Monday, March 29, 2010

iPixsoft slideshow creator


flash slideshow လုပ်တဲ့ software တစ်ခုပဲ။ အခြားခြားသော flash slide show maker တွေ အများကြီးရှိတဲ့အထဲက သူ့ကိုဘာလို့ သုံးသင့်လဲသိအောင် အားသာချက်တွေ ပြောပြပါ့မယ်။

၁။ file size သေးပြီး အသုံးပြုရတာလည်း ပေါ့ပါးပါတယ်။
၂။ ပုံတစ်ပုံနဲ့ တစ်ပုံကြား transforming ကို auto ထည့်ပေးလို့ slide show တစ်ခုလုပ်ဖို့ အရမ်းမြန်တယ်။
၃။ slide show ရဲ့ output ကို swf, html, executable (double click နှိပ်ယုံနဲ့ player မလိုပဲ open ပေးနိုင်တဲ့ဖိုင်), screen saver အပြင် email နဲ့ ပို့နိုင်အောင်ပါ ပြန်ထွက်ပေးထားတယ်။
၎။ slide show ရိုးရိုးမဟုတ်ပဲ play, pause, photo view, replay စတဲ့ခလုပ်တွေ အလိုလိုထည့်ပေးပါတယ်။

Download..............................
iPixsoft slide show creator 1.8.6 +templates

ဆက်ဖတ်ရန်ကျန်သေးသည်...

AMS Photo Makeup Editor v1.25

ဒါကတော့ Photo Makeup Editor v1.25 လေးပါ သူကတော့ ဓါတ်ပုံတွေကို ပြုပြင်တဲ့ ဆော့လ်ဝဲ လေးပါ ၀ါသနာပါရင်တော့ စမ်းကြည့်လိုက်ပေါ့ အောက်မှာဒေါင်းယူလိုက်ပါ။ 3.18 mb

Download ifile.itDownload mediafire

ဆက်ဖတ်ရန်ကျန်သေးသည်...

NOD32 Offline Update

ဒါလေးကတော့ NOD32 Offline Update - January 2010 (4748) ပါ ကဲဗျာ NOD32 ကြိုက်သူများအတွက် အခုကျွန်တော်တင်ပေးတဲ့ NOD32 Offline Update ကတော့ အဆင်ပြေတယ် သူက online လဲမလိုဘူး ကီးလဲမလိုဘူး ကဲဘယ်လောက်အဆင်ပြေလဲ သုံးကြည့်လိုက်ပါဦး သုံးတတ်မယ်လို့တော့ထင်ပါတယ် အောက်မှာ Download ယူလိုက်ပါ။ 50.77 mb

Download ifile.it ၊ Download mediafire


ဆက်ဖတ်ရန်ကျန်သေးသည်...

Thursday, March 25, 2010

CyberLink PowerDVD Ultra 10


ဒါကတော CyberLink PowerDVD Ultra 10 ပါ သူကတော့ DVDplayerလေးပါ သိကြမယ်လို့ထင်ပါတယ် အသစ်တွေ့လို့တင်ပေးလိုက်ပါတယ် အသစ်ကြိုက်သူများ လိုချင်ရင်အောက်မှာ အဆင်ပြေတဲ့လင့်ကနေဒေါင်းယူလိုက်ပါ။ 64.mb

Download ifile.itDownload mediafire

ဆက်ဖတ်ရန်ကျန်သေးသည်...

Folder Crypt v3.2.1024

ဒါကတော့ Folder Crypt v3.2.1024 လေးပါ ကိုဝေယံ က Folder ကို lockချထားလို့တဲ့ အခုပေးတဲ့ ဆောလ်ဝဲလေး နဲ့သုံးစမ်းကြည့်ပါ သူကတော Folder ကို lock ချလို့ ရပါတယ် password နဲ့လဲပေးလို့ရတယ် password ကိုတော့မမေ့နဲ့ပေါ့ သုံးနည်းကတော့ (၁) lock ချင်တဲ့ Folder ကို ကလစ်လိုက်ပါ ပြီးရင် အောက်မှာ Folder Crypt ဆိုဒါတွေ့မှာပါ စမ်းကြည့်လိုက်ပါ လိုချင်သူများ အောက်မှာဒေါင်းယူလိုက်ပါ။ 6.mb


Download ifile.it | Download mediafire

ဆက်ဖတ်ရန်ကျန်သေးသည်...

