Friday, December 18, 2009

ကရင်နှစ်သစ်ကူး


Mae La Refugee Camp တွင်ကရင်အမျိုးသားအလံကို လွင့်တင်ခြင်းအခွင့်မပေးသောကြောင့်..
ကရင်အလံကိုမိုးပျံပူပေါင်းဖြင့်လွင့်တင်နေသောပုံ....မှတ်ချက်။ ။Mae La Refugee Camp သည်ထိုင်းနိုင်ငံအတွင်းမှာရှိသောကြောင့်ကရင်အလံကိုတင်ခွင့်မပေးပါ။ထို့ကြောင့်ကရင်အလံကို
ရသောနည်းဖြင့်တင်ဖြစ်အောင်တင်လိုက်ပါသည်။

ပထမဆုံးသော ကရင်နှစ်သစ်ကူးနေ့ အသံလွှင့်မိန့်ခွန်း

ယနေ့သည် သမိုင်းဝင်နေ့ဖြစ်ပါသည်။ အစိုးရက တရားဝင် အသိအမှတ်ပြုသော ကရင်အမျိုးသား နေ့လည်း ဖြစ်ပါသည်။ ဤနေ့ရက်သည် ကရင်တမျိုးသားလုံး၏ မင်္ဂလာအခါနေ့လည်း ဖြစ်ပါသည်။

တသီးတခြား၊ တကွဲတပြား နေထိုင်လာခဲ့ကြရာမှ ကျွန်ုပ်တို့သည် ယနေ့မှစ၍ တိုင်းရင်းသားအားလုံး၏ အရေးအခင်းနှင့် နိုင်ငံတော် အရေးအခင်းတွင် ပါဝင်ဆောင်ရွက် ရပါမည်။ လူဦးရေ နှစ်သန်းကျော်မျှရှိသော ကရင်အမျိုးသားများသည် မြန်မာပြည်၏ ကြမ္မာကို ဖန်တီးရာ၌ အဓိကကဏ္ဍမှ ပါဝင်နိုင်ကြမည်ဟု ယုံကြည်ပါသည်။

ကျွန်ုပ်တို့လူမျိုး ဆိတ်သုဉ်းမသွားပဲ တည်ရှိနေခဲ့သည်မှာ မည်သည့်အဖွဲ့အစည်း၊ မည်သည့်အုပ်ချုပ်ရေးစနစ်၊ မည်သူတို့၏ ပယောဂ ကျေးဇူးကြောင့်မှ မဟုတ်ပဲ ကျွန်ုပ်တို့၏ ထူးခြားသော ပင်ကိုယ်အရည်အချင်း များကြောင့်သာ ဖြစ်ပေသည်။ ပရိယာယ်မရှိ၊ ရိုးသားကြသည်။ စိတ်ထား ဖြောင့်မတ်ကြသည်။ ဂီတကို မြတ်နိုးသည်။ ဘုရားတရားကို လေးစားသည်။ အခြားသော တိုင်းရင်းသားလူမျိုးများနှင့် ဒိုးတူပေါင်ဖက် ဆက်ဆံပေါင်းသင်း သွားခြင်းဖြင့် ကျွန်ုပ်တို့၏ အမျိုးသား ဂုဏ်သိက္ခာ အရည်အချင်းများကို ခိုင်မာအောင် ထိန်းသိမ်းခြင်းဖြင့် မြှင့်တင်ခြင်းများ ပြုနိုင်သည်ဟု ယုံကြည်ကြသည်။

ကျွန်ုပ်တို့တတွေ ဆုံးဖြတ်ချက်ချရမည့်အချိန် ကျလာခဲ့ပါပြီ။ ကျွန်ုပ်တို့သည် ယခင်ကဲ့သို့ပင် တသီးတခြား ရပ်တည်၍ မိမိတို့ဘ၀ ရပ်တည်ရေးအတွက် ရပ်တည်ကြမည်လော သို့တည်းမဟုတ် မြန်မာနိုင်ငံ၏ ကြမ္မာကို ဖန်တီးရာ၌ တတပ်တအား လက်တွဲပါဝင် ဆောင်ရွက်ကြမည်လော။

ကျွန်ုပ်တို့သည် ကရင်တမျိုးသားလုံး၏ စည်းလုံးမှုကို တည်ဆောက်ရင်း၊ ညီညွတ်သော မြန်မာနိုင်ငံအဖြစ်သို့ ပါဝင် ဆောင်ရွက် ကြိုးပမ်းကြမည်။ ကျွန်ုပ်တို့ ကရင်အမျိုးသား ခေါင်းဆောင်များ အနေဖြင့် ကိုယ်ကျိုးမဖက်၊ မကြောက်မရွံ့ဘဲ လူမျိုးရေးနှင့် ဘာသာရေး အာဃာတ အလျဉ်းကင်းစင်သော စိတ်ထားဖြင့် တိုင်းပြည်နိုင်ငံတော် အကျိုးစီးပွားကို ဦးလည်မသုန် ဆောင်ရွက်ကြမည်။

ယနေ့အချိန်အခါတွင် ကျွန်ုပ်တို့ အမျိုးသား အမွေအနှစ်များ၊ ရှေးဟောင်း ကဗျာ၊ လင်္ကာပုံပြင်များ၊ ကရင်ပညာရှိများနှင့် ရိုးရာ ယွာ ဘုရားသခင်ကို သတိရအောက်မေ့လျက် ယင်းတို့၏ ဆုံးမသြ၀ါဒကို ပြန်လည် ကျင့်သုံးကြပါမည်။ ကျွန်ုပ်တို့သည် ပုဂ္ဂိုလ်တဦးချင်း အနေဖြင့် လည်းကောင်း၊၊ တအိမ်တမိသားစု အနေဖြင့်လည်းကောင်း၊ ဘ၀သစ် တရပ်ကို ပါဝင်ဖန်တီး ဆောင်ရွက်သွားနိုင်မည်ဟု ယုံကြည်သည်။

ခေတ်နှင့်လျှော်ညီစွာ တွေးခေါ်စိတ်ကူးလျက် အကျိုးဖြစ်ထွန်းမည့် လုပ်ငန်းများ ကြံဆချမှတ်ကာ ကြောက်ရွံ့မှုကင်းစွာ နေထိုင် ကျင့်ကြံခြင်း ပြုလျက် အခြားသော တိုင်းရင်းသားများနှင့် တစိတ်တ၀မ်းတည်း ကျရာကဏ္ဍမှ စည်းလုံးညီညွတ်သော လူမျိုးများ ပေါင်းဆုံထားသည့် မြန်မာနိုင်ငံအဖြစ် တာဝန်ယူသွား ကြမည်။

ထို့ကြောင့် ကျွန်ုပ်တို့တတွေသည် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး အကျိုးပြု လုပ်ငန်းများတွင် ဖော်ပြပါ ယုံကြည်ချက်များအတိုင်း ကိုယ်စွမ်း ဉာဏ်စွမ်း ရှိသရွေ့ အားသွန်ခွန်စိုက် ဆောင်ရွက်ကြရန် ယနေ့ရက်မြတ် - ကရင်နှစ်သစ် မင်္ဂလာအချိန်တွင် အဓိဋ္ဌာန်ပြုကြပါစို့။

ဆက်ဖတ်ရန်ကျန်သေးသည်...

Friday, December 11, 2009

Botton Page ပြုလုပ်နည်း


မေးထားတာတော့ ကြာပါပြီ။ မိမိ မအားတာနဲ့ မရေးဖြစ်တာပါ။ အမှန်တော့ ဒီလုပ်နည်းကို မရေးချင်ပါဘူး။ ဘလော့ တော်တော်များများမှာ ရေးသားထားတာ မြင်ဖူးလို့ပါ။ ဒါပေမယ့် အဲဒီဘလော့တွေကို ညွှန်းဖို့အတွက် လင့်တွေ မေ့နေတာနဲ့ မိမိလုပ်ထားတာကို ရေးသားဖော်ပြလိုက်ပါတယ်။ အောက်က အဆင့်တွေအတိုင်း လုပ်ပေးပါ။

၁) Layout မှာ Add a Gadget က HTML/JAVA ကို Click လုပ်ပါ။
၂) အောက်က ကုဒ်တွေကို ကော်ပီ ကူးထည့်ပါ။



၃) Save လုပ်ပါ။
၎) Blog Posts အောက်ခြေကို ရွှေ့လိုက်ပါ။ ဒါဆို ရပါပြီ။

ဆက်ဖတ်ရန်ကျန်သေးသည်...

