Friday, June 17, 2011

Google Search အတွင်း မျက်စိတစ်မှိတ်အတွင်း ရှာဖွေနိုင်မည့် Instant Pages


Google Instant Pages

Google မှ ယမန်နှစ်အတွင်း Google Search အတွင်း စတင်ခဲ့သည့် Google Instant အား မကျေနပ်နိုင်သူများအဖို့ Google မှ ယခုအခါတွင် ယခင်ကာလများထက် ပိုမိုလျှင်မြန်စွာ ရှာဖွေနိုင်မည့် Google Instant Search ကိုစတင်တော့မှာဖြစ်ကြောင်း သိရပါတယ်။
Google ၏တာဝန်ရှိသူတစ်ဦးဖြစ်သူ Amit Singhal မှ သတင်းဌာနာများသို့ ကြော်ငြာထားချက်အရ Google Search အသုံးပြုသူများမှာ ယခုအခါတွင် မိမိလိုချင်သည်များကိုရှာဖွေလျှင် ၂ စက္ကန့် မှ ၅ စက္ကန့်သာ ကြာမြင့်တော့မည်ဖြစ်ကြောင်း ဆိုထားပါတယ်။
Google Instant ဟာ Domain ပေါင်း ၆၉ ခုကျော်တွင် ဘာသာစကားပေါင်း ၃၂ မျိုးနှင့် Desktop၊ Mobile ၂မျိုးလုံးတွင်ရရှိသွားမှာဖြစ်ကြောင်းသိရပါတယ်။ သို့သော်လည်း ယခုအချိန်တွင်တော့ Domain ၁၆ ခုအတွက်သာ ရရှိဦးမှာဖြစ်ကြောင်း သိရပါတယ်။
Amit Singhal မှထပ်မံပြီး ယခု ရရှိသွားမည့် Google Instant Search မှာ အသုံးပြုသူများအကြိုက်ဖြစ်မှာဖြစ်ကြောင်း၊ အကြောင်းအရင်းမှာ Google Search အတွင်း ယခင်ရှာဖွေနေသည့်အချိန် ၄ စက္ကန့် အချိန်ပင် မကြာမြင့်တော့ ကြောင်းနှင့် ချက်ချင်းရိုက်ထည့် ချက်ချင်းရှာဖွေပေးမည့် ပုံစံဖြစ်ကြောင်း ကြော်ငြာထားပါတယ်။
အဆိုပါ Instant Page များမှာ နောက်တစ်ပတ်တွင်ထုတ်လုပ်သွားမည့် Chrome Beta တွင်ရရှိသွားမှာဖြစ်ပြီး Firefox ၏နောက်ဆုံး version တွင်လည်းရရှိမှာဖြစ်ကြောင်းသိရပါတယ်။
Google မှကြော်ငြာထားချက်အရ တစ်နေ့တာအလုပ်တွင် လိုအပ်သည့်အချက်အလက်များကို မျက်စိတစ်မှိတ်အတွင်း ရှာဖွေသွားနိုင်ရန်စီစဉ်ထားခြင်းဖြစ်ကြောင်းနှင့် Google ၏DNA ကို စစ်ကြည့်လိုက်ပါက လျှင်မြန်မှုကိုသာ တွေ့မြင်ရမှာ ဖြစ်ကြောင်း ညွှန်းဆိုထားပါတယ်။

0 comments:

အယ္ဖိုး © 2008 Template by:
SkinCorner