Monday, August 31, 2009

Golden Traditional Icon pack

ကျနော် icon pack လေးတွေ တင်ပေးခဲတယ်။ အဲလောက်ကြီးအပင်ပန်းခံပြီး တစ်ခုချင်း လိုက်ပြောင်းသုံးမယ့်လူ ရှားတယ်လေ။ အခုက မြန်မာ့ယဉ်ကျေးမှု လက်ရာလေးတွေနဲ့ အတော်လေးကို နီးစပ်တယ်။ ဆွဲထားတာတော့ တရုတ်နိုင်ငံကပါ။ ဒါပေမယ့် ကိုယ်တိုင်ပဲကြည့်လိုက်ပါ တရုတ်လက်ရာနဲ့တူလား မြန်မာလက်ရာနဲ့ တူလားလို့။ ဘီလူးဆိုတဲ့ သတ္တ၀ါ မျိုးတော့ တရုတ်ရာဇ၀င်တွေမှာ မကြားဘူးဖူးလေ။ အခု ၆၀ ပါတယ်။ icon type ရယ်၊ png type ရယ် နှစ်မျိုးပေးထားတယ်။ ပြောင်းသုံးတာ မသုံးတာထက် စိတ်ဝင်စားဖို့ ကောင်းလို့ အမှတ်တရ အနေနဲ့ပါ။ ကျနော်ဆွဲထားတာတွေ မဟုတ်ဘူးနော် .... ကြိုက်လို့တင်ပေးတာ





Download From Mediafire (Golden Traditional Icon pack)

Download From ifile (Golden Traditional Icon pack)

ဆက်ဖတ်ရန်ကျန်သေးသည်...

Wednesday, August 26, 2009

Naevius USB Antivirus 2.1

လူသုံးများနေတဲ့ USB Disk Security လို ဆော့ဖ်ဝဲလ်တစ်ခုပါ။ ဒါပေမဲ့ USB Disk Security ထက် ပိုပြီး ကောင်းပါတယ်။ ဘယ်နေရာ ပိုကောင်းသလဲဆိုတော့ USB Disk Security က USB Stick ထိုးလိုက်တဲ့အခါမှာ ဗိုင်းရပ်စ်ပါတယ်ဆိုရင် ပါတဲ့အကြောင်း သတိပေးပါတယ်။ user က ကိုယ့်ဘာသာကို Delete လုပ်ပေးရပါတယ်။ အခု Naevius ကတော့ ကွန်ပျူတာမှာ ဗိုင်းရပ်စ်ပါတဲ့ Memory Stick ထိုးလိုက်ရင် အဲဒီဗိုင်းရပ်စ်ကို အလိုလို ဖျက်ပစ်ပါတယ်။


ပြီးတော့ သူ့မှာ USB Protect ဆိုတဲ့ Function လေးတစ်ခုပါပါတယ်။ သူကဘာလဲဆိုတော့ ကျွန်တော်တို့ Memory Stick ထဲကို ဗိုင်းရပ်စ်မ၀င်အောင် လုပ်ပေးနိုင်ပါတယ်။ အဲဒါကြောင့်မို့ ဗိုင်းရပ်စ်ရှိတဲ့စက်မှာ Stick သွားထိုးလည်း ဗိုင်းရပ်စ်မကူးနိုင်တော့ပါဘူး။ ဒါပေမဲ့ အဲဒီလို Protect မလုပ်သေးခင် Stick ထဲမှာ ရှိသမျှ data တွေအကုန်လုံးကို အရင်ယူထားလိုက်ပါ။ ဘာကြောင့်လဲဆိုတော့ Protect လုပ်တဲ့အခါမှာ Stick ထဲမှာ ရှိသမျှ data တွေအကုန်လုံးကို ဖျက်ပစ်တာမို့ပါ။

တကယ်ကောင်းတာမို့ ဗိုင်းရပ်စ်ရန်က ကင်းဝေးလိုသူတိုင်း အသုံးပြုစေချင်ပါတယ်။
ဒီနေရာမှာဒေါင်းလို့ရပါတယ် Download Naevius USB Antivirus 2.1

ဆက်ဖတ်ရန်ကျန်သေးသည်...