Tuesday, December 1, 2009

အခမဲ့ရနိုင်တဲ့ email လိပ်စာများစာရင်း


အခမဲ့ရနိုင်တဲ့ email လိပ်စာများစာရင်း

http://www.30gigs.com Storage ပမာဏ 30GB (1GB = 1024MB) ရနိုင်ပါတယ်။
http://www.aussiemail.com သြစတြေးလျ email service တစ်ခုကနေ ကျောင်းသားသုံး ရည်ရွယ်ပြီး ဖန်တီးပေးထားတာပါ။
http://www.aim.com America Online ရဲ့ service ဟာ အခမဲ့ အသုံးပြုသူတွေအတွက် 5GB ပမာဏပေးထားပြီး နောင်မှာ unlimited အထိတိုးမြှင့်ပေးပါလိမ့်မယ်။
http://www.bigstring.com acount အမျိုးမျိုး ခွဲခြားထားပြီး 2GB ကနေ 20 GB အထိ သိုမှီးပမာဏ ဖန်တီးပေးထားပါတယ်။ ထူးခြားတဲ့ စနစ်နဲ့ နည်းပညာကို အသုံးပြု တည်ဆောက်ထားတဲ့အတွက် အသုံးပြုသူဟာစိတ်ချမ်းသာမှု ရစေပါမယ်လို့ ကတိပြုထားပါတယ်။
http://www.bluebottle.com spamတွေကို ကာကွယ်ဖို့ မြင့်မားတဲ့ tools တွေကို သုံးစွဲပြီး ပေးပို့သူနဲ့လက်ခံသူနှစ်ယောက်ကြား မှာရှိတဲ့ ဆက်ဆံရေးကိုမူတည်ပြီး ယုံကြည် စိတ်ချရမှုရှိ၊ မရှိ ဆိုတာကိုတောင် ရွှေးချယ်ပေးပါတယ်။
http://www.canada.com ကနေဒါတစ်နိုင်ငံလုံးမှာ သတင်းမွှေးနေတဲ့ Email တစ်ခုပါ။
http://www.canoe.ca ကနေဒါ service provider တစ်ခုရဲ့ လိပ်စာပါ။
http://www.care2.com အခမဲ့ သုံးစွဲနိုင်တဲ့ service တစ်ခုဖြစ်သလို user က ယုံကြည်စိတ်ချမှုရှိပြီး သဘောကျခဲ့မယ်ဆိုရင် တော့အလှူငွေ ပါဝင်လှူဒါန်းနိုင်ပါတယ်။ အဲဒီ ဒါနတရားဟာ ကမ္ကာတစ်ဝန်းလုံးမှာရှိတဲ့ မဖွံ့ဖြိုး၊ မတိုးတက်သေးတဲ့ နေရာတွေအတွက် ရည်ရွယ်ပါတယ်။
http://www.DCEmail.com ၀ါရှင်တန်ဒီစီရဲ့အခမဲ့ဝန်ဆောင်မှုတစ်ခုပါ။
http://www.dbzmail.com ကာတွန်းတို့ ပန်းချီတို့နဲ့ ပက်သက်တဲ့ စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်တဲ့ “out-blaze” ရဲ့ service တစ်ခုဖြစ်ပါတယ်။ ကာတွန်းချစ်သူတွေ အချင်းချင်း ဆက်သွယ်ပြီး အမြင်တွေကို ဖလှယ်ရင်း ဝေမျှခံစားနိုင်ပါတယ်။
http://www.DidaMail.com အင်္ဂလိပ်၊ အာရေဗျ ဒီဇိုင်းနှစ်မျိုးနဲ့ နှစ်သက်ရာရွေးချယ်နိုင်ပြီး POP3 acount တွေကို ပေးပိုနိုင်တယ် လို့ဆိုပါတယ်။
http://www.emailaccount.com domain အခွဲပေါင်း မြောက်မြားစွာရှိတဲ့ အခမဲ့ဝန်ဆောင်မှုတစ်ခုပါ။
http://www.fastmail.fm သိုလှောင်မှုပမာဏ နည်းပါးပေမယ့် စာပို့ခြင်းနဲ့ လက်ခံယူခြင်းတို့မှာ အလွန်မြန်ဆန်ပြီး လူကြိုက်များပါတယ်။
http://www.gawab.com ဘာသာစကား ၁၂ မျိုးကျော်နဲ့ သုံးစွဲလို့ရတဲ့ 1GB Mail ပါ။
http://www.Gratfiti.net သိုလှောင်မှုပမာဏ 100 MB အထိ ပေးထားပါတယ်။
http://www.hotpop.com online သိုလှောင်မှု 100 MB ရရှီစေပါတယ်။
http://www.hushmail.com Email တွေနဲ့ ဖိုင်တွေကို လုံခြုံမှုဝှက်စာနဲ့ ပို့ဆောင်ပေးပါတယ်။
http://www.icqmail.com အခမဲ့ကို 6MB သာ ပေးအပ်ထားပေမယ့် တခြား IM နဲ့ အသုံးဝင်တဲ့ features တွေအများအပြား ရှိနေပါတယ်။
http://www.inbox.com 5 GB ပေးထားပြီး IMAP ချိတ်ဆက် ရရှိစေပါတယ်။
http://ww.indiatimes.com Calendar တစ်ခုနဲ့ Mail Alert တစ်ခုပါဝင်ပြီးအိန္ဒိယနိုင်ငံရဲ့ ဘာသာစကား အပါအ၀င် language ပေါင်း ၁၂ မျိုးနဲ့ သုံးစွဲနိင်ပါတယ်။
http://ww.InMail24.com POP3/ IMAP တွေကို လက်ခ့တဲ့အတွက် 16 MB သာ ပေးအပ်ထားပေမယ့် ကိုယ့်ရဲ့ Email တွေကို outlook ကနေ တစ်ဆင့် ချိတ်ဆက်လို့ ရနိုင်ပါတယ်။
http://www.jubli.com ဖိုင်တွေကို upload တင်လို့ ရသလို chat နဲ့ voip ကိုပါ ပေးအပ်ထားတဲ့ Email ၀န်ဆောင်မှုတစ်ခုဖြစ်ပါတယ်။
http://www.linuxmail.org Linux OS ရဲ့ အဆင်အပြင်နဲ့ အခမဲ့ service တစ်ခုပါ။
http://www.litepost.com Alpha (စမ်းသပ်ဆဲ ကာလ) အဆင့်သာရှိသေးပေမယ့် online ရဲ့ e-mail သုံးစွဲသူ လောကမှာတော့သတင်းမွှေးပျံ့လျက်ရှိပါတယ်။
http://www.lycosMail.com 3 GB ပေးထားပြီး attachments ကိုတော့ limit နကန့်သတ်ဘူးလို့ ကြေညာထားပါတယ်။
http://www.hotmail.com Microsoft ကုမ္ပဏီရဲ့ ၀န်ဆောင်မှု တစ်ခုပါ။ စတင် ယူယူချင်းမှာ 250 MB ရရှိပေမယ့် invite letter ရှာဖွေ နိုင်ခဲ့မယ်ဆိုရင် 2GB ပမာဏအထိ ရနိုင်ပြီး ကြော်ငြာတွေကိုပါ လျှော့ချပစ်နိုင်ပါလိမ့်မယ်။
http://www.dora.com 2 GB ပေးထားပြီးနှစ်သက်ဖွယ်ရာအသွင် အပြင်ရှိပါတယ်။
http://www.mailsnare.net အခမဲ့အသုံးပြုသူတွေအတွက် 40 MB သုံးစွဲခွင့် ရှိပါတယ်။
http://www.mailzworld.com အဆုံးအစမရှိ သိုလှောင်မှု ပမာဏ ရရှိပါတယ်။
http://www.Merseymail.com လီဗာပူးတက္ကသိုလ်ရဲ့ ကျောင်းသားများ အတွက် ရည်ရွယ် ထုတ်ဝေ ထားခဲ့တဲ့ mail တစ်ခုပါ။
http://www.muchomail.com 25 MB သိုလှောင်နိုင်ပါတယ်။
http://www.myway.com ရှင်းလင်းသပ်ရပ်တဲ့ Email လှလှကလေး တစ်ခု ဖြစ်ပါတယ်။
http://webmail.opera.com opera browser ကိုသုံးစွဲကြသူတွေအတွက် ရည်ရွယ်ထားတဲ့ webmail ဟာ 3 MB သိုလှောင်မှုပေးပါတယ်။
http://www.outhun.com “Out-blaze” ရဲ့ အိမ်ရှင်မတွေအတွက် ရည်ရွယ်ထားတဲ့ ၀န်ဆောင်မှုတစ်ခုပါ။
http://www.postmaser.co.uk ရှေးကျတဲ့ e-mail တစ်ခုပါ။ 1 GB သိုလှောင်ခွင့် ပေးထားပြီး provide က UK မှာ ရှိနေပါတယ်။
http://www.prontomail.com attachment ကို 2MB အထိ ပေးထားတဲ့ 25MB ပမာဏ အီးမေးလ်တစ်ခုပါ။
http://www.rediff.com 1 GB ပမာဏ သိုလှောင်မှုနဲ့အတူ 10 MB attachment ရရှိစေတဲ့ အိန္ဒိယ အခြေစိုက် ၀န်ဆောင်မှုတစ်ခု ဖြစ်ပါတယ်။
http://www.runbox.com 10 GB ပမာဏကို စမ်းသပ်ခွင့် သုံးလပေးထားပါတယ်၊၊ အခမဲ့သမားတွေအတွက်အမှန်တကယ် သုံးစွဲနိုင်တာက 1GB/ 10 MB ဖြစ်ပါတယ်။
http://www.sacmail.com 3.5 MB အထိ file ချိတ်ဆက်လို့ရတဲ့ e-mail တစ်ခုဖြစ်ပြီး 25 MB ပမာဏ ပေးအပ်ထာပါတယ်။
http://www.safe-mail.net 3 MB သာ storage ပေးထားပေမယ့်ပေးပို့သူ တွေအတွက်ကိုတော့ လုံခြုံရေး မြင့်မြင့်မားမား တည်ဆောက်ထားပါတယ်။
http://www.ureach.com NGO အဖွဲ့အစည်းတစ်ခုရဲ့ အခမဲ့ ၀န်ဆောင်မှုတစ်ခုပါ။
http://vfemail.net 15 MB ရှိပြီး up-grade ကိုတော့ ငွေပေးဝယ်ယူရပါမယ်။
http://www.zilladog.com ကလေးတွေအတွက် ရည်ရွယ်ပြီး ဂိမ်းတွေ ဆော့ကစားနိုင်စေဖို့သူငယ်ချင်းတွေနဲ့ e-mail အပြန်အလှန် ပို့ဆောင်စေဖို့ ဖန်တီးထားပါတယ်။
http://www.yahoo.com/mail ရှေးအကျဆုံးနဲ့ များပြားတဲ့ domain ပေါင်းစုံရှိနေတဲ့ service ပါ။ yahoo ကုမ္ပဏီရဲ့အပိုင် ဖြစ်ပါတယ်။

