Tuesday, January 11, 2011

Facebook အား ဖျက်သိမ်းတော့မည် ဟု သတင်းများ ထွက်ပေါ်


Will Facebook shut down?
မကြာသေးမီ ရက်ပိုင်း အတွင်း ထွက်ရှိလာတဲ့ သတင်း ကို ကြားမိ သူများ ကတော့ အတော်လေး ဇဝေဇ၀ါ ဖြစ်သွား နိုင်မှာ ဖြစ်ပါတယ်။ အဆိုပါ သတင်းကတော့ ကမ္ဘာပေါ် ရှိ လူသန်းပေါင်း ၅၀၀ ကျော် နေ့စဉ် နှင့် အမျှ သုံးစွဲ နေကြတဲ့ Facebook ကို March လ အတွင်း ဖျက်သိမ်း သွားတော့ မှာ ဖြစ်တယ် ဆိုတာ ပါပဲ။
အဆိုပါ သတင်း အတွင်း ဖော်ပြ ထားတာ ကတော့ Facebook တည်ထောင်သူ Mark Zuckerberg မှ Facebook အား March လ အတွင်း ဖျက်သိမ်း သွားတော့မှာ ဖြစ်ကြောင်း ၄င်းအနေဖြင့် ကုမ္ပဏီ အား ဆက်လက် ထိန်းသိမ်း လိုစိတ် မရှိတော့ ကြောင်း နှင့် Facebook ၏ ရှုပ်ထွေးမှု မျိုးစုံ ကို အဆုံးသတ် သွားတော့မှာ ဖြစ်ကြောင်း ဖော်ပြ ထားပါတယ်။
ထပ်မံပြီး Facebook ၏ တာဝန်ရှိသူ တစ်ဦးဖြစ်သူ Avrat Humarthi မှလည်း Facebook အသုံးပြုသူများ အနေဖြင့် March 15 ရက်နေ့မှ စတင်ကာ Facebook ကို အသုံးပြုလို့ ရရှိတော့မှာ မဟုတ်ကြောင်း သို့အတွက်ကြောင့် Facebook ပေါ်ရှိ မိမိ၏ ဓါတ်ပုံများ ကို အလုံးစုံ ပြန်လည် ကူးယူထားရန် လိုအပ် ကြောင်း ဖော်ပြထား ပါတယ်။
Mark Zuckerberg မှလည်း ယခု လို Facebook အား ပိတ်သိမ်း သွားရန် ဆုံးဖြတ် လိုက်ခြင်းမှာ ခက်ခဲကြောင်း ၊ အသုံးပြုသူများ အနေဖြင့်လည်း ကျေနပ် နိုင်လိမ့်မည် ဟု ထင်ကြောင်း ဖော်ပြ ထားပါတယ်။
အဆိုပါ သတင်း ထွက်ရှိ လာသည် နှင့် တစ်ပြိုင်နက် Facebook အသုံးပြုသူများ မှာ အံ့အား သင့်လျှက်ရှိနေကြပြီး မယုံကြည် နိုင်လောက်အောင် ဖြစ်နေကြပါတယ်။ ထို့အပြင် အဆိုပါ သတင်း နှင့် ပတ်သက် ကာ စဉ်းစား စရာ အချက်များ လည်း အများအပြား ထွက်ပေါ် လျှက်ရှိနေပါတယ်။
ဘီလီယံ ပေါင်းများ စွာ မြတ်နေသော Facebook ကုမ္ပဏီ အား Mark Zuckerberg မှ အမှန်တစ်ကယ် စွန့်လွှတ် နိုင်ခြင်း ရှိမရှိ ပဲ ဖြစ်ပါတယ်။ လက်ရှိတွင် Facebook မှာ ကမ္ဘာပေါ်တွင် ဘီလီယံ နှင့် ချီကာ ချမ်းသာ လျှက်ရှိသော လုပ်ငန်းစု များ ထဲတွင် တစ်ခု အပါ အ၀င်ဖြစ်ပြီး ကုမ္ပဏီ ၏ တန်ဖိုးမှာ လည်း ၇.၉ ဘီလီယံ ခန့်ရှိကြောင်း သိရှိရပါတယ်။
ထိုကဲ့သို့သော ထောက်ပြမှုများ ရှိနေ သော်လည်း Mark မှ ၄င်း၏ ဆုံးဖြတ်ချက် အတိုင်းသာ ရပ်တည် သွားမည် ဖြစ်ကြောင်း သတင်းဌာန တစ်ခု မှ ဖော်ပြ ထားပြီး Facebook မှ လည်း အသုံးပြုသူများ ကို ၄င်းတို့၏ ကိုယ်ရေးကိုယ်တာ အချက်အလက် အများ စု ကို ပြန်လည် ရယူ သွားရန် အကြံဥာဏ် များ ပေးထားကြောင်း ဖော်ပြထားပါတယ်။
နောက်ဆုံး ရ သတင်းများ အရ Facebook မှ ၄င်းတို့၏ စာမျက်နှာမှ အဆိုပါ သတင်းများ ကို ငြင်းဆန်ထား ပြီး Facebook မှာ အဆုံးသတ် သွားရန် မဟုတ် ကြောင်း နှင့် ယခု မှသာ Facebook အား အမှန်တစ်ကယ် စတင်တော့ မှာ ဖြစ်ကြောင်း ကြော်ငြာ ထားပါတယ်။
အသုံးပြုသူ အများ စု မှလည်း သို့လောသို့လော ဖြစ်နေကြပြီး Facebook မှ အမှန် တစ်ကယ် ပိတ်သိမ်း သွားမည်လား နောက်ထပ် ပိုင်ရှင် အသစ် လက်ထဲ ရောက်ရှိ သွားမည်လား ဟု အမြင် အ မျိုးမျိုးဖြင့် ထင်မြင်ချက်များ ပေးလျှက်ရှိ နေကြောင်း တင်ပြလိုက်ရပါတယ်။

0 comments:

အယ်ဖိုး © 2008 Template by:
SkinCorner