Monday, August 24, 2009

Network စာအုပ် ဖြန့်ဝေခြင်း

Network ကို လေ့လာချင်သူများ အတွက်ပါ။ မြန်မာလို ရေးသားထားသော စာအုပ် ဖြစ်ပါတယ်။ စာရွက် (၂၀၀)ကျော် ပါရှိပါတယ်။ ယနေ့ ခေတ်ကြီးထဲမှာ International လို့ ပြောရမယ့် Network နည်းပညာကို အနည်း အကျဉ်းမျှ မသိပါက Global ခေတ်ကြီးထဲ နေရတာ အဆင်မပြေ ဖြစ်နိုင်ပါတယ်။ (စကားကြီး စကားကျယ်နဲ့ ဟီး) အပြောကို လျော့ပြီး စာအုပ်ကို ဒီမှာ တင်ပေးလိုက်ပါတယ်။ စိတ်ဝင်စားသူများ Download လုပ်ယူနိုင်ပါတယ်။

ဆက်ဖတ်ရန်ကျန်သေးသည်...

WinRAR Software

သူငယ်ချင်းမိတ်ဆွေအပေါင်းတို့ လိုချင်နေတဲ့ WinZip အစား WinRaR လေး ဖော်ပြပေးလိုက်ပါတယ်။ WinZip နဲ့ WinRaR က သုံးရတာချင်း အတူတူဖြစ်သလို ကွာခြားမှု မရှိပါဘူး။ ဒါကြောင့် WinRaR ကိုအမြဲတမ်းသုံးနိုင်ရန် Crack ဖိုင်လေး ထည့်သွင်းပေးပြီး ဖော်ပြပေးလိုက်ပါတယ်။ ဒီတွင် Dowload လုပ်ယူပါ။

ဆက်ဖတ်ရန်ကျန်သေးသည်...

Oxford English Dictionary



အင်္ဂလိပ်စာ လေ့လာသူများ၊ ဘာသာပြန်သူများ လက်စွဲဖြစ်တဲ့ Oxford English Dictionary ကို ဖော်ပြပေးလိုက်ပါတယ်။ ဒီဆော့ဝဲလ်ရဲ့ ထူးခြားချက်ကတော့ မိမိတို့ရဲ့ စက်မှာ Install လုပ်စရာမလိုပဲ သုံးစွဲ၍ ရခြင်းပါ။ Install လုပ်စရာ မလိုသည့်အတွက် စက်လေးလံခြင်းကိုလဲ အနှောင့်အယှက် မဖြစ်နိုင်ပါ။ ဒီမှာ Download လုပ်ယူပါ။

ဆက်ဖတ်ရန်ကျန်သေးသည်...

Thursday, August 20, 2009

English-Myanmar-English Dictionary

အွန်လိုင်းမှာ ထူးခြားမှုလေး ရှိလာတော့ မိမိ စာဖတ်ပရိသတ်ကိုလည်း လက်တို့ချင်တာ အကျင့်တစ်ခုလို ဖြစ်နေပြီ။ မြန်မာနိုင်ငံက ပြုလုပ်ထားတဲ့ အင်္ဂလိပ်-မြန်မာ၊ မြန်မာ-အင်္ဂလိပ် အဘိဓာန်လေးပါ။ သိပ်ကို ကောင်းလွန်းလို့ စာဖတ်ပရိတ်သတ်ကြီးကိုတင်ပြပြီးအသုံးဝင်မယ်လို့ထင်ပါတယ်။

အဘိဓာန်ဆိုတာ အင်္ဂလိပ်စာ လေ့လာလိုက်စားနေတဲ့ လူများအတွက် မရှိမဖြစ် လိုအပ်နေတဲ့ အရာပါ။ ဒါကို မြန်မာနိုင်ငံသားတွေ အပင်ပန်းခံပြီး ပြုလုပ်ပေးထားပါတယ်။ လူတိုင်းသုံးစွဲပြီး ကြိုက်ကြရင် ပြုလုပ်တဲ့ မြန်မာနိုင်ငံသူ၊သားများလဲ ၀မ်းသာပိတိ ဖြစ်ရမှာပါ။ ပြောနေကြာတယ်။ အဘိဓာန်ကို ဒီမှာယူ။ အသေးစိတ်ကို ဒီမှာ ဖတ်ပါ။ အဆင်ပြေ စေချင်တဲ့။

ဆက်ဖတ်ရန်ကျန်သေးသည်...