Email Tools

http://www.fuser.com Gmail,yagoo mail တို့လို Email အသုံးပြုနေရင်းနဲ့ inbox အတွင်းမှာ chat/IM အသုံးပြုလို့ရအောင် စီစဉ်ပေးထားပါတယ်။
http://www.grab.com Grab Mail ကိုသုံးစွဲနေရင်းနဲ့ အခြားသော mail တွေကို account တစ်ခုတည်းနဲ့ စစ်ဆေးလို့ ရနိုင်ပါတယ်။
http://www.jumpzemail.com ကမ္ဘာပေါ်မှာရှိနေတဲ့ internet ချိတ်ဆက်ထားတဲ့ ကွန်ပျူတာတစ်ခုခုကနေပြီးစာပို့၊ စာယူလုပ်နိုင်တဲ့ web-based mail တစ်ခုဖြစ်ပါတယ်။
http://mailweb.com POP3 IMAP တွေကို ခွင့်ပြုထားတဲ့အတွက် ISP ကနေ သတ်မှတ်ပေးထားတဲ့ mail တွေကို mail2web ကနေ တစ်ဆင့် ချိတ်ဆက်အသုံးပြုနိုင်ပါတယ်။
http://mymail.com 100 MB ပမာဏ သိုလှေင်ခွင့် ပေးအပ်ထားတဲ့အပြင် POP3 နဲ့ IMAP တို့ကိုပါ ချိတ်ဆက်နိုင်ပါတယ်။
http://www.tamadaa.com web အခြေပြု client program တစ်ခု ဖြစ်ပါတယ်။ Gmail နဲ့ yahoo mail စတာတွေကို ပေါင်းထည့်နိုင်ပြီး mail စစ်ဆေးနိုင်ပါတယ်။
http://www.techmail.com အခမဲ့ 25 MB ပေးထားပြီး ‘သင့်နာမည် @techemail.com’ ဆိုတဲ့ handle တစ်ခုကို ပိုင်ဆိုင်ရပါလိမ့်မယ်။

Miscellaneous Mail Services

http://www.earthclassmail.com ကိုယ်ဖျက်ဆီးပစ်ခဲ့ပြီး ဖြစ်တဲ့ email အဟောင်းတွေကိုတောင်မှ ပြန်လည် စစ်ဆေးကြည့်ရှုခွင့်ပေး ထားပြီး ကုမ္ပဏီရဲ့ server ထဲမှာ အထူး သိမ်းဆည်း ပေးထားပါတယ်။
http://www.futureme.org နောင်လာမယ့် တစ်နှစ် ဒါမှ မဟုတ် ငါးနှစ်စတဲ့ အနာဂတ်အတွက် ကြိုက်တဲ့ အချိန် ကို ရွေးချယ်ပြီး တင်ကြိုပေးပို့ထားနိုင်ပါတယ်။
http://www.hoaxmail.com ပို့ဆောင်သူရဲ့ email လိပ်စာတွေကို မသိစေလိုတဲ့ အခါမျိုးနဲ့ SMS သဘောမျိုး အလျင်အမြန် ပို့ဆောင်ပေးနိုင်ပါတယ်။
http://www.18r.nu နောင် ငါးနှစ် အတွက် Email တွေကို ကြိုတင်ပေးပို့ ထားလို့ ရပါတယ်။
http://www.postful.com လုံခြိုမှုပြည့်ဝစွာနဲ့ email အပို့၊ အယူတွေကို ပြုလုပ်လို့ ရသလို အခပေး user တွေ အတွက်တော့ $ 0.99 သတ်မှတ်ထားပါတယ်။
http://www.pranketh.com mail နဲ့ အတူ ပါလာနိုင်တဲ့ အဖျက်အမှောင့်ဗိုင်းရပ်စ်ပိုးမွှားတွေကို အဓိက နှိမ်နင်း ပေးပြီး၊ လိုသလို ကြည့်ရှု စစ်ဆေးနိုင်ပါတယ်။
http://www.shinyletter.com ကြွယ်ဝ များပြားတဲ့ text tools တွေရဲ့ font style မျိုးစုံ ပါဝင်ထားပြီး နှေးကွေးစွာ အလုပ် လုပ်ပါတယ်။
http://www.2prong.com Email လိပ်စာကို မသက်ဆိုင်သူများမသိရှိစေရန်ခြေရာ ဖျောက် ပို့ဆောင်ပေးပါတယ်။
http://ww.dodgeit.com အ၀င်စာကို လက်ခံရုံ သီးသန့်သာ ထားရှိချင်သော email တစ်ခုကို သုံးစွဲချင်တဲ့အခါ မျီုးမှာအလွန် အသုံးတည့်ပါတယ်။
http://www.e4ward.com အသုံးမကျသော email များ အဆမတန် forward လုပ်ဆောင်နေမှုကို ကာကွယ်နိုင်ပါတယ်။
http://www.emailions.com သင့်ကိုခြေရာမခံနိုင်စေဖို့ email လိပ်စာပေါင်း မြောက်မြားစွာကို ရယူခွင့်ပြုထားပါတယ်။
http://www.gishpuppy.com သင့်ရဲ့သာမန် email လိပ်စာကို အကာအကွယ်ပြုထားနိုင် ဖို့အတွက် ရှေ့မှနေပြီး အယောင်အဆောင် လိပ်စာတစ်ခုနဲ့ ကာကွယ်ပေးပါမယ်။
http://www.guerrillamail.com spam email တွေကို ရှောင်ရှားချုင်တဲ့ အခါမျိုးမှာ အသုံးဝင်ပါတယ်။
http://www.mailexpire.com email box ထဲမှာရှိနေတဲ့ spam တွေကို လမ်းလွှဲပစ်စေနိုင်ဖို့ အသုံးပြုနိုင်ပါတယ်။
http://www.mailnator.com spam တွေကို အဓိက နှိမ်နင်းပေးပြီး သင့်ရဲ့ email လိပ်စာအစစ်နဲ့ ချိတ်ဆက်ပြီး သုံးစွဲနိုင်ပါတယ်။
http://www.pookmail.com email လိပ်စာလေး တစ်ခုကို တစ်ရက်တာအတွက်ပဲ အသုံးပြုချင်တဲ့အခါမှာ အဆင်ပြေပါတယ်။
http://www.spam.la register လုပ်ထားခဲ့တဲ့ website တွေဆီကနေ တစ်ဆင့် ၀င်ရောက်လာတဲ့ spam တွေကို ခြေရာခံပြီး နှိပ်ကွပ်ပစ်ပါတယ်။
http://www.spambox.us မိနစ်သုံးဆယ်ကနေ တစ်နှစ်အတွင်း ကာလအတိုင်းအတာတစ်ခုအထိပဲ email လိပ်စာငယ်လေး တစ်ခုကို လိုအပ်ရင် sign up လုပ်ခွင့်ပေးပါတယ်။
http://www.spamex.com တုံ့ပြန်မှု မရှိတဲ့ email အယောင်ဆောင် ကြော်ငြာတွေကို သန့်စင်ပေးပြီး inbox ကို လုံခြုံစေပါတယ်။
http://www.spamgournet.com spam တွေ မတရားပို့နေတတ်တဲ့ လိပ်စာတွေကို နှိမ်နင်းပြီး spam တိုက်ဖျက်ရေး အဖွဲ့အစည်းကို တိုင်ကြားပေးပါတယ်။
http://www.tempinbox.com အ၀င်စာကိုသာ လက်ခံနိုင်တဲ့ အပိုလိပ်စာကို ရယူနိုင်ပါတယ်။
http://www.zoemail.com spam တွေ ရန်ကနေ ကင်းဝေးစေဖို့ မြင့်မားတဲ့စီမံခန့်ခွဲမှုတွေကို လုပ်ဆောင်နိုင်တဲ့ tools တွေ ပါဝင်ထားတယ်။

