Thursday, January 20, 2011

Apple မှ Steve Jobs ကျန်းမာရေး အခြေအနေ များကြောင့် ခေတ္တ အနားယူ မည်

Steve Jobs Takes Medical Leave of Absence Again
Apple ကုမ္ပဏီ ၏ CEO ဖြစ်သူ Steve Jobs မှာ ကျန်းမာရေး အခြေ အနေ များ ကြောင့် Apple မှ ခေတ္တ အနားယူသွား မှာ ဖြစ်ပြီး ၄င်း၏ နေရာ၌ Apple ၏ Chief Operating Officer (COO) ဖြစ်သူ Tim Cook သို့ လွှဲ ပြောင်းလိုက် ပြီ ဖြစ်ကြောင်း သိရပါတယ်။
Apple မှာ ယခု နှစ် အတွင်း နာမည်ကြီး ထုတ်ကုန် များကို ထုတ်လုပ် သွားမည် ဟု ကြော်ငြာ ထားပြီး ယခုလို Steve Jobs မှ အနားယူမှာ ဖြစ်ကြောင်း ကြော်ငြာ လိုက်ခြင်းဟာ လူအများ အတွက် အံ့အား သင့်စရာ ဖြစ် နေပါတယ်။
Steve Jobs မှာ ကင်ဆာ ရောဂါ ကို 2004 ခုနှစ် အတွင်း စတင်ခံစား ခဲ့ရပြီး 2009 ခုနှစ် တွင်တော့ အထက်ပါ ကဲ့သို့ Apple မှ အနားယူ ခဲ့ပါတယ်။ ထိုအချိန်များ တွင်လည်း Apple အား Tim Cook ကိုပင် တာဝန်များ လွှဲခဲ့ ပေးပြီး June လ 2009 နှစ် တွင်တော့ Apple ၏ CEO တာဝန် ကို ပြန်လည် ယူခဲ့ပါတယ်။
Apple  ၀န်ထမ်းများ အား Steve Jobs ၏ ပေးစာ တွင် ၄င်းအနေဖြင့် Tim Cook အား Apple ၏ နောင်လာမည့် နေ့ရက် များ အတွက် တာဝန် ယူစေ လိုကြောင်း၊ ကုမ္ပဏီမှ တာဝန် ရှိသူများ မှ ယခု လို ကျန်းမာရေး ကိစ္စ အတွက် ခွင့် ရက်ရှည် ပေးခြင်း ကို ကျေးဇူးတင် ရှိ ကြောင်း နှင့် ၄င်းမှာ CEO အဖြစ် နေဦး မည် ဖြစ်ပြီး ကုမ္ပဏီ ၏ အရေးကြီး သော ဆုံးဖြတ် ချက်များ ကို လုပ်ဆောင် သွား မှာ ဖြစ်ကြောင်း ပြောကြား ထားပါတယ်။
ထို့အပြင် ၄င်းမှ Tim Cook နှင့် ကျန်ရှိသော ၀န်ထမ်းများ အားလုံးမှာ Apple တွင် ဆိုင်ရာ ဆိုင်ရာ တာဝန် များ ကို အောင်မြင်စွာ ထမ်းဆောင် နိုင်မည် ဟု ယုံကြည်ကြောင်း နှင့် 2011 ခုနှစ် အတွင်း စီစဉ် ထားသော စိတ်ဝင်စား ဖွယ်ကောင်းသည့် အစီအစဉ် များကိုလည်း အောင်မြင်စွာ လုပ်ဆောင် နိုင်မည် ဟု ယုံကြည် ကြောင်း ပြောကြား သွားပါတယ်။
ယခု လို Steve Jobs ၏ အနားယူ ခြင်း အတွက် Apple နှင့် Steve Jobs တို့မှာ မည်မျှ ကြာမြင့်မည် ကို တရားဝင် မကြော်ငြာ ထားပဲ Steve Jobs မှာလည်း Apple မှ အနားယူ ခြင်းမှာ ၄င်း၏ ကျန်းမာရေး ကြောင့် ဖြစ်ခြင်း အတွက် သတင်းမီဒီယာ များသို့ အနားယူခြင်း မည်မျှ ကြာမြင့်မည့် ကို မပြောကြား လိုကြောင်း သိရပါတယ်။
Apple မှ Steve Jobs အနားယူ လိုက်ခြင်း ၏ နောက်ဆက်တွဲ အကျိုးဆက် ကတော့ Apple ၏ စတော့ ရှယ်ယာ ဈေးကွက်မှာ ၈ ရာခိုင်နှုန်း အထိ ကျဆင်း သွား ပြီး Apple အတွင်း ရင်းနှီး မြုပ်နှံ ထားသော ကုမ္ပဏီ အများ စု မှာလဲ Steve Jobs မရှိ တော့သည့် အတွက် ကုမ္ပဏီ အား ယုံကြည် မှု နည်းပါး သွားကြောင်း သိရပါတယ်။
နောက်ဆုံး ရသတင်း များ အရ Apple ၏ သတင်းဌာန မှ Steve Jobs နှင့် ပတ်သက် သည့် မည့်သည့် ကိစ္စ ကိုမှ ဖြေကြား ခြင်း မပြုတော့ ကြောင်း တင်ပြ လိုက်ရ ပါတယ်။

0 comments:

အယ်ဖိုး © 2008 Template by:
SkinCorner