ပျောက်သွားတဲ့ ဖိုင်တွေ ပြန်ရဖို့

data-doctorယူအက်စ်ဘီ ဒရိုက်ကလေး ဗိုင်းရပ်စ်ကိုက်သွားလို့ ဖိုင်တွေ အားလုံး ပျောက်သွားသလား။ မှားပြီး ဖော်မတ်လုပ်မိလို့ ဖိုင်တွေပျောက်သွားသလား။ စိတ်မပူပါနဲ့။ ဒီဆော့ဝဲနဲ့ ပြန်ရှာရင် အားလုံးပြန်ရပါလိမ့်မယ်။

Data Doctor Recovery Pen Drive လို့ အမည်ရတဲ့ ဒီဆော့ဝဲက PenDrive အပြင် Memory Card တို့လို Storage မျိုးစုံအတွက်လည်း အလုပ်လုပ်ပေးပါမယ်။

Download

mediafire link(download 3.6mb)

Install
အင်စတောတာကတော့ ထုံးစံအတိုင်းပါဘဲ။ open လုပ်ပြီး next တွေကို ကလစ်လုပ်သွားပါ။ အင်စတော ပြီးသွားရင် Serial box ပေါ်လာပါမယ်။ အဲဒီမှာ ပေးထားတဲ့ Name, Key တွေကို မှန်အောင်ဖြည့်ပါ။ အခြား email တို့လိုကိုတော့ ကြိုက်တာဖြည့်နိုင်ပါတယ်။ အိုကေလုပ်ပြီးရင် စသုံးလို့ ရပါပြီ။

data-doctor-recovery1

Usage

၁။ ဖိုင်တွေပျောက်သွားတဲ့ PenDrive ကို ကွန်ပြူတာမှာ တပ်ပါ။
၂။ Data Recovery Pen Drive ကို ဖွင့်ပါ။
၃။ ဘယ်ဘက်ခြမ်းမှာ ကိုယ့်ဒရိုက်အမည် ပေါ်လာပါမယ်။ အဲဒါကို ရွေးပြီး Advance Search ကို ကလစ်ပါ။ ညာဘက် အောက်ဒေါင့်က next ကို ကလစ်ပါ။

data-recovery

၎။ နောက်တဆင့်မှာPartition Type ရွေးခိုင်းရင် FAT16, FAT32 တခုခု ရွေးပေးပါ။ (တခုမရရင် နောက်တခု ရွေးပါ။ PenDrive အများစုက FAT32 ဖြစ်တာ များပါတယ်။) ရွေးပြီးရင် next ကို ကလစ်ပါ။ ဖိုင်တွေကို scan လုပ်တာကို စောင့်ပါ။ ပြီးသွားရင် next ကို ထပ်ကလစ်လုပ်ပါ။

data-recovery2

၅။ ဘယ်ဘက်ခြမ်းမှာ DIR တွေ ပေါ်လာပါမယ်။ ကိုယ်ပြန်ရယူလိုတဲ့ ဖိုင်တွေပါတဲ့ DIR ရှေ့က check box တွေကို check လုပ်ပေးပါ။ အားလုံးကို လိုချင်ရင်တော့ အပေါ်ဆုံးက Root ကို Check လုပ်ပါ။

ပြီးရင် Save ကို ကလစ်ပါ။ နောက်ထပ်ပေါ်လာတဲ့ box မှာ သိမ်းမယ့်နေရာရွေးပြီး OK ကို ကလစ်လိုက်ရင် ပျောက်သွားတဲ့ ဖိုင်တွေ ပြန်ရလာပါလိမ့်မယ်။

data-recovery3

ဆက်ဖတ်ရန်ကျန်သေးသည်...