ဆက်ဖတ်ရန်ကျန်သေးသည်...

Gmail Manager

လူတစ်ယောက်မှာ Gmail account နှစ်ခု ၊ (ဒါမှမဟုတ်) သုံးခုရှိတယ် ဆိုပါစို့၊ အဲဒီိလိုအခါမျိုးမှာ မတူညီတဲ့ mail account တွေကို စစ်ဆေးချင်တဲ့အခါမှာ account

တစ်ခုကိုဖွင့်လိုက် ၊ ပိတ်လိုက် လုပ်နေစရာမလိုပဲ တစ်ကြိမ်တစ်ခါတည်းနဲ့ Gmail account တွေကို စစ်ဆေးချင်တဲ့အခါမျိုးမှာ Gmail Manager ဟာသိပ်ကိုအသုံးဝင်ပါတယ်။
ဥပမာ မောင်မောင် ဆိုတဲ့ လူတစ်ယောက်ဆိုပါတော့၊ မောင်မောင် @gmail.com, မောင်မောင် မိသားစုအတွက် @gmail.com, နဲ့မောင်မောင် စီးပွားရေးလုပ်ငန်းအတွက် @gmail.com,

email သုံးခုစလုံးကို တစ်ပြိုင်နက်တည်း Screen တစ်ခုတည်းမှာ (Firefox ရဲ့ ‘open tab’ သုံးခုဖွင့်လှစ်ပြီး ) ဟိုဘက်၊ ဒီဘက် mail စစ်ဆေးလို့ ရနိုင်ပါတယ်။

  1. address bar https://addons.mozilla.org/en-US/firefox /addon/1320 လို့

    ရိုက်ပါ။

  2. ဖိုင်အရွယ်အစား 100kb သာရှိပြီး အလွန်မြန်မြန်ဆန်ဆန်နဲ့ install လုပ်လို့ ရနိုင်ပါတယ်။
  3. ပြီးရင် Firefox>tools>addons ကနေ တစ်ဆင့် Gmail manager (.xpi) extension version(0.5.9) ကို click လုပ်လိုက်ပါ။
  4. extension တွေ စုပေါင်းထားတဲ့ box ကြီးထဲမှာ Gmail manager တွေ့ရပြီဆိုတာနဲ့ Option ကိုကလစ်နှိပ်ပြီး ညွှန်ကြားနိုင်ပါတယ်။
  5. Browser ရဲ့ status bar ကို ကြည့်မယ်ဆိုရင် Gmail manager icon ကလေးပေါ်နေတာ တွေ့ရပါလိမ့်မယ်။
  6. account တွေကိုလက်ခံနိုင်ဖို့အတွက် account တစ်ခုချင်းစီရဲ့ name နဲ့ password တွေကို မှန်မှန်ကန်ကန် ဖြည့်စွက်ပေးဖို့တော့ လိုအပ်ပါလိမ့်မယ်။
  7. ပထမဆုံးအနေနဲ့ ‘All account settings’ မှာ Add ကို click နှိပ်ပါ။ Gmail ရဲ့ ပထမ account ဖြစ်တဲ့ (ပင်ကို account) mgmg account ကို username နဲ့ password ဖြည့်ပါ။ ပြီးရင်

    ဒုတိယ account မောင်မောင်မိသားစု အတွက် account ကို password နဲ့ user name ဖြည့်ပါ။ ပြီးရင် တတိယ account ကိုလည်း ဖြည့်စွက်ပါ။

    1. တကယ်လို့ ’startup’ option မှာရှိတဲ့ check box ကိုသာအမှန်ခြစ် ထည့်ပေးလိုက်မယ်ဆိုရင် ကွန်ပျူတာကို ဖွင့်တဲ့အချိန်တိုင်းမှာ (အင်တာနက်ကို အလိုအလျောက်ချိတ်ဆက်ပြီး)

      Gmail ကို Auto ဖွင့်ပေးမှာ ဖြစ်တဲ့အတွက် အချိန်ကုန်သက်သာ ပါလိမ့်မယ်။

    2. မလိုချင်တဲ့ account ကို အလွယ်တကူ ‘Remove’ လုပ်လို့ရနိုင်ပြီး secure ကို ပြည့်ဝ စေဖို့လည်း ညွှန်ကြား ထားနိုင်ပါတယ်။
    3. ပြီးရင် OK ကို နှိပ်ပါ ( လိုအပ်ရင် Apply ကိုနှိပ်ပေးပါ။ )
  8. browser ရဲ့ status bar ညာဘက်ထောင့်မှာ ဖြည့်စွက်ထားတဲ့ လိပ်စာတွေ ကို တွေ့မြင်ရပါလိမ့်မယ်။
  9. စာအိတ်အနီရောင် ‘icon လေးကို Click နှိပ်လိုက်တဲ့အခါမှာ Gmail Manager ရဲ့ function တွေပေါ်လာပါလိမ့်မယ်။ အဓိကကတော့ Main Subject နှစ်မျိုးရှိပါတယ်။ “ရွေးချယ်ထားတဲ့ Gmail

    ” ကိုဖွင့်ပေးဖို့ နဲ့ ‘add’ လုပ်ထားတဲ့ account အကုန်လုံးကို ဖွင့်ပေးဖို့ ဆိုပြီး နှစ်မျိုး ဖြစ်ပါတယ်။

  10. account တစ်ခုချင်းစီမှာရှိတဲ့ မတူညီတဲ့ အရေအတွက်တွေကို ပုံမှာပြထားတဲ့အတိုင်းမြင်တွေ့ရပါလိမ့်မယ်။ ’show new mail snippets’ ဆိုတာကတော့ လက်ခံ ရရှိတဲ့ mail တွေမှာ ပါဝင်တဲ့

    subject ကိုအတိုချုံးပြီး ရုပ်ရှင်ထွေလာသဘောမျိုး ပြသပေးမှာဖြစ်ပါတယ်။

  11. ပြီးရင် browser မှာ ‘tab’ အသစ်တွေ ခေါ်ပါ။ တကယ်လို့ account နှစ်ခုကို တစ်ပြိုင်နက်တည်းဖွင့်ချင်ရင် ‘tab’ နှစ်ခုခေါ်ပါ။ သုံးခုဖွင့်ချင်ရင် ‘tab’ သုံးခုသုံးပါ။
  12. ဒါဆိုရင် browser တစ်ခုအတွင်းမှာ မတူညီကွဲပြားတဲ့ Gmail account မျိုးစုံကို Gmail manager ကို သုံးစွဲပြီး email စစ်ဆေးရင်း chatting လုပ်လို့ ရနိုင်ပါပြီ။

ဆက်ဖတ်ရန်ကျန်သေးသည်...