Tuesday, March 23, 2010

ကျော်ကြမယ်ဟေ့ ခွကြမယ်

ကျွန်တော်တို့ ရွှေမြန်မာပြည်ကနေ youtube ဆိုက်ကို ကြည့်ခွင့်မပေးထားပါဘူး . ပိတ်ထားပါတယ် . မနေ့က ညီလေးတစ်ယောက် မြန်မာပြည်ကနေ youtube movies တွေကို ဘယ်လိုကြည့်ရင် အဆင်အပြေဆုံး လဲလို့မေးလာပါတယ် . freedom လဲမသုံးချင်ပါဘူးလို့ ပြောတယ် . ကျွန်တော့်အနေနဲ့ အခုပေးလိုက်တဲ့ ၀ဘ်ဆိုက်ကလေးကို သွားစေချင်ပါတယ် . အဆင်ပြေမယ်လို့လဲ မျှော်လင့်ပါတယ် . အခုပေးတဲ့ ဆိုက်ကိုတော့ မြန်မာပြည်က ပိတ်မထားရသေးဘူးလို့ သိရပါတယ် .. Msn, AIM, Yahoo နှင့် Gtalk တို့ကိုလဲ အဆင်ပြေပြေပဲ ၀င် Chat လို့ရပါသေးတယ် .. ကဲ စိတ်ဝင်စားတယ်ဆိုရင် ၀ဘ်ဆိုက်လိပ်စာနာမည်က https://polysolve.com ပါ .. အဆင်ပြေမယ်လို့လဲမျှော်လင့်ပါတယ် . ပြီးတော့ အခုပို့စ်နှင့်အတူ ကျော်ဖို့၊ ခွဖို့အတွက် ၀ဘ်ဆိုက်လိပ်စာတွေလဲ ရေးပေးလိုက်ပါတယ်

ဆက်ဖတ်ရန်ကျန်သေးသည်...

Corel VideoStudio Pro X3

ဒါကတော့ ဗီဒီယို တည်းဖြတ်ဖို့ အတွက်ဖြစ်ပါတယ် အရင်ကလည်း တင်ထားပေး ပါတယ် Corel VideoStudio Pro X2 ဖြစ်ပါတယ် အခုကတော့ Corel VideoStudio Pro X3 ဖြစ်ပါတယ် လိုချင်ရင်တော့ အောက်မှာ ဒေါင်းယူလိုက် 612 mb ရှိပါတယ်။

Download ifile.it ၊ part01part02part03part04part05part06part07part08part09part10part11part12part13

Download mediafire ၊ part01part02part03part04part05part06part07part08part09part10part11part12part13

ဆက်ဖတ်ရန်ကျန်သေးသည်...

Automatic Wallpaper Changer 4.7.50

ဒါကတော့ Wallpaper အလှကြိုက်သူများ အတွက်ပါ သူကတော့ Wallpaper ကိုယ်တိုင်ပြောင်း စရာမလိုပါဘူး မိမိနှစ်သက်တဲ့ Wallpaper များကို auto ပြောင်းပေးပါတယ် . ကိုယ်ကြိုက်တဲ့ Wallpaper ပုံတွေကို ဖိုင်တစ်ထဲမှာ ထည့်လိုက်ပါ ပြီးရင် အခုပေးထားတဲ့ ဆော့လ်ဝဲ လေးကို install လုပ်လိုက်ပါ။ အခုတင်ပေးတဲ့ program လေးကို ဖွင့်ပြီး Add ကနေ သိမ်းထားတဲ့ဖိုင်ကို ညွန်းလိုက်ရင် ရပါပြီ။ အဆင်ပြေမယ် လို့ထင်ပါတယ်။


Download ifile.it | Download mediafire

ဆက်ဖတ်ရန်ကျန်သေးသည်...

Google Talk Style

ဒါကတော GTalk ရဲ့ ပုံစံ Style လေးတွေကို အမျိုးမျိုး ပြောင်းချင်သူများ အတွက်ပါ . လုပ်နည်းကတော့ လွယ်ပါတယ် .

(၁) အဆင်ပြေတဲ့ Link ကနေ Download လုပ်ယူပါ .
(၂) ရလာတဲ့ ဖိုင် အားလုံးကို Copy ကူးယူ လိုက်ပြီးရင် C:\Program Files\Google\Google Talk မှာသွားပြီး paste လိုက်ပါ .. paste လုပ်တဲ့ အခါမှာ တစ်ခုခုမေးလာရင် yes all ပေးလိုက်ပါ. အဲဒါဆို ရပါပြီး အဆင်ပြေမယ်လို့ ထင်ပါတယ် . အောက်မှာ ယူလိုက်ပါ။



Download ifile.it | Download mediafire

ဆက်ဖတ်ရန်ကျန်သေးသည်...

