Tuesday, January 25, 2011

Apple မှ iPhone 5 အား ၂၀၁၁ခုနှစ် အစောပိုင်း ကာလများ တွင် ထုတ်လုပ်သွားဖွယ် ရှိ

Will iPhone 5 launched in this summer?
Apple မှ ၂၀၁၁ ခုနှစ် အတွင်း ထုတ်ကုန် အသစ် အဖြစ် iPad 2 ကို ထုတ်လုပ် သွားမည် ဟု ကြော်ငြာ ထားခြင်း ကို လူအများ မှ စိတ်ဝင်စား နေကြပါတယ်။ ထိုသို့ စိတ်ဝင်စား နေသော အချက်များ မှာiPad 2 ဟာ အရင် iPad ထက် ပိုမို ပါးလျသွားနိုင်မည်၊ ပိုမို မြန်ဆန်စွာ အလုပ်လုပ် သွားနိုင်မည် နှင့် Camera များ ပါဝင်လာနိုင်သည် ဆိုသော အချက်တွေကို ကြော်ငြာထားခြင်း ကြောင့် ဖြစ်ပါတယ်။
သို့သော်လည်း အများမှ သတိမထားမိသော အချက်မှာ Apple မှ ၂၀၁၁ ခုနှစ် အတွင်း iPad 2 တစ်ခု ထဲ မဟုတ်ပဲ iPhone 5 ကိုလည်း ထုတ်လုပ်သွား မှာ ဖြစ်တယ် ဆိုတာပါပဲ။ ကျွမ်းကျင်သူများ၏ အဆိုအရ Apple မှ ၄င်း၏ ကုန်ပစ္စည်း အသစ်များ ကို June လပိုင်းတွင်သာ အများထံသို့ မိတ်ဆက်ပြသလေ့ ရှိသဖြင့် iPhone 5 ကိုလည်း Apple မှ June လ အတွင်း ထုတ်လုပ် သွားနိုင်ကြောင်း ဆိုထားပါတယ်။
အဆိုပါ သတင်းများ ကို ခိုင်လုံကြောင်း သက်သေပြ နေသော အချက်မှာ မကြာသေးမီကာလအတွင်း Apple မှ ၄င်း၏ ထုတ်ကုန်များ အတွက် ဆက်စပ်ပစ္စည်းများ ထုတ်လုပ်ခြင်း နေရာတွင် Foxconn ကုမ္ပဏီအား ထည့်သွင်းထားပြီး Foxconn ပိုင် Foxlink မှလည်း iPhone 5 အတွက် earphone များ စတင်ထုတ်လုပ် နေပြီ ဖြစ်ကြောင်း သတင်းများမှ ဆိုထားပါတယ်။
ထပ်မံကာ သတင်းများအရ Apple မှ iPhone 5 အတွင်း ၄င်း၏ CPU အသစ်ဖြစ်သော A5 CPU ကိုထည့်သွင်း သွားမှာ ဖြစ်ပြီး ၄င်း processor ဟာလည်း multi-core processor ဖြစ်ကြောင်း သိရပါတယ်။ ထိုကဲ့သို့ သော CPU သာမက Apple မှ iPhone 5 အား Graphic အနေဖြင့် ၄င်း၏ dual-core  အသစ်ကို ထည့်သွင်း သွား မှာ ဖြစ်ပြီး အဆိုပါ dual-core ထည့်သွင်း ထားခြင်းဖြင့် iPhone 5 အတွင်း 1080p video recording ကိုရရှိသွားမှာ ဖြစ်သလို output video ၏ အရည်အသွေးမှာလည်း HDMI ဖြစ်သွားမှာ ဖြစ်ပါတယ်။
ထို့အပြင် Apple မှ ယခု အခါ iOS 4.3 ကို beta ထုတ်လုပ်ထားခြင်း ကြောင့် ၄င်း၏ version အပြည့်အစုံ ကိုလည်း iPhone 5 အတွင်း ထည့်သွင်းသွား နိုင်ပြီး Apple မှ Feature အသစ်ဖြစ်သော Media Streaming ကို ရရှိသွားမှာ ဖြစ်ပါတယ်။ Media Streaming ၏ အကျိုးကျေးဇူးကတော့ iPhone 5 မှ တစ်ဆင့် Social Networking များကို လွတ်လပ်စွာ သုံးစွဲခွင့် ရရှိသွားမှာ ဖြစ်ပါတယ်။ တစ်နည်းအား ဖြင့် Photo Gallery များ ဆောက်ထားရုံ သက်သက် မဟုတ်တော့ပဲ တစ်ခြားလူများ ၏ iPhoto ကိုလည်း Comment ပေးသွားနိုင်ခြင်း၊ subscribe လုပ်သွား နိုင်ခြင်း စသဖြင့် Social Networking နှင့် ဆိုင်သော Feature များကို ရရှိသွားမှာ ဖြစ်ပါတယ်။
အဆိုပါ Features များသာမက iPhone 4 နှင့် ကွဲလွဲသော ဒီဇိုင်းကိုလည်း ထုတ်လုပ် သွားဖွယ်ရှိပြီး နောက်ဆုံး အနေဖြင့် Mac အသုံးပြုသူများ မှာ နောက်ဆုံး OS ဖြစ်သော Mac OS X Lion ကို တင်ထားပါက iPhone 5 နှင့် ပါ ချိတ်ဆက် အသုံးပြု သွားနိုင်မှာ ဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။

0 comments:

အယ်ဖိုး © 2008 Template by:
SkinCorner