Thursday, January 20, 2011

Nitendo 3DS အား ထုတ်လုပ် မည့်ရက်အား Nitendo မှ တရားဝင် ကြေငြာ

Nitendo 3DS official announced
Nitendo 3DS ကို Nitendo ကုမ္ပဏီ မှ ထုတ်လုပ်မည် ဟု ကြော်ငြာ ခဲ့ခြင်း မှာ ကြာမြင့် ခဲ့ပြီ ဖြစ်သော်လည်း တကယ်တမ်း ထုတ်လုပ် ချိန်မှာတော့ အတော်လေး ကို အချိန်ယူ ခဲ့ရပါတယ်။
Nitendo 3DS အား လွန်ခဲ့သော အပတ်မှ ကျင်းပခဲ့သည့် CES (Cosumer Electronic Show) တွင် ထုတ်ဖော် ပြသခဲ့ ပြီး ထူးခြားသော အချက်မှာတော့ 3D နည်းပညာကို အထူးအလေးပေး ထားခြင်းပဲ ဖြစ်ပြီး 3D မျက်မှန် မလိုသော မျက်နှာပြင် ကို အသုံးပြု ထားခြင်း ကြောင့် လူအများ မှ စိတ်ဝင်စား ခဲ့ကြပါတယ်။
Nitendo 3DS အတွင်း 3D settings များ ကို လိုအပ်သလို ပြောင်းလဲ သွားနိုင်မှာ ဖြစ်ပြီး မျက်မှန် မလိုသော အချက်ကတော့ နောက်ထပ် ထုတ်လုပ်သွားမည့် Game Console များ၏ မျိုးဆက်သစ် ပဲ ဖြစ်ပါတယ်။
Battery သက်တမ်း မှာ 3D effects များ ဖွင့်ထားပြီး ဂိမ်းကစား မည် ဆိုပါက ၃ နာရီ မှ ၅ နာရီ အထိ သက်တမ်း ခံနိုင်ရည် ရှိမှာ ဖြစ်ပြီး 3D effects များ မပါဝင် ပါက ၈ နာရီ အထိ သက်တမ်း ကြာမြင့် အောင် အသုံးပြု လို့ရနိုင်ပါတယ်။
Nitendo 3DS တွင် 2GB SD card ပါဝင်သွားမှာ ဖြစ်သည့်အတိုင်း DS နှင့် DSI ဂိမ်းများ ကိုလည်း အလွယ် တကူ Download ချကာ ကစားသွား နိုင်မှာ ပါ။ အရောင် အား ဖြင့် အပြာရောင် နှင့် အနက် ရောင် ဖြစ်ပြီး ၄င်း၏ d-pad တွင်တော့ analog mini-stick တစ်ခု ကို အသစ်ထပ်မံ ထည့်သွင်း ပေးထားပါတယ်။
ထို့အပြင် ယခင် DS နှင့် DSI များတွင် ပါဝင်နေကျ A/C cable အစား Battery အားသွင်း လို့ ရနိုင်သော Charging Dock မှာ လည်း တစ်ပါတည်း ပါဝင်လာမှာ ဖြစ်ပြီး အထူးခြား ဆုံးကတော့ Camera နှစ်လုံး ပါဝင်မှာ ဖြစ်ကာ အဆိုပါ Camera များမှာ 3D နည်းပညာ ကို အထောက်အပံ့ ပေးထား နိုင်ခြင်းပဲ ဖြစ်ပါတယ်။
ယခုလောလောဆယ် တွင် Nitendo 3DS အား ဂျပန် နိုင်ငံ တွင်သာ ဖြန့်ချီရန် စီစဉ်ထားလျှက် ရှိပြီး US တွင် တော့ March လ 27 ရက် နေ့မှသာ ဖြစ်ချီသွားမှာ ဖြစ်ကြောင်းသိရပါတယ်။
ဈေးနှုန်းမှာ ဒေါ်လာ 250 ကျသင့်သွား မှာ ဖြစ်ပြီး Nitendo မှ ထုတ်လုပ် ထားသည့် ဂိမ်းမဟုတ်သည့် third-party ဂိမ်း 10 မျိုးကျော် နှင့် Nitendo မှ ထုတ်လုပ် ထားသည့် ဂိမ်း 7 မျိုးကို ကစား သွား နိုင်မှာ ဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

0 comments:

အယ်ဖိုး © 2008 Template by:
SkinCorner