Cyberlink YouCam 3.0

ဒါကတော့ Cyberlink YouCam 3.0 ပါ WebCam အတွက် သုံးပါတယ် WebCam ရှိသူများ ဒါလေးနဲ့ဆို အဆင်ပြေပါတယ် အောက်မှာ ပုံစံလေးတွေလဲ ပါပါတယ်. စမ်းသုံးကြည့်ကြပေါ့ အဆင်ပြေရင် အောင်မှာယူလိုက်ပါ။

Download ifile.it >> ၊ part2 | Download mediafire >> part1part2

ဆက်ဖတ်ရန်ကျန်သေးသည်...

Sunday, March 7, 2010

Windows 7 install with USB flash drive


စာမရေးနိုင်အောင် မအားမလပ်ဖြစ်နေတာရယ်၊ နက်ကျသွားတာရယ်နဲ့ တော်တော်လေး ကင်းကွာသွားပါတယ်။ ဆိုဒ်ကိုလည်း စိတ်တိုင်းမကျသေးတာပါပါတယ်။ ပြင်ရင်း ပြင်ရင်းနဲ့ နည်းနည်းတော့ ပိုလှလာတယ်လို့ ထင်ပါတယ်။ အရင် ဘလော့ဒီဇိုင်းကို ပိုကြိုက်တယ်လို့ပြောကြတယ်။ အခုဘလော့က အားလုံးအတွက် ဖတ်ရတာ ပိုအဆင်ပြေမှာပါ။ ပိုကောင်းလာအောင် ကျနော် တဖြည်းဖြည်းချင်း ကြိုးစားသွားပါ့မယ်။ အခု လွယ်လွယ်ကူကူနဲ့ windows 7 ကို usb drive ကနေ တင်နိုင်အောင် ပြောပြပေးပါ့မယ်။ ၀င်းဒိုးတင်ဖို့ DVD drive သို့မဟုတ် DVD ခွေ အဆင်သင့်မဖြစ်သူတွေ နဲ့ Optical drive မပါတဲ့ netbook တွေအတွက် ဒီနည်းက မသိမဖြစ် လိုအပ်ပါတယ်။ ၀င်းဒိုး တင်ချင်တိုင်း ခွေလိုက်ရှာနေရတဲ့ ဒုက္ခ၊ ခွေမကောင်းလို့ စိတ်ညစ်ရတဲ့ ဒုက္ခက ကင်းဝေးသွားတာပေါ့ …

Windows 7 install with USB flash drive


Windows 7 USB/DVD Download Tool ဆိုတာလေး လိုအပ်ပါတယ်။ ဒီနေရာကို နှိပ်ပြီး ဒေါင်းနိုင်ပါတယ်။ freeware ဖြစ်ပြီး Download.cnet.com က sever ခံပေးထားပါတယ်။ ဒေါင်းလိုက်ပါ။ သူ့ကိုဒေါင်းပြီး install လုပ်လိုက်ပါ။ ပြီးပြီဆိုရင် Desktop ပေါ်မှာ ပေါ်လာတဲ့ shortcut ကပဲ ဖြစ်ဖြစ်၊ all programs ထဲက ပဲဖြစ်ဖြစ် Windows 7 USB/DVD Download Tool ကို ဖွင့်လိုက်ပါ။ အောက်ပါအတိုင်း box လေးပေါ်လာပါလိမ့်မယ်။

Image Hosting by imagefra.me

အဲဒီမှာ ပြထားတဲ့အတိုင်း browse နဲ့ မိမိ သိမ်းထားတဲ့ windows 7 iso ဖိုင်တစ်ခုကို ရွေးပေးလိုက်ပါ။ (windows7 အတွက် ဆော့ဝဲဖြစ်လို့ 7 ရဲ့ iso ဖိုင် တစ်ခုထဲကိုပဲ support လုပ်ပါတယ်။ ကျနော် windows 7 အတွက် ဒေါင်းလုပ်ချဖို့ ရှယ်ယာပေးခဲ့ပါတယ်။ အားလုံးလည်း iso ဖိုင်အနေနဲ့ ရမှာဖြစ်ပါတယ်။ တကယ်လို့ ကျနော်ပေးခဲ့တာတွေ သုံးလို့ ဒေါင်းလို့ အဆင်မပြေဘူးဆိုရင် free downloads ဆိုပြီး တွဲပေးထားတဲ့ sidebar မှာရှိတဲ့ site များထဲက အဆင်ပြေရာတစ်ခုမှာ ရှာဖွေ ဒေါင်းယူနိုင်ပါတယ်)

Image Hosting by imagefra.me

iso ဖိုင် ရွေးပေးပြီးလို့ Next ကိုနှိပ်လိုက်ရင် အောက်ပါအတိုင်း ဘယ်မှာ burn မှာလဲဆိုတာကို ရွေးခိုင်းပါတယ်။ usb flash drive နဲ့ တင်ချင်တာမို့ USB device ကို ရွေးပေးလိုက်ပါတယ်။