Gtalk ထဲမှာ Gmail မသုံးပဲ ပုန်းရအောင် ...

ကျောင်းဖွင့်တော့မှာ မို့လို့ စာမရေးပဲ နားနေတာ .. အားယူနေတာလေ .. ။ :P Gtalk မှာ Invisible ဖြစ်အောင် Gmail က လုပ်တာတော့ လူတိုင်းသိပြီးသားပါနော် ။ ပုန်းနေတဲ့လူ ရှာတာလည်း သိပြီးသား နေမှာပါ။ (အခု ပြောမယ့် နည်းနဲ့ လုပ်ရင် ပုန်းနေမှန်း ရှာလို့ မသိနိုင်ပါ )။ Gmail မပါပဲ Invisible လုပ်ကြရအောင် ..။ အားသာချက်ကတော့ သုံးကြည့်ရင် သိမှာပေါ့ဗျာ .. ။ Gmail ထဲက talk ရတာ ဘယ်လောက်ဒုက္ခ ရောက်လဲ ပုန်းနေကျ လူတွေ သိမှာပေါ့။ ဒီ Software လေးက ကြာပါပြီ ။ ဟိုတစ်နေ့က မမိုးက မေးလို့ သတိရတာနဲ့ ရေးလိုက်တာ ။ အောက် က PSI ဆိုတာလေး Download ချလိုက်ပါဦး ။

PSI
Image Hosting by Picoodle.com

အဲဒါလေး Run လိုက်ရင်ပါ။ PSI က Connection လုပ်ဖို့ တစ်ခုခု ပေါ်လာရင် Cancel ပဲ ပေးလိုက်ပါ။ အောက်ပါအတိုင်း PSI အောက်ခြေက icon လေးကို နှိပ်ပြီး Account Setup ကိုဆက်နှိပ်လိုက်ပါ။
Image Hosting by Picoodle.com


အောက်ပါအတိုင်း ပေါ်လာတဲ့ box မှာ Add ကိုနှိပ်ပါတယ်။
Image Hosting by Picoodle.com

Name နေရာမှာ Google talk လို့ ဖြည့်လိုက်ပါတယ်။ Add ကိုနှိပ်ပါတယ်။
Image Hosting by Picoodle.com

ID နဲ့ Password နေရာမှာ Gmail account တစ်ခု ကို ဖြည့်ပေးလိုက်ပါ။ ပြီးရင် Connection ဆိုတာကို ဆက်နှိပ်ပါ။
Image Hosting by Picoodle.com

Manually ဆိုတာကို check ပေးပြီး အောက်ပါအတိုင်း Host မှာ talk.google.com လို့ ရေးလိုက်ပါ။ ပြီးရင် Save ။
Image Hosting by Picoodle.com

အောက်ပါအတိုင်း ဖြည့်လိုက်တဲ့ nick ကို မြင်ရပါပြီ။ Google talk ဆိုတာကို click တစ်ချက်ပေးပြီး အောက်ခြေက Offline ပြနေတာလေးကို နှိပ်ပြီး Online လို့ပေးလိုက်ပါ။ Connection လုပ်နေတာ မြင်ရပါလိမ့်မယ်။
Image Hosting by Picoodle.com

အောက်ပါအတိုင်း ပဲ နစ် sign in ဖြစ်သွားပါပြီ။ (Gtalk ထက်ကို ပိုမြန်ပါတယ်) ပြီးရင်တော့ Google talk ဆိတဲ့ နေရာကို R-Click လုပ်ပြီး XML console ကို နှိပ်ပါ။
Image Hosting by Picoodle.com

အောက်ပါအတိုင်း ပေါ်လာတဲ့ box မှာ Enable ကို check ပေးပြီး XML Input ကို နှိပ်ပါတယ်။
Image Hosting by Picoodle.com