Monday, November 30, 2009

နိုင်ငံခြားမှာ ပညာသင်ကြားဖို့ စိတ်ဝင်စားသူများ


ပညာရေးသင်တန်းများနဲ့ သက်ဆိုင်တဲ့ ၀က်ဆိုက်တစ်ခုပါ။ နိုင်ငံခြားမှာ ပညာသင်ကြားဖို့ စိတ်ဝင်စားသူ တွေအတွက်ပါ။ စင်္ကာပူနိုင်ငံ၊ သြစတြေးလျနိုင်ငံ၊ မလေးရှားနိုင်ငံ၊ အင်္ဂလန်နိုင်ငံ၊ ထိုင်းနိုင်ငံတို့မှာ ပညာသင်ကြားဖို့ လေ့လာနိုင်ပါတယ်။ scholarship အစီအစဉ်များကိုလဲ လေ့လာနိုင်ပါတယ်။ ဒီဝက်ဆိုက်ကို လေ့လာသူတွေ အတွက် အကျိုးရှိစေတာကတော့ ဘာသာစကားစာအုပ်များ၊ စီးပွားရေးစီမံခန့်ခွဲရေး စာအုပ်များ၊ ကွန်ပျူတာ စာအုပ်တွေကို download လုပ်ခွင့် ပေးထားတာပါပဲ။ သင်တန်းနဲ့ ပတ်သက်တဲ့ သတင်းတွေကိုလဲ ဖော်ပြပေးထားလို့ လေ့လာသူတို့အတွက် အကျိုးရှိမှာပါ။ ပညာရေးနဲ့ ပတ်သက်တဲ့ သတင်းထူးများကိုလဲ ဖော်ပြ ပေးထားပါသည်။ ကဲ ပြောနေကြာတယ် သွားပြီး လေ့လာကြရအောင်လား။


ဆက်ဖတ်ရန်ကျန်သေးသည်...

Free Software Download


မိမိရဲ့ စာဖတ်သူများ အကျိုးများစေမယ့် ၀က်ဆိုက်များကို အချိန်တိုင်း ရှာဖွေနေခဲ့ပါတယ်။ အခုလဲ အသုံးဝင်တဲ့ ၀က်ဆိုက်လေး တစ်ခု တွေ့ပါပြီ။ အင်တာနက်ကနေ free software များကို သည်းကြီးမဲကြီး ရှာပြီး download လုပ်ချင်ကြတဲ့ သူများအတွက်ပါ။ ဒီဝက်ဆိုက်က ဆော့ဝဲလ်များကို အလွယ်တကူ download လုပ်လို့ ရပါတယ်။ ဆော့ဝဲလ်အစုံ မရှိပေမယ့် မိမိနဲ့ အသုံးတည့်တာ တွေ့ရင် ကြိုက်ကြမှာပါ။ ကျွန်တော်ဖော်ပြသော ၀က်ဆိုက်များက စာဖတ်သူများ အတွက် အသုံးဝင်မယ်ဆိုရင်ဖြင့် ကျွန်တော် အချိန်များစွာဖြင့် ပင်ပန်းစွာ ရှာဖွေရကျိုး နပ်ပါပြီ။ ကဲ ဆော့ဝဲလ်လေးများကို ဒီက သွားယူကြရအောင်လား။

ဆက်ဖတ်ရန်ကျန်သေးသည်...

ဓာတ်ပုံတွေမှာ စာသားတွေထည့်မယ်

မနေ့က ပျင်းပျင်းနဲ့ လျှောက်လုပ်တာ သတင်းစာ တစ်စောင် ထွက်လာတယ်။ Tha Wah(Peace) News ဆိုပြီး။ ဟီး ဟီး။ ဖတ်လို့တော့ မရဘူး။ ပုံပဲ ရှိတယ်။ စာဖတ်သူတွေလဲ လုပ်ချင်လား။ လုပ်ချင်ရင် ဒီဝက်ဆိုက်မှာ သွားလုပ်လေ။ အများကြီးပဲ။ တခြားပုံတွေမှာ မိမိရိုက်ထည့်ချင်တဲ့ စာသားတွေ ရိုက်ပြီး previwe လေးကို ကလစ်လုပ်ရုံလေးပဲ။ လုပ်ပြီးရင် ဓာတ်ပုံပေါ်ကို Right Click လုပ်ပြီး Save လုပ်လိုက်ရုံပဲ။ ကဲ သတင်းစာ စောင်ရေ များစွာ ထုတ်နိုင် ဂျာနယ်လစ်များ ဖြစ်ကြပါစေ။



ဆက်ဖတ်ရန်ကျန်သေးသည်...

ဘွဲ့လွန်ကွန်ပျူတာသိပ္ပံဒီပလိုမာ (DCS)


အွန်လိုင်းမှ ကွန်ပျူတာ ကျောင်းတက်ချင်သူ တွေအတွက်ပါ။ အွန်လိုင်းမှ နေ၍ ကွန်ပျူတာ ဒီပလိုမာဘွဲ့ကို ရယူနိုင်ပါတယ်။တက္ကသိုလ်တခုခုမှ ဘွဲ့ရရှိပြီးသူ မည်သူမဆို တက်ရောက်နိုင်ပါတယ်။ သင်တန်းကာလက (၁)နှစ် ဖြစ်ပါတယ်။ မော်ဂျူးမှာ (၈)ခု ဖြစ်ပါတယ်။ မည်သို့ မည်ပုံ လျှောက်ထားရမည်ကို ဒီဝက်ဆိုက်ကတဆင့် လေ့လာနိုင်ပါတယ်။

ဆက်ဖတ်ရန်ကျန်သေးသည်...

ဟော့ဒီက စာအုပ်စုံ

ဈေးရောင်းနေတာ မဟုတ်ဘူးနော်။ Website ကြော်ငြာဝင်တာ။ ကောင်းမွန်လှပါတယ်။ နောက်ဆုံးထွက် မဂ္ဂဇင်းပဲ ဖတ်မလား၊ ဂျာနယ်ပဲ ဖတ်မလား၊ ကာတွန်းပဲ ဖတ်မလား၊ ဒါမှ မဟုတ် သုတရသ စာအုပ်တွေပဲ ဖတ်မလား။ အစုံရှိပါတယ်။ မြန်မာနက်ဝက်နယူးအဖွဲ့ရဲ့ စေတနာကို အသိအမှတ်ပြုပါတယ်။ စာဖတ်ခြင်းကို ၀ါသနာထုံသူများ၊ စာဖတ်မှ မိမိဘ၀ တိုးတက်သည်ဟု ခံယူသူများအတွက် အဆင်ပြေမှာပါ။ ၀က်ဆိုက်ကို ဒီက သွားရောက် လေ့လာနိုင်ပါတယ်။

ဆက်ဖတ်ရန်ကျန်သေးသည်...

VCD သီချင်းများ ဒေါင်းလုပ်ယူမယ်


မြန်မာ ခေတ်ပေါ် ဗီစီဒီသီချင်းတွေကို အလွယ်တကူ ဒေါင်းလုပ် ယူနိုင်ပါတယ်။ နောက်ဆုံးထွက် အခွေများလည်း ရှိပါတယ်။ ဖော်ပြထားမှုမှာ များပြားစွာ မရှိပါ။ သို့ပေမယ့် မိမိတို့ စိတ်ကြိုက်တွေ့ပါက ဒေါင်းလုပ်ယူနိုင်ရန် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါတယ်။ MP3 သီချင်းများပါ ရနိုင်ပါတယ်။ MP3 သီချင်းများထဲတွင် ရှားပါးလှတဲ့ ၀င်းဦးသီချင်းများပါ ဖော်ပြပေးထားပါတယ်။ စိတ်ဝင်စားသူများ သွားရောက် ယူနိုင်ပါတယ်။

ဆက်ဖတ်ရန်ကျန်သေးသည်...

Gtalk ၏ အသုံးဝင်မှုများ



Gtalk ကနေ မြန်မာပြည်မှ ပြည်ပကို ဖုန်းခေါ်မလား။ ပြည်ပကနေ မြန်မာပြည်ကို ခေါ်မလား။ ဒါမှ မဟုတ် မြန်မာပြည်နဲ့ ပြည်ပ ဖုန်းနှစ်လုံး ချိတ်ဆက်အသုံးပြုမလား။ မြန်မာပြည်ဖုန်းကနေ ပြည်ပဖုန်းကို ခေါ်မလား။

အဲဒီဝန်ဆောင်မှုတွေကို www.bamartalk.com မှာ အသုံးပြုလို့ရပါတယ်။ register လုပ်ပြီး အသုံးပြုရပါမယ်။ အသုံးပြုရမည့် နည်းလမ်းများကိုလဲ အသေးစိတ် ဖော်ပြထားပါတယ်။ မိမိကိုယ်တိုင်တော့ မစမ်းသပ်ဖူးတဲ့အတွက် မသိပါ။ သို့ပေမယ့် သတင်းကောင်းဖြစ်တဲ့အတွက် ဖော်ပြပေးလိုက်ပါတယ်။ အဆင်ပြေပါစေ။

ဆက်ဖတ်ရန်ကျန်သေးသည်...

