Friday, January 14, 2011

Firefox 4 အား February လ အတွင်း အပြီးသတ် ထုတ်လုပ် သွားမည်

Firefox 4 Will Arrive in February
Web Browser တွင် လူသုံးများ ပြီး ကမ္ဘာ့ အကောင်းဆုံး ဟု သတ်မှတ်ခြင်း ခံထား ရသော Mozilla Firefox မှာ ယခု အခါတွင် Firefox 4 အား မကြာမီ လပိုင်းအတွင်း အပြီးသတ် ထုတ်လုပ် တော့မှာ ဖြစ်ကြောင်း ကြော်ငြာထားပါတယ်။
Mozilla မှ တာဝန် ရှိသူ တစ်ဦး ဖြစ်သူ Damon Sicore မှ ၄င်းတို့ အနေဖြင့် Firefox 4 အား ခက်ခဲစွာ ပြုပြင် မွန်းမံ ထားပြီး ယခု အခါတွင်တော့ အပြီးသတ် ထုတ်လုပ် ရန်သာ လိုတော့ ကြောင်း ပြောကြား ထားပါတယ်။ ထပ်မံကာ ၄င်းမှ Firefox 4 အား ပြုပြင်ခြင်းမှာ နောက်ဆုံး အခြေအနေသို့ ရောက် ရှိနေပြီ ဖြစ်သောကြောင့် လူအများမှ ကြိုးစားကာ ပူးပေါင်းပါဝင် သွားရန်လိုအပ်ကြောင်း ပြောကြားထားပါတယ်။
လက်ရှိအချိန် တွင် Firefox 4 အတွင်း အန္တရယ် ရှိသော bugs ပေါင်း 160 ကျော်ခန့် ရှိနေပြီး ၄င်းတို့ကို ရှင်းပြစ်ရန် ရက်သတ္တပတ် ၆ ပတ်ခန့်လိုအပ်ကြောင်း နှင့် Bugs များ ၏ အရေအတွက် မှာ 100 အောက် ရောက်ရှိ သွားပါက Firefox 4 အား အပြီးသတ် ထုတ်လုပ် သွား တော့မှာ ဖြစ်ကြောင်း သိရှိရပါတယ်။
လာမည့် ရက်သတ္တပတ် အတွင်း Firefox အသင်းမှ ၄င်း Bugs များ ကို ရှင်းလင်း သွားမှာ ဖြစ်ပြီး February လ သို့မဟုတ် လကုန် ပိုင်းတွင် Firefox 4 ၏ final version ကို ထုတ်လုပ် သွားမှာ ဖြစ်ပါတယ်။
Sicore မှ ထပ်မံကာ Firefox 4 အတွင်း Bugs အရေအတွက် များများ ရှိလေ software မှာ beta အဆင့်ဖြင့်သာ ရှိနိုင်မှာ ဖြစ်ကြောင်း ၄င်းတို့အနေဖြင့် Bugs အရေအတွက် အား သုည အထိ ဖြစ်ရန် ကြိုးစားနေသော်လည်း Bugs များ ထပ်မံ တွေ့ရှိပါက Firefox 4 မှာ beta အဖြင့်သာ ရှိနေဦးမှာ ဖြစ်ကြောင်း ပြောကြားထားပါတယ်။
ထိုကဲ့သို့ Bugs များ ရှင်းလင်း နေစဉ် အတွင်း စမ်းသပ် မှုများစွာ ပြုလုပ်သွား မှာ ဖြစ်ပြီး ၄င်းစမ်းသပ်မှု များ အတွင်း တွင်လည်း အသုံးပြုသူ လူများ အားလုံး ကိုပါဝင်သွား စေလိုကြောင်း Firefox မှ တာဝန် ရှိသူများ မှ ပြောကြား ထားပါတယ်။ ၄င်းတို့မှ အသုံးပြုသူများ အနေဖြင့် Firefox အား သုံးနေစဉ် အတွင်း plug-in များ extension များကို လုံဝ မဖြုတ်ပဲ ထားရှိရန် နှင့် Flash သို့မဟုတ် Silverlight တို့ကိုလည်း Disable မပြုလုပ်ပဲ အသုံးပြုသွား စေလိုကြောင်း ပြောကြား ထားပါတယ်။
ထိုကဲ့သို့ ပြုလုပ် ရခြင်း ၏ အကြောင်း အရင်းမှာ ၄င်းတို့ အနေဖြင့် Firefox Crash ဖြစ်ခြင်း အကြောင်း ကို သိရှိလို ခြင်း နှင့် အသုံးပြုသူ၏ ကွန်ပျူတာ Hardware နှင့် software ကိုက်ညီခြင်း ရှိမရှိ ကိုလည်း သိရှိလိုခြင်း ကြောင့် ဖြစ်ကြောင်း သိရပါတယ်။
Firefox 4 အတွင်း Feature အများအပြား ပါဝင်လာမှာ ဖြစ်ပြီး ၄င်းတို့ အထဲမှ နာမည်ကြီး Feature ကတော့ မိမိ ကြိုက်နှစ်သက်ရာ Website များကို Block ထားနိုင်သည့် Do not Track Feature ပဲ ဖြစ်ပါတယ်။
Firefox မှာ လက်ရှိ အချိန်တွင် ဥရောပ တွင် အင်တာနက် လောက ၏ ဈေးကွက် အများဆုံး ရယူထား နိုင်သော Browser ပဲ ဖြစ် ပြီး ကမ္ဘာပေါ်တွင် တော့ ဒုတိယ ဈေးကွက် အများဆုံး ရယူထား နိုင်ပါတယ်။ ၄င်းအပေါ်တွင် Microsoft ၏ Internet Explore ရှိပြီး ၄င်းအောက် တွင်တော့ Google ၏ နာမည်ကျော် Chrome မှာ အမှီ လိုက်နေကြောင်း ဖော်ပြပေးလိုက်ရပါတယ်။

0 comments:

အယ်ဖိုး © 2008 Template by:
SkinCorner