Image Hosting by imagefra.me

USB drive တစ်ခု ထိုးထားခဲ့ရင် မိမိမှာနေရာလွတ်ရှိတဲ့ ပမာဏနဲ့ ၀င်းဒိုးရဲ့ လိုအပ်တဲ့ ပမာဏကို နှိုင်းယှဉ်ပြပါလိမ့်မယ်။ 4GB လိုအပ်တဲ့ windows တစ်ခုအတွက် 4GB ထက် ကျော်တဲ့ flash drive တစ်ခုကို ရွေးချယ်ရမှာပါ။ တကယ်တမ်း ကွန်ပျူတာက 4GB usb drive တစ်ခုကို 3.7 GB အဖြစ်ပဲ သိမှာမို့ပါ။ ဘာလို့ နည်းသွားရလဲဆိုတာကို ကျနော့်ရဲ့ “PC တစ်လုံး တပ်ဆင်ရန် ရွေးချယ်ခြင်း” ပို့စ်နဲ့ “CPU,RAM,VGA,HDD တွေ ကြည့်ရအောင်” ဆိုတဲ့ ပို့စ်တွေမှာ ရေးခဲ့ပြီးပါပြီ။ Knowledge ဆိုတဲ့ categories ရဲ့ ရှေးအကျဆုံး စာမျက်နှာများမှာလည်း ကွန်ပျူတာရဲ့ သိုလှောင် ပစ္စည်းများအကြောင်း သေချာစွာ တင်ပြထားပါတယ်။ မဖတ်ရသေးရင် ဖတ်ကြည့်လိုက်ပါဦး။ ထို့အတွက် 4GB လိုအပ်တဲ့ ၀င်းဒိုးတင်မယ်ဆိုရင် 4GB ထက် ပိုတဲ့ drive ကို သုံးရပါမယ်။ ကွန်ပျူတာမှာ တပ်ဆင်လိုက်ပြီး my computer ကို ဖွင့်၍ ထို drive ကို format လုပ်ပေးပါ။ ပြီးလျှင်အောက်မှာ ပြထားတဲ့ ပုံအတိုင်း refresh ခလုပ်ကို နှိပ်ပေးလိုက်ပါက လိုအပ်တဲ့ ပမာဏနဲ့ ရှိတဲ့ပမာဏ နှိုင်းယှဉ် ပြပါလိမ့်မယ်။ အဆင်ပြေတယ်ဆိုရင် Begin copying ကို နှိပ်လိုက်ပါ။

ရာခိုင်နှုန်းနဲ့ ပြပြီး သူ့ဘာသာ အလုပ်လုပ်သွားပါလိမ့်မယ်။ ပြီးရင် back up complete လို့ ပြောပါတယ်။ ဒါဆိုရင် ကွန်ပျူတာကို restart ချပြီး boot menu ကို ခေါ်ပါ။ motherboard အမျိုးအစားအလိုက် ကွာပါတယ်။ Esc နှိပ်ရတာ ရှိသလို F2, F8, F12 ဆိုပြီး လေးမျိုးတွေ့ရပါတယ်။ အချို့ HP notebook များမှာတော့ F9 ကို သုံးထားပါတယ်။ မိမိကွန်ပျူတာက ဘာကီးနှိပ်ရင် boot menu ပေါ်နိုင်သလဲ ရှာနှိပ်ကြည့်ပါ။ ပေါ်လာရင် windows burn ထားတဲ့ usb device က တပ်ထားပြီးဖြစ်လို့ ထို device ရဲ့ နာမည်ပေါ်နေပါတယ်။ အဲဒီ drive ကို arrows ကီးနဲ့ ရွေးချယ်ပြီး Enter နှိပ်လိုက်ပါ။ ဒါဆိုရင် USB device မှာ burn ထားတဲ့ windows စတင် set up လုပ်ပြီ ဖြစ်ပါတယ်။ ၀င်းဒိုးတင်နည်း အသေးစိတ်တော့ သိပြီးသားဖြစ်မှာပါ။ တကယ်လို့ လိုအပ်တယ်ဆိုတဲ့ သူများရှိခဲ့ရင် ပြောပေးပါ။ ဒီပို့စ်က usb device မှာ windows burn ပြီး တင်တတ်အောင် ရေးရုံသာဖြစ်လို့ ဒီမှာပဲ နားလိုက်ပါတယ်။ အဆင်ပြေကြပါစေ …

ဆက်ဖတ်ရန်ကျန်သေးသည်...

အယ်ဖိုး © 2008 Template by:
SkinCorner