Saturday, November 21, 2009

DVD Styler Software (Portable)


Video ကားတွေကို DVD ပြုလုပ်ချင်သူများ၊ DVD ပုံစံဖြင့် သွင်းချင်သူများအတွက် ဖော်ပြပေးလိုက်ပါတယ်။ DVD Styler လေးပါ။ ဒီဆော့ဝဲလ်က မိမိတို့ရဲ့ စက်ထဲကို Install လုပ်စရာ မလိုပါဘူး။ Portable Software လေး ဖြစ်လို့ပါ။ စိတ်ဝင်စားသူများ ဒီမှာ Download လုပ်ယူပါ။

ဆက်ဖတ်ရန်ကျန်သေးသည်...

Wednesday, November 18, 2009

Gtalk တခုထက်မကပိုဖွင့်ရအောင်


Gtalk ကို တစ်ခုထက် ပိုသုံးရမယ့် အခြေအနေမျိုး ကြုံတတ်ပါတယ်။ဥပမာမိမိမှာAccount
နှစ်ခုရှိခဲ့ရင်၊အကြောင်းအမျိုးမျိုးကြောင့် တစ်ခုထက်ပိုသုံးချင်ရင် ဒီလိုလေးလုပ်ထားလိုက်ပါ။

1.Gtalk icon ပေါ် right click/properties ကိုသွားပါ။
2.gtalk properties dialog box မှ shortcut ကိုသွားပါ။
3.Target box မှာ"C:\Program Files\Google\Google Talk\googletalk.exe"/startmenu
ဒီစာသားကိုတွေ.ပါလိမ့်မည်။
4.startmenu ဆိုတဲ့စာသား(အနီရောင်ပြထားသောစာ)ကိုဖျက်ပါ။
5.ထိုစာသာနေရာတွင် nomutex ကိုထည့်ပါ။
6.Ok နှိပ်ပေးပါ။
လိုသလောက်ကိုကလစ်နှိပ်ပြီး ကြိုက်သလောက်ခေါ်နိုင်ပါသည်။

ဆက်ဖတ်ရန်ကျန်သေးသည်...

Windows XP Password ဖောက်နည်း


ကျွန်တော်တို. ဖွင့်တဲ့အခါမှာတချို.စက်တွေကဖွင့်လိုက်တာနဲ.Desktopတန်းမပေါ်လာပါဘူး။
ဆိုလိုတာကစက်ကိုအသုံးပြုတဲ့လူက Password တွေနဲ.၀င်တာကိုပိတ်ထားတက်ကြပါတယ်။
Password ဖြည့်တာမှန်မှ Desktop ပေါ်မယ်..တနည်းအားဖြင့်ပြောမယ်ဆိုရင်စက်ကိုသုံးလိုရ
မယ်ဆိုတဲ့သဘောပါ။တချို.တွေကလဲ Windows password ကိုပေးပြီမေ့တက်ကျတယ်ပေါ့။
အဲဒီလူတွေအတွက် Windows XP password ကို ဘယ်လိုဝင်ဖောက်ကလဲဆိုတာကိုတင်
ပေးချင်ပါတယ်။အကယ်လိုများကိုသူငယ်ချင်းရဲ.စက်ကPassword ကိုကိုယ့် password
ပြောင်းချင်တယ်ဆိုရင်တော့ဒီနည်းလေးအတိုင်းလုပ်ကြည့်လိုက်ပါ။အကျိုးရှိတဲ့နေရာမှာ
သာအသုံးချစေချင်ပါတယ်။သိစေရန်အတွက်သာရည်ရွယ်ပါသည်။ကဲလုပ်ကြည့်ရအောင်.....


အရင်ဦးဆုံးစက်ကိုပြန်ပိတ်ပါ။စက်ပြန်ဖွင့်ပြီးတာနဲ.(Power ခလုတ်မှ)တပြိုက်နက်ထဲမိမိ
စက်ရဲ. Keyboard မှာရှိတဲ့ F8 ခလုတ်ကိုဖိထားပါ။အောက်မှာပြနေတဲ့စာတမ်းတွေတက်
လာမှာ ဖိထားတဲ့ခလုတ်ကိုလွှတ်ပါ။

Window Advanced Options menu
Please Select An Option:
Safe Mode
Safe Mode With Networking
Safe Mode With Cammand Prompt

Enable Boot Logging
Eanble VGA Mode
Last Know Good Configuration (your most recent Settings that worked)
.........
........

ထိုစာသားတွေမှ Safe Mode စာသားကိုလိုက်ရှာပါ။အနီရောင်ပြထားသော
(Safe Mode )စာသားပေါ်သို. မိမိစက်ရဲ. Keyboardမှ အပေါ် Arrow ဖြစ်
သွားပါ။ရောက်ပါက Enter ခေါက်ပါ။အောက်ပါစာသားတွေ.ပါလိမ့်မည်။

Please Select the operating System to Start:
Microsoft Window Xp ProFessional

မိမိစက်ရဲ. Keyboardမှ Enter နှိပ်ပါ။စာသားတွေအများကြီးကျလာပါလိမ့်မည်။
ခဏစောင့်ပါက Window တက်လာမည်ကိုတွေရပါလိမ့်မည်။Window Logo
ပေါ်လာပါက Password ဖြင့်ပိတ်ထားသောသူငယ်ချင်းရဲ.နာမည်နှင့်တခြား
မပိတ်ထားသော Adminstrator ဆိုတဲ့နာမည်ကိုတွေရပါလိမ့်မည်။ထိုနာမည်
ကိုကလစ်နှိပ်ပါ။Yes နှင့် No မေးပါက Yes ကိုနိပ်ပါ။Desktop ပေါ်လာပါက
၁။Start menu မှ Control Panel ကိုဝင်ပါ။
၂။User Account ကလစ်၂ချက်နှိပ်ပါ။
၃။မိမိဝင်လို.မရသောနာမည်ကိုရှာနှိပ်ပါ။
၎။Change the Password ကိုရှာပါ။
၅။Type a new password တွင်မိမိပေးချင်သော
Passwod ပေးပါ။
၆။Type the New Password again to Confirm: တွင်
နံပါတ် ၅တွင်ပေးခဲ့သော password ကိုပြန်ရိုက်ရန်။
ရ။Change Password တွင်ကလစ်နှိပ်ပါ။
၈။စက်ကို Restart ချပေးပါ။

စက်ပြန်တက်လာပါကမိမိပေးခဲ့သော Password ဖြင့်ပြန်ဝင်ကြည့်ပါ။
ဝင်သွားတာကိုတွေ.ရပါလိမ့်မည်။

ဆက်ဖတ်ရန်ကျန်သေးသည်...

Total Video Converter

ဒီ Software လေးကတော့ MP3 MP4 အပြင်တခြား File မျိုးစုံကို Converter လုပ်နိုင်ပါတယ်။

Image Hosting by Picoodle.com

သူ့ရဲ့ ဘယ်ဘက်အောက်က New task ဆိုတာလေး နှိပ်ပြီး မိမိ ပြောင်းချင်တဲ့ ဖိုင်ကို Import လုပ်နိုင်သလို ...
Image Hosting by Picoodle.com

Draw and Drag နည်းနဲ့လည်း Import လုပ်နိုင်ပါတယ်။
Image Hosting by Picoodle.com

ပြောင်းချင်တဲ့ဖိုင်ကို Import လုပ်ပြီးပြီဆိုရင်တော့ export file type ရွေးပေးပေါ့။ ဖုန်းနဲ့ ပြန်သုံးချင်တဲ့လူက 3GP ကို ရွေးပေးနိုင်ပါတယ်။(ဖုန်းအမျိုးအစား အားလုံးလိုလိုက 3GP supported ရှိပါတယ်)အခြားဖိုင်အမျိုးအစားတွေကိုလည်း တွေ့မှာပါ။ swf နဲ့ ပြန်ထုတ်ပြီး flash နဲ့ ပြန်သုံးလို့ရသလို၊ flv နဲ့ ထုတ်ပြီး file size ကို လျှော့ချနိုင်ပါတယ်။
Image Hosting by Picoodle.com

audio အနေနဲ့ ထုတ်မယ်ဆိုရင်တော့ တွေ့တဲ့အတိုင်းပဲပေါ့ ။ MP 3 တင်မက အခြားဖိုင်မျိုးစုံလည်း တွေ့ပါလိမ့်မယ်။ မိမိ လိုချင်တာကို နှိပ်ပေးလိုက်ရုံပါပဲ။
Image Hosting by Picoodle.com

မိမိပြောင်းချင်တာ ရွေးပြီးရင် Convert Now ဆိုပြီး နှိပ်ပေးလိုက်တာနဲ့ သူ့ဘာသာ ပြောင်းသွားလိမ့်မယ်။ save မယ့်နေရာကို သူ့ဘာသာ သတ်မှတ်သလို၊ မိမိထားချင်တဲ့နေရာပြောင်းပေးလို့လည်းရတယ်။ Converting Complete ဖြစ်တာနဲ့ သိမ်းထားတဲ့ နေရာက folder ပွင့်လာမှာပါ။

Link:
Download Mirror : Mediafire

ဆက်ဖတ်ရန်ကျန်သေးသည်...

