Sunday, January 30, 2011

Facebook ၏ Email ၀န်ဆောင်မှု အသစ်ရရှိနေပြီဖြစ်


Facebook New Email Service
အများမှ မျှော်လင့်စောင့်စားပြီး တစ်ကယ်ဖြစ်မဖြစ် စောင့်ကြည့်ခဲ့ရသော Facebook ၏ Email ၀န်ဆောင်မှု အသစ်အား ယခုရရှိနေပြီဖြစ်ပါတယ်။
အဆိုပါ ၀န်ဆောင်မှုအသစ်မှာ မိမိ Facebook အကောင့်ရှိ Messages၊ Chat နှင့် Text တို့အားလုံးအား ပေါင်းစပ်ပေးသွားမှာ ဖြစ်ပြီး ၄င်းတို့ကို တစ်ပြိုင်နက်တည်း စစ်ဆေးလို့ရရှိသွားမှာ ဖြစ်ပါတယ်။ ထို့အပြင် Messages များကို ခွဲခြားပေးတဲ့ အတွက် မည်သည့် Messsage အမျိုးအစားဟု လိုက်လံ မှတ်သား ထားစရာ မလိုတော့ပဲ တစ်နေရာထဲတွင် ကြည့်ရှုလို့ ရရှိသွားနိုင်မှာ ဖြစ်ပါတယ်။
အဆိုပါ Facebook Messages များဟာ လတ်တလော လူသုံးများလျှက်ရှိသော Gmail၊ Hotmail နှင့် Yahoo mail တို့နှင့်လည်း အဆင်ပြေစွာ အသုံးပြုသွား နိုင်ပါတယ်။ လူအများမှ အဆိုပါ အသုံးပြုနေကျ mail များကို အသုံးပြုပြီး မိမိ၏ Facebook mail အား mail ပို့ပါက မိမိ ၏ Message box ထဲသို့ရောက်ရှိနေမည် ဖြစ်ပြီး၊ မိမိမှလည်း အဆိုပါ mail များကို mail ပို့ပါက Facebook Message အသွင်ဖြင့် ရောက်ရှိသွားမှာ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် mail အတွင်း မိမိ၏ Facebook Profile ပုံ၊ နာမည် နှင့် Message တို့ကို ဆိုလိုခြင်း ဖြစ်ပါတယ်။ Facebook မှ အာမခံထားတာကတော့ တစ်ခြား Mail များ၏ Address မှာ ပြောင်းချင် ပြောင်းသွား နိုင်သော်လည်း ၄င်းတို့၏ @Facebook.com မှာတော့ ဘယ်တော့မှ ပြောင်းလဲ သွားမှာ မဟုတ်ကြောင်း ပြောကြားထားပါတယ။်
Facebook ၏ Email ၀န်ဆောင်မှု အသစ်ကို ရယူလိုပါက Message ဆိုတဲ့နေရာလေး ကို ၀င်ရမှာ ဖြစ်ပါတယ်။ အမြဲတမ်းအသုံးပြုနေကျ လူများ ကိုတော့ Facebook မှ Notification ပြထားမှာပါ။ ထို့နောက် Message ထဲ ရောက်ပါက အပေါ်တွင် Claim Your Facebook Email ဆိုတာကို နှိပ်သွားရမှာ ဖြစ်ပါတယ်။ ထို့နောက် Facebook မှ မိမိ၏ Profile Name ကို အလိုအလျှောက်စစ်ဆေးပေးကာ ရရှိနိုင်မည့် နာမည်ကို ရွေးချယ်သွား စေမှာ ဖြစ်ပါတယ်။ Facebook မှ ပေးသော နာမည်ကို မကြိုက်ပါကလည်း မိမိ ကြိုက်နှစ်သက်ရာ နာမည်ကို ပေးသွား နိုင်ပါတယ်။
ထို့အတွက်ကြောင့် example@facebook.com ဆိုတဲ့ Email Address အသစ်တစ်ခု ကိုရယူကာ တရားဝင်သုံးစွဲ နိုင်ပြီ ဖြစ်ပြီး mail ပို့လိုပါကလည်း message ပို့သည့်အတိုင်း new message ကို နှိပ်သွားရမှာ ဖြစ်ကာ To နေရာတွင် မိမိ ပို့လိုသော Mail အကောင့်ကို ရိုက်ထည့်ရင်း ပို့သွား နိုင်ပြီ ဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။

0 comments:

အယ်ဖိုး © 2008 Template by:
SkinCorner