ပေါ်လာတဲ့ box မှာ ဒါလေးကူးပြီး ထည့်ပေးလိုက်ပါ။
{{{

5


5

}}}

Image Hosting by Picoodle.com

ဖြည့်ပြီးရင် Transmit ကိုနှိပ်ပေးပါ။
Image Hosting by Picoodle.com

အောက်ပါအတိုင်း စာလုံး အနီတွေနဲ့ ပေါ်ပါတယ်။ ခဏ စောင့်ပေးလိုက်ပါ။
Image Hosting by Picoodle.com

အောက်က ပြထားသလို စာလုံး အ၀ါနဲ့ ပြလာပြီ ဆိုရင် Close ကို နှိပ်ပြီး ပိတ်လိုက်ပါ။
Image Hosting by Picoodle.com

ပြီးရင်တော့ တစ်ခြား nick တစ်ခုကို Gtalk ဖွင့်ပြီး စမ်းကြည့်ပေါ့ဗျာ ..(ပြောခဲ့ ပြီးပြီနော် invisible စမ်းတဲ့ နည်းနဲ့ လည်း ပုန်းနေမှန်း မသိဘူး လို့ ။ စမ်းဖြစ်အောင် စမ်းလိုက်ဦးနော် .. ) ။ ဆက်ပြီးတော့ မြန်မာ Font ပေါ်အောင် Zawgyi ပြောင်းတာပါ ရေးပေးလိုက်ပါ့မယ်။ PSI ရဲ့ General ဆိုတာကို နှိပ်ပြီး Options ကို click ပါတယ်။
Image Hosting by Picoodle.com

အောက်ပါအတိုင်းပေါ်လာတဲ့ box မှာ Appearance ကို နှိပ်ပါ။ Font တွေကို Choose နှိပ်ပြီး Zawgyi one ပြောင်းပေးလိုက်ပါ။
Image Hosting by Picoodle.com

မြန်မာ စာလုံးတွေ ပေါ်လာပါလိမ့်မယ်။ အားသာချက်ရှိသလို အားနည်းချက်တွေလည်း ရှိတာပေါ့ဗျာ ။ Gmail တစ်ခုတည်းတင်မက တစ်ခြားနေရာကလည်း Invisible လုပ်ပြီး chat လို့ရတယ် ဆိုတာ သိသွားရုံလေး ပြောပြတာပါ။ စမ်းသပ် အဆင်ပြေကြပါစေ။

ဆက်ဖတ်ရန်ကျန်သေးသည်...

Thursday, August 13, 2009

Online မှာ Storage 50GBပမာဏသိမ်းထားချင်ရင်

ကဲ အလုပ်ကလဲမအား ပြောပြချင်နေတာကလဲ ဆန္ဒစောနေတာကြောင့် တိုရင်းနဲ့လိုရှင်းပဲပြောပါမယ် ..
အခုဆိုက်လေးကိုသွားလိုက်ပါ signup လုပ်လိုက်ပါ Online မှာ file များကို 50 GB ပမာဏအထိ ပေးသုံးထားပါတယ် .. အဆင်ပြေနိုင်ကြပါစေဗျာ .. သူငယ်ချင်းများကို download လင့် share ခွဲပေးချင်လဲရပါတယ်
ကဲလင့်လေးက ဒီမှာ ပါ ...
မသုံးတတ်တဲ့သူများ comment ချန်ထားပေးခဲ့ပါ .. ကျွန်တော် ထပ်ပြီး သုံးစွဲပုံ သုံးစွဲနည်း တင်ပေးပါ့မယ် .. တစ်ကယ်လို့ မချန်ထားခဲ့ရင်တော့ နားလည်တယ်လို့သဘောထားလိုက်ပါမယ် ..

ဆက်ဖတ်ရန်ကျန်သေးသည်...