Password အမဲရောင်အလုံးအားဖော်ကြည့်ခြင်


ကျွန်တော်တို. Password တွေရိုက်တဲ့အခါမှာအမဲရောင်အလံုးတွေပေါ်တာ
အာလုံးသိပါလိမ့်မယ်။ယခုတင်ပြမှာကအဒီစာလံုးတွေကိုဖတ်လို.ရအောင်လုပ်
ပေးမယ် Software လေးပါ။ဒီနေရာကနေ Download ရယူနိုင်ပါတယ်။ယူပြီး
ပါက Zip File ကိုဖြည်ရပါလိမ့်မယ်။ဖြည်ပြီးပါက သော့ပုံကို ကလစ်နှိပ်ပါ။
အသုံးပြုလို.ရပါပြီ။မိမိကြည့်လိုသော Password ပေါ်သို. လက်ပုံပေါ်ရှိစက်ကွင်း
နှင့်ချိန်ထားပါ။ပြီးလျှင် လက်ပုံကိုကလစ်နှိပ်ပါက Pwd မှာဖော်ပြပါလိမ့်မည်။

ဆက်ဖတ်ရန်ကျန်သေးသည်...

Thursday, November 12, 2009

Better Gmail နဲ့ Theme လှလှလေးများ


ဒီနေ့ firefox Add-on မှာတွေ့မိလိုက်တာပါ။ Better Gmail ဆိုလို့ .. အဲဒါနဲ့ သွားကြည့်တော့ စိတ်ဝင်စားစရာပဲဗျ။ lifehacker ရဲ့ product တစ်ခုလေ။ Gmail ကို firefox နဲ့ ဖွင့်ရင် ပိုအဆင်ပြေအောင် ထည့်ပေးထားတဲ့ function တွေ အများကြီးပေါ့ ဗျာ .. ။ ကျနော် ကြိုက်တာကတော့ attachment file တွေကို ဖိုင်အမျိုးအစား အလိုက် icon လေးတွေနဲ့ပြပေးတယ်ဗျ။ နောက်ပြီး သူ့ဆီကပဲ တွေ့လိုက်တာ တစ်ခုက gmail အတွက် theme ပေါ့ဗျာ .. အရမ်းလှတယ်။ Google Redesigned တဲ့။
Image Hosting by Picoodle.com
gmail ရယ်၊ Google Calender အတွက်ရယ်။ အဲဒါလေး တွေ သဘောကျလို့ မသိသေးတဲ့ လူတွေကို အသိပေးတာပါ။ အများကြီး ရေးမနေတော့ဘူးနော်။ အောက်မှာ Download ယူလိုက်ပါဦး။


Better Gmail Download

Google Redesigned

သုံးကြည့်ဗျာ။ ကျနော် အကြိုက်တဲ့ function လေးတွေကို အောက်မှာ ပုံနဲ့ ပြထားပါတယ်။ သုံးကြည့်လိုက်ပါ သဘောကျကြမှာပါ။ အသေးစိတ် သိချင်တယ်ဆိုရင် ဒီနေရာမှာ အဲဒါတွေ အတွက် အပြည့်အစုံရေးထားပါတယ်။ အခြား theme များနဲ့ တစ်ချို့ Gmail မှာ လူသုံးနည်းတဲ့ function များအကြောင်းကိုလည်း လေ့လာနိုင်ပါတယ်။

Image Hosting by Picoodle.com
Image Hosting by Picoodle.com
Image Hosting by Picoodle.com
Image Hosting by Picoodle.com

စမ်းသုံးကြည့်ဖို့ ပြောပါရစေဗျာ ။ တော်တော်လေး လန်းတယ် :P

ဆက်ဖတ်ရန်ကျန်သေးသည်...

Text To Speech Maker


English Text တွေကို အသံထွက် နားထောင်ချင်ရင် အခုဖော်ပြတဲ့ ဆော့ဝဲလ်က သင့်တော်ပါတယ်။ မိမိတို့အနေနဲ့ Listen Skill အတွက် English အသံထွက်ကို များများနားထောင်ရမှာ ဖြစ်ပါတယ်။ English စာမှာ Listening, Speaking , Writing တို့နဲ့ ပြည့်စုံရမယ်ဆိုတာ အားလုံးအသိပါ။

လေ့ကျင့်မှုတွေထဲမှာ Listening က ဦးဆုံးဆိုတဲ့အတွက် Listening နဲ့ ပတ်သက်တဲ့ English Text Speak ဆော့ဝဲလ်လေးကို ဖော်ပြပေးခြင်းပါ။ အသုံးဝင်တဲ့အတွက် မဖြစ်မနေ ဆောင်ထားသင့်ပါတယ်။ ဒီမှာ Download လုပ်ယူပါ။

ဆက်ဖတ်ရန်ကျန်သေးသည်...

Monday, November 9, 2009

ဆိုင်ကယ်ပြိုင်မောင်းမယ်



ဆော့ချင်လို့ လိုက်ရှာနေတာ မရခဲ့ဘူး။ ဒါနဲ့ သူငယ်ချင်းတစ်ယောက် ဂိမ်းမျိုးစုံပါတဲ့ အခွေကို ၀ယ်လာတော့ အဲဒီအခွေထဲ ပါလာတယ်။ ဆိုင်ကယ် ပြိုင်မောင်းတဲ့ ဂိမ်းလေးပါ။ လမ်းသရဲတွေ ပြိုင်တာ။ ထိုးတာ ကြိတ်တာတောင် ပါသေး။

ရဲကလဲ လိုက်ဖမ်းတယ်။ ဆိုင်ကယ်က ပြိုင်ရတာ အစီး(၁၅)စီး။ ပထမ၊ ဒုတိယ၊ တတိယ ရမှ ပိုက်ဆံရတယ်။ အဲဒီက ရတဲ့ ပိုက်ဆံနဲ့မှ ဆိုင်ကယ်ကို ၀ယ်လို့ရတယ်။ ပြောတာ ကြာပါတယ်။ ဒီမှာသာ Download ပေတော့။

ဆက်ဖတ်ရန်ကျန်သေးသည်...

Wednesday, November 4, 2009

ကီးလော့ဂျာ Software

ကျွန်တော်ဘာဖြစ်လို့ဒီဆော့ဝဲလေးကိုတင်ပြရတာလဲဆိုတော့နည်းပညာတိုးတက်သည်နှင့်အမျှသိလာအောင်တင်
ပြတာပါ။ဘာရည်ရွယ်ချက်မှတော့မထားပါဘူး။ကီးလော့ဂျာ ဆိုတဲ့ ဆော့ဝဲက ကိုယ်ကွန်ပြူတာမှာ ဘယ်သူဘာတွေ ၀င်နှိပ်သွားလဲဆိုတာက အစ၊ စခရင်ရှော့ အနေနဲ.ကော ၊ ဘာ Password တွေနဲ. ၀င်သွားတာက အဆုံး အကုန်လုံးကို ပြန်ကြည့်လို.ရတယ်ဗျ။ အင်တာနတ်က ရှာပြီးဒေါင်းလော့ဆွဲရင် Full Version မရဘူးဗျ။ ကျွန်တော်က ခရပ်ဖိုင်ပါထည့်ပေးလိုက်တယ်။ အဲဒီဟာကိုသုံးပြီး သူများ အီးမေးလ် Password တွေတော့မခိုးနဲ.ပေါ့ဗျာ။ နို.မိုဆိုရင်ကို ” ဆော့ဝဲကြောင့် ကျွန်တော်တို. Cyber Cafe မှာ Password အခိုးခံရမှဆိုးလို. ဘယ်သူမှလာမသုံးကြတော့ဘူး” Cyber Cafe တွေက ကျွန်တော်ကိုလာပြောနေကြပါဦးမယ်ဗျာ။
ဒါပေမယ့် ကီးလော့ဂျာ ဆိုတဲ.အတိုင်းပဲ သူက Spy ware တမျိုးပဲလေ။ ဒါကြောင့်မို. Antivirus ကို သူကိုဒေါင်းလော့ဆွဲတာနဲ. Delete လုပ်ပြစ်တယ်။ ဒါကြောင့်မို. ကီးလော့ဂျာကို သုံးချင်ရင် Anitvirus ကို ခဏလောက် Exit လုပ်ထားပေးဖို.လိုပါလိမ့်မယ်။ Antivirus ကိုအရင် Exit လုပ်၊ ပြီးရင် ကီးလော့ဂျာကို ဒေါင်းလော့ဆွဲ၊ ပြီးရင် ကီးလော့ဂျာကို Run ပါ။ Run ပြီးသွားရင်တော့ Antivirus ကို ပြန် Run လို.ရပါပြီ။

