Monday, December 13, 2010

ကမ္ဘာ့အမြန်ဆုံး Nvidia GTX 580 Graphic Card

Nvidia GTX 580

Desktop PC များ ၊ Notebook များ နှင့် Mobile Devices များ အတွက် Graphic Card များ အဓိက ထုတ်လုပ် ပေးနေသော Nvidia မှ ယခုအခါ တွင် ကမ္ဘာပေါ်တွင် အမြန်ဆုံး ဖြစ်သော Nvidia GTX 580 Graphic Card ကို ထုတ်လုပ် လိုက်ပြီ ဖြစ်ပါတယ်။
ယခု အချိန်တွင် Graphic Card ထုတ်လုပ်ရေး ကုမ္ပဏီ နှစ်ခု ဖြစ်သော Nvidia နှင့် AMD တို့သည် အပြိုင်အဆိုင် ဖြစ်နေပြီး ယခု GTX 580 မှာ US$ 500 ကျသင့် နေခြင်း ကြောင့် Graphic Card ဈေးကွက် အတွင်း ထိပ်ဆုံး မှ ရပ်တည်လျှက် ရှိနေပါတယ်။ ဈေးနှုန်းမှာ အလွန်မြင့်မား နေသည့် အတိုင်း GTX 580 မှာ လည်း ကမ္ဘာပေါ်တွင် အမြန်ဆုံး Graphic Card ဆုကို ရရှိထားပါတယ်။
GTX 580 တွင် GPU တစ်ခု တည်းပါဝင်ပြီး Memory ပမာဏ မှာတော့ 1536 MB ရှိပါတယ်။ Core Clock Speed မှာ 772 MHz ရှိသော ကြောင့် ယခင် ရှိနှင့် ပြီးသား GTX 480 ထက် ပိုမို သာလွန် ပါတယ်။ Memory Clock Speed မှာ 1.02GHz ရှိပြီး Bus Width မှာ 384 bit ရှိသော ကြောင့် အခြား ထုတ်လုပ် ထားပြီး ဖြစ်သော မည်သည့် Graphic Card များ ထက်မဆို သာလွန်ပါတယ်။
ယခင် ကာလများ တွင် AMD မှ ATI Radeon HD5870 မှာ GTX 580 ၏ လက်ရှိ Core Clock Speed နှင့် Memory Clock Speed တို့ကို အမှီလိုက် နိုင်ပါတယ်။ Radeon HD5870 ဟာ AMD ၏ GPU တစ်ခုတည်း သုံး အမြန်ဆုံး Graphic Card ထဲတွင် အပါအ၀င် ဖြစ်ပါတယ်။ တစ်ခြား ATI Graphic Card အမျိုးအစား ဖြစ်သော Radeon HD 5970 မှာ Memory ပမာဏ 2048 MB ရှိခြင်း နှင့် Transistor ပမာဏများ များပြား ခြင်း တို့ကြောင့် အမြန်ဆုံး ဖြစ်ခဲ့ သော်လည်း ဈေးနှုန်းမှာ US$ 650 ရှိတဲ့ အတွက် အလွန်ဈေးမြင့်သော Graphic Card အဖြစ်သတ်မှတ်ခံခဲ့ ရပါတယ်။ ထို့အပြင် HD 5970 မှာ အပူချိန် အလွန်များပြီး လေးလံ သော ကြောင့် အလျှင်မြန်ဆုံး ဖြစ်ခဲ့သော်လည်း Nvidia GTX 480 လောက် လူကြိုက် များခြင်း မရှိခဲ့ပါဘူး။
GTX 580 သည် ထုတ်လုပ် ထားပြီး ဖြစ်သော GTX 480 နှင့် အလွန်အမင်း ကွားခြားမှု မရှိကြောင်း သိရပါတယ်။ GTX 480 တွင် Nvidia မှ CUDA Core ဟု ခေါ်ဆိုသော GF 100 ၏ Shader များ ပါဝင်ပြီး ယခု GTX 580 မှာတော့ ပိုမို အဆင့်မြင့်သော GF 110 chipset ပါဝင်လာမှာ ဖြစ်ပါတယ်။ GF 100 နှင့် GF 110 တို့သည် အနီးစပ်ဆုံး တူညီ ကြသော်လည်း ယခု GF110 တွင် GF 100 တွင် ဖြစ်သကဲ့သို့ Shader များ Disable ဖြစ်နေခြင်း မျိုး ဖြစ်တော့မှာ မဟုတ်ကြောင်း သိရပါတယ်။ နှိုင်းယှဉ် ချက်များ အရ Nvidia Graphic Card များ ၏ Shader အလုပ်လုပ်ပုံ နှင့် AMD Graphic Card များ၏ အလုပ်လုပ် ဆောင်ပုံ မှာမတူညီပဲ Nvidia ၏ Shader တစ်ခုချင်းစီ အလုပ်လုပ်ဆောင် ပုံမှာ AMD ထက် သာလွန်ကြောင်း သိရပါတယ်။
သတင်းဌာန များ၏ လေ့လာချက်များ အရ GTX 580 မှာ ဈေးနှုန်း မြင့်မား သော်လည်း GTX 480 ၏ လိုအပ်ချက် များစွာ ကို အကောင်းဆုံး ဖာထေး ပေးနိုင်ပြီး ၄င်း၏ ဆိုးရွားသော အချက်မှာ Display Port မပါဝင် လာခြင်း ပဲဖြစ်ပါတယ်။ Display Port အစား mini-HDMI port နှင့် DVI connector များ သာ ပါဝင်သော အချိန်တွင် AMD ၏ Graphic Card အားလုံးတွင် Display Port များ အကုန်ပါဝင်နေခြင်း မှာ Nvidia အတွက် အဓိက ထိုးနှက်ချက်ပင် ဖြစ်ကြောင်း တင်ပြ လိုက်ရပါတယ်။

0 comments:

အယ်ဖိုး © 2008 Template by:
SkinCorner