အင်တာနက်ကို၂၀%မြန်အောင်လုပ်နည်း

စတင်လုပ်ရမှာကတော့....
1. Start Menu--->> Click Run ကိုရွေးပါ။
2. Type gpedit.ms c ရိုက်ပါ။
3. Enter ခေါက်ပါ။
4. ဘယ်ဘက်ခြမ်းက Computer Configuration ကို Expand လုပ်ပါ။
၅. Administrative Templates ကို Expand လုပ်ပါ။
၆. Network ကို Expand လုပ်ပါ။
၇. Qos Packet Scheduler ကိုရွေးပါ။
၈. ပြီးလျှင် ညာဘက်ခြမ်းက Limit Reservable Bandwidth ဆိုတဲ့စာကြောင်းပေါ်မှာ double Click နှိပ်ပါ။
၉. Limit Reservable Bandwidth Properties box မှာ Enable option ကိုရွေးပါ။
၁၀. Bandwidth Limit [%] box မှာ 0% ကို 20 % ပြောင်းပြီး ok နှိပ်ထွက်ပါ။
ဒါဆိုရင် ပိုမြန်လာပါလိမ့်မယ်..။

ဆက်ဖတ်ရန်ကျန်သေးသည်...

English - Karen-Burmese Dictionary




Eglish-ဗမာ-ကရင် Dictionary လေးပါ ။Comment ထဲမှာတွေ့လို့တင်ပေးလိုက်ခြင်း ဖြစ်ပါ၏ .ကရင် font အတွက်တော့ knu ဆိုတဲ့ font ကို font folder ထဲမှာ သွားထည့်ဖို့တော့လိုပါတယ် ...NET Framework (2.0) လေးလည်းလိုပါတယ်ဗျာ .. window ထဲမှာ Framework မရှိရင်တော့အရင်ဦးဆုံး ဒါလေးကို download ချပြီး install လုပ်ဖို့တော့လိုပါတယ်ဗျာ ..ပြီးရင်အောက်ကဆိုက်တွေထဲကကြိုက်တာကိုရွေးပြီးဒေါင်းလိုက်ပါတော့

http://ifile.it/i4k3f08
http://www.zshare.net/download/63988837a4bc792b/
http://www.megaupload.com/?d=X8IY5LWZ
http://www.mediafire.com/?2fkou03mzor
အဆင်ပြေပါစေ ...

ဆက်ဖတ်ရန်ကျန်သေးသည်...

Wednesday, August 12, 2009

Windows Installation ( XP )


အခုဒီWindow XP Installaction စာအုပ်မှာWindow XPကိုဘယ်လိုInstallaction လုပ်မယ်ဆိုတာကိုအသေးစိတ်မြန်မာလိုရှင်းလင်းထားပါတယ်။နောက်ပြီးMotherboard အမျိုးအစားနှစ်ခုဖြစ်တဲ့Intel&Asus boardတွေပေါ်မှာဘယ်လိုInstallလုပ်တယ်ဆိုတာ
ကိုရှင်းလင်းထားပါတယ်။ကဲပြောတာကြာတယ်ဖတ်ချင်စမ်းချင်ရင်တော့အောက်ကLinkလေးကို
Click ပြီးစမ်းလိုက်ပါတော့.................

Download Windows Installation ( XP ) E - Book




ဆက်ဖတ်ရန်ကျန်သေးသည်...

Tuesday, August 11, 2009

Format Factory 2.0

Format Factory လို့ နာမည်ပေးရလောက်အောင် File type စုံတဲ့ Converter တစ်ခုပါဗျာ .. Audio , Video , Image ဖိုင်တွေ အပြင် CD Image ဖိုင်တွေကိုလည်း Convert လုပ်ပေးနိုင်ပါတယ်။ Software အသစ်လည်းဖြစ် freeware လည်းဖြစ်ဆိုတော့ ပြောစရာကိုမလိုတော့ဘူးပေါ့။ ရှည်ရှည်ဝေးဝေးလည်း ရှင်းပြမနေတော့ပါဘူး။ Converter က Converter ပဲလေ။ ပြောင်းချင်တဲ့ဖိုင်ထည့် format ရွေးပြီး ပြောင်း။ ဒါပဲကို ... ရှင်းပြနေဖို့မလိုလောက်ဘူးထင်ပါတယ်။


Download From Mediafire (Format Factory 2.0)

Download From Zshare (Format Factory 2.0)

ဆက်ဖတ်ရန်ကျန်သေးသည်...

အယ်ဖိုး © 2008 Template by:
SkinCorner