Wednesday, June 15, 2011

Google Search အတွင်း အသံဖြင့်ရှာဖွေနိုင်ပြီဖြစ်

Google Adds Voice Search
Google မှ June လ ၁၄ ရက်နေ့တွင် အမေရိကန်နိုင်ငံ၊ San Francisco မြို့တွင်ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ၎င်းတို့၏Search Engine အတွင်း အသံဖြင့် ရှာဖွေ၍ ရရှိနိုင်သောဝန်ဆောင်မှု (Voice Search) ကို စတင်တော့မှာ ဖြစ်ကြောင်း ကြော်ငြာခဲ့ပါတယ်။
Google Search Engine အတွင်း အသံဖြင့်ရှာဖွေနိုင်ခြင်းအား Google မှ Android OS အသုံးပြု မိုဘိုင်းလ်ဖုန်းများတွင် စတင်အသုံးပြုခဲ့ခြင်းဖြစ်ပြီး လူအများမှလည်း ဖုန်းများမှနေ၍ Keyboard ပေါ်တွင် ရိုက်နှိပ်ရှာဖွေ နေရခြင်းထက် ထိုကဲ့သို့ အသံဖြင့်လွယ်လွယ်ကူကူ ရှာဖွေနိုင်ခြင်းအားအထူးကြိုက်နှစ်သက်ခဲ့ကြပါတယ်။
Google ၏ယခုထုတ်လုပ်မည့် Voice Search မှာ Chrome ၏နောက်ဆုံး version များတွင်သာရရှိနိုင်မှာဖြစ်ပြီး အဆိုပါ Feature ကိုအသုံးပြုချင်လျှင် ကွန်ပျူတာတွင် Microphone တပ်ဆင်ထားမှသာ ရရှိမှာဖြစ်ပါတယ်။
Google ၏ကြော်ငြာထားချက်အရ ယခုအချိန်တွင် အင်္ဂလိပ် အသံထွက်ဖြင့်ရှာဖွေခြင်း Feature အား Chrome တွင် စတင်ထုတ်လုပ်နေပြီဖြစ်သော်လည်း အသုံးပြုသူများမှ မြင်တွေ့နိုင်ဦးမှာမဟုတ်ကြောင်း ကြော်ငြာထားပါတယ်။
Google ၏ Voice Search အားအသုံးပြုပုံမှာ ယခင်မြင်တွေ့နေကျ Google Search ၏ Search Box ဘေးတွင် Microphone ပုံအား နှိပ်ပြီး မိမိရှာဖွေလိုသော အရာကို အသံထွက်ရုံပင်ဖြစ်ပါတယ်။
ထို့ပြင် Google မှ Voice Search အတွက် အင်္ဂလိပ်စာလုံးရေပေါင်း ၂၃၀ ဘီလီယံကို စုဆောင်းထားပြီးဖြစ်တဲ့အတွက် အသုံးပြုသူများ အသံဖြင့်ရှာဖွေလျှင် ပိုမိုလျှင်မြန်လွယ်ကူစွာရှာဖွေသွားနိုင်မှာဖြစ်ကြောင်း ကြော်ငြာထားကြောင်း ဖော်ပြလိုက်ရပါတယ်။

0 comments:

အယ္ဖိုး © 2008 Template by:
SkinCorner