်။ ထိုကဲ့သို့ ချိတ်ဆက်ရခြင်း ၏ အဓိက ရည်ရွယ်ချက်မှာ Microsoft Exchange Server မှာ တစ်စုံတစ်ရာ အန္တရယ်များ ကြောင့် Server ကျမှု ဖြစ်ပွါးခဲ့ပါက အသုံးပြုသူများ မှာ Gmail သို့ အလွယ်တကူ Log-in ၀င်ရောက်ကာ မိမိ ၏ local e-mail account ကို ဆက်လက် အလုပ်လုပ်နိုင်မှာ ဖြစ်ပါတယ်။
Google ၏ တရားဝင် blog မှ ‘e-mail စနစ်များကို ကျယ်ကျယ် ပြန့်ပြန့် လက်ခံ အသုံးပြုခွင့်ပေးလျှက်ရှိသော Microsoft Exchange Server များကဲ့သို့ အဖွဲ့အစည်းကြီးများ မှာလည်း တစ်ခါတစ်ရံ အမှား အယွင်းများ ဖြစ်ပေါ်နိုင်ကြောင်း ၊ ထိုကဲ့သို့ ဖြစ်ပွါးခဲ့ပါက အသုံးပြုသူများ အနေဖြင့်လည်း မိမိ e-mail ကိုပင် ၀င်ရောက် ကြည့်ရှု နိုင်တော့မှာ မဟုတ်ကြောင်း ၊ e-mail များ အလုပ်လုပ် နိုင်ခြင်း ရှိတော့မှာ မဟုတ်တဲ့ အတွက် ကုမ္ပဏီ တစ်ခု အနေဖြင့် များများ စားစား ဆုံးရှုံးမှု ဖြစ်နိုင်ကြောင်း နှင့် ထို အန္တရယ် ကိုဟန့်တား ရန်အတွက် Google Message Continuity ကို ထုတ်လုပ်လိုက် ခြင်း ဖြစ်ကြောင်း’ ရှင်းလင်း တင်ပြ သွားပါတယ်။
ထိုကဲ့သို့ ချိတ်ဆက် အသုံးပြုခြင်းကြောင့် Microsoft Exchange Server ပေါ်ရှိ e-mail များမှာ ပျက်စီး ပျောက်ဆုံး ခြင်း မရှိတော့ ပဲ Data များ ကိုလည်း Back Up လုပ်ပြီးသား ဖြစ်ကြောင်း သိရပါတယ်။ Gmail နှင့် ချိတ်ဆက် အသုံးပြုခြင်း ဖြစ်သောကြောင့် Google မှ အသုံးပြုသူများ ကို Gmail ၏ User Interface အတိုင်း ဖော်ပြ ပေးသွား မှာ ဖြစ်ပါတယ်။
အစိုးရ အဖွဲ့အစည်း ကြီးများ အပါအ၀င် ကုမ္ပဏီ အဖွဲ့အစည်း တော်တော်များ များ မှလည်း Microsoft Exchange Server ပေါ်တွင် အလုပ်လုပ်လျှက် ရှိနေကြပါတယ်။ ထို့ကြောင့် ယခု ကဲ့သို့ Cloud အခြေခံ Gmail နှင့် ချိတ်ဆက်ထားခြင်း ကြောင့် ပျက်စီး ဆုံးရှုံမှုများ ဖြစ်ပေါ်တော့မည် မဟုတ်ပဲ သင့်တင့် မျှတတဲ့ ဈေးနှုန်းဖြင့် မိမိ ၏ mail Data များကို ရရှိနိုင်တော့မှာ ဖြစ်ပါတယ်။
Google Message Continuity ၀န်ဆောင်မှု အတွက် ပထမ နှစ် အစဦးစွာ လုပ်ပါက တစ်ဦးလျှင် US$25 ကျသင့်မှာ ဖြစ်ပြီး နောက်တစ်နှစ် ဆက်လက် ရယူမည် ဆိုပါက US$13 သာကျသင့် တော့မှာ ဖြစ်ကြောင်း သိရပါတယ်။

0 comments:

အယ်ဖိုး © 2008 Template by:
SkinCorner