Tuesday, July 19, 2011

KeePass - စကားဝှက်ကို လုံလုံခြုံခြုံ သိမ်းဆည်းပေးတဲ့ ကိရိယာ

သင် အစ မပြုမီ ဒီကိရိယာအကြောင်း သင် သိထားရမည့် အချက်များ

KeePass ဆိုတာ သုံးရလွယ်ကူပြီး သင့်ရဲ့ စကားဝှက် အားလုံးကို လုံခြုံမှု အားကောင်းတဲ့ ဒေတာဘေ့စ်ထဲမှာ သိမ်းထားပေး၊ စီမံခန့်ခွဲပေးတဲ့ ကိရိယာတခု ဖြစ်တယ်။ USB မှတ်ဉာဏ်ချောင်း တခုထဲမှာ အဲဒီ ဒေတာဘေ့စ်နဲ့ KeePass ပရိုဂရမ် နှစ်ခုစလုံးကို ထည့်ထားပြီး သင်နဲ့ တပါးထဲ ယူသွားလို့ ရတယ်။ ဒေတာဘေ့စ်ဟာ သင် ဖန်တီးလိုက်တဲ့ 'master password' နဲ့ ထိန်းထားတယ်။ ဒီစကားဝှက်က ဒေတာဘေ့စ်ထဲမှာ ရှိတဲ့ အကြောင်းအရာ တခုလုံးကိုလည်း စာဝှက်ပေးတယ်။ သင် လက်ရှိသုံးနေတဲ့ စကားဝှက်တွေကို KeePass ထဲမှာ သိမ်းထားနိုင်တယ် ဒါမှမဟုတ် စကားဝှက်တခုကို ဖန်တီးနိုင်တယ်။ KeePass အတွက် ကြိုတင် စီမံဖန်တီးချက် ဒါမှမဟုတ် တပ်ဆင်မှု ညွှန်ကြားချက် အတိအကျ မရှိဘူး။ သင် အဆင်သင့်ဖြစ်တာနဲ့ သုံးစွဲလို့ ရတယ်။
  • www.keepass.info/download.html ကို ဖွင့်ဖို့ အောက်က KeePass ပုံသင်္ကေတလေးကို နှိပ်ပါ
  • စာမျက်နှာရဲ့ "Classic Edition" အပိုင်းမှာ ရှိတဲ့ "KeePass 1.xx (Installer EXE for Windows)" ကို နှိပ်ပါ                                                                
  •  Keepass Application ကို Download လုပ်ရန်အောက်ကသော့ပုံကိုနှိပ်လိုက်ပါ


အောက်မှာ Keepass နှင့်ပတ်သက်သောစာအုပ်များ Download လုပ်ရန် 

ဒီမှာဒေါင်းလိုက်ပါ KeePass ကို install လုပ်ပြီး အသုံးပြုနည်းစာအုပ်
 

0 comments:

အယ်ဖိုး © 2008 Template by:
SkinCorner