ကီးလော့ဂျာ ကို Download လုပ်ပြီး run လိုက်ပါ။ကိုယ်ကြိုက်တဲ့ password လေးကိုပေးပြီး run လိုက်ပါ။ပြီးတာနဲ့ Shift+h ဆိုရင် hide ထားတာပါ။ Shift+s ဆိုရင် ပြန်ဖော်ထားတာပါ။ hide ထားရင် run လို့run ထားမှန်းမသိပါဘူးခင်ဗျ…ဒါလေးကိုဒေါင်းပြီးတော့ရှောက်မလုပ်ကြပါနဲ့နော်........

Software ကိုတော့ » » ဒီမှာ Download လုပ်ပါ

ဆက်ဖတ်ရန်ကျန်သေးသည်...

Friday, October 30, 2009

Google apps; email လုပ်နည်း

ဝဘ်ဆိုက်ရှိတဲ့သူများ ကိုယ်ပိုင် domain name လိပ်စာနဲ့ email တွေလုပ်လို့ရပါတယ် . ဥပမာ . nyinaymin@nyinaymin.com , nyinaymin@nyinayin.co.cc, လိုမျိုးပေါ့ တွေ့ဖူးကြမှာပါ . ကျွန်တော့်မှာတောင် လုပ်ထားသေးတယ် . ဒါပေမယ့် ဒါက hosting နဲ့ ကိုယ်ပိုင် ဆိုက်တစ်ခု လုပ်ထားမှ ရမှာပါ . hosting ကတော့ free hosting တွေ အများကြီးပါ . ကဲ လုပ်နည်းကို မြန်မာလိုရေးပေးထားတာလေးပါ . အစ်ကို သင်္ကြန်ရေးထားတာလေးပါ . အောက်မှာယူလိုက်ပါ .

Download ifile.itDownload mediafire

ဆက်ဖတ်ရန်ကျန်သေးသည်...

Wednesday, October 28, 2009

Torrent အကြောင်း တစ်စေ့တစ်စောင်း

အားလုံးမင်္ဂလာပါ.အခုပြောပြချင်တာက Torrent ဖိုင်လေးတွေအကြောင်းပါ... အချို့လဲသိပြီးသား..သုံးဖူးပြီးသား ဖြစ်ကြမှာပါ.. အချို့သော ၀က်ဆိုဒ်တွေနဲ့ ဘလော့ဂ်တွေမှာ Software တွေ၊ Game တွေနဲ့ Movies တွေ .. စတာတွေကို Torrent ဖိုင်လေးတွေ အဖြစ်နဲ့ Upload တင်ထားတတ်ကြပါတယ်.. ဘာကြောင့်လဲဆိုတော့ ဒီအတိုင်းတင်မယ်ဆိုရင်.. File Size ကန့်သတ်ချက်တွေ ရှိနေလို့ပါဘဲ..Torrent ဖိုင်လေးတွေအဖြစ် ပြောင်းပြီးတင်မယ်ဆိုရင် CD/DVD တစ်ချပ်စာမက တင်ထားနိုင်လို့ပဲဖြစ်ပါတယ်..အဲဒါတွေကို ဒေါင်းလုပ်ဆွဲဖို့အတွက် Torrent Downloader တွေ အများကြီးရှိတဲ့အနက်က ကျွန်တော်သုံးနေတဲ့ Bit Torrent Downloader အကြောင်းကို ကျွန်တော်သိသလောက် အနည်းငယ်တင်ပြ လိုပါတယ်။ နားလည်တတ်ကျွမ်းသူများအနေဖြင့် လိုအပ်ချက်များ ကိုဖြည့်စွက်ပေးကြပါရန် မေတ္တာရပ်ခံပါတယ်ခင်ဗျာ..
၁။ ပထမဆုံး Bit Torrent ကို ဒီမှာ ဒေါင်းလုပ်ယူပြီး Run လိုက်ပါ။
၂။ အရေးကြီးတာက မိမိလိုချင်တဲ့..Software, Movies နဲ့ Game တွေရဲ့ Torrent ဖိုင်လေးတွေကို အရင်ဆုံး ဒေါင်းလုပ်ဆွဲထားဖို့လိုပါတယ်။ အဲဒီဒေါင်းလုပ်ယူထားတဲ့ Torrent File လေးကို Double-click နှိပ်ပြီးဖွင့်လိုက်တာနဲ့.. Bit Torrent အလိုလိုပွင့်လာပြီး.. ဒေါင်းလုပ်ဆက်လုပ်သွားပါလိမ့်မယ်.. Bit Torrent ပွင့်မလာဘူးဆိုရင်တော့ Torrent File ကို Right Click ထောက်ပြီး Open with မှာ Bit Torrent ကိုရွေးလိုက်ပါ။
၃။ File Size ကြီးတဲ့ ရုပ်ရှင်တွေ၊ ဂိမ်းတွေကို Bit Torrent နဲ့ဒေါင်းလုပ်ယူတဲ့နေရာမှာ.. ချက်ချင်းကြည့်ချင်၊ သုံးချင်လို့တော့ မရပါဘူး.. တစ်ခါတစ်လေ တစ်ရက်နှစ်ရက်လောက်အထိ ကြာတတ်ပါတယ်။ ကျွန်တော်ကတော့ ရုပ်ရှင်ဆိုလည်း ၃-၄ ကားတစ်ပြိုင်တည်းဒေါင်းလုပ် လုပ်ခိုင်းထားသလို၊ ဂိမ်းဆိုလည်း ၄-၅ မျိုးလောက် တစ်ပြိုင်တည်းလုပ်ခိုင်းထားပါသည်။ လူသာအိပ်တယ်..ကွန်ပျူတာကိုတော့ မအိပ်ခိုင်းတဲ့သဘောပေါ့။ အောက်က ပုံလေးအတိုင်းပေါ့..

Torrent အကြောင်းကို ဒီနေရာမှာ အသေးစိတ်ရေးထားပါတယ်။ သွားရောက်ဖတ်ရှုလေ့လာကြပါခင်ဗျာ..

ဆက်ဖတ်ရန်ကျန်သေးသည်...

Monday, October 12, 2009

Window 7 Theam


Window XP မှာ Window 7 Theam ပုံစံလေး ဖြစ်ဖို့အတွက် ယခုဖော်ပြတဲ့ ဆော့ဝဲလ်လေးက ပေါ့ပေါ့ပါးပါး လုပ်ဆောင်ပေးနိုင်ပါတယ်။ Desktop ကစပြီး Folder ပုံစံလေးတွေပါ ပြောင်းလဲ ပေးတဲ့အတွက် စိတ်ဝင်စားသူများ Download လုပ်ယူပါ။

ဆက်ဖတ်ရန်ကျန်သေးသည်...

Folder Lock Software



မိမိတို့ရဲ့ ဖိုင်တွေ၊ Folder တွေကို လုံခြုံစိတ်ချဖို့အတွက် Folder Lock ကို သုံးစွဲသင့်ပါတယ်။ အရင်က ဖော်ပြခဲ့ပေမယ့် အမြဲတမ်း မသုံးစွဲနိုင်တာရယ် ဒေါင်းတဲ့လင့်တွေ သေသွားတာရယ်ကြောင့် အခု ထပ်မံ ဖော်ပြပေးလိုက်ပါတယ်။ အမြဲတမ်းသုံးနိုင်အောင် Note File ထဲမှာ ကုဒ်တွေ ထည့်ပေးထားပါတယ်။ ဒီတွင် Download လုပ်ယူပါ။

Folder Lock ဆော့ဝဲလ်ကို Install လုပ်ပြီးပါက User ID တွင် TEAM HERITAGE နှင့် Key Password တွင် 683071673 ကို ဖြည့်ပါ။ ဒါဆို အမြဲတမ်းသုံးနိုင်ပါပြီ။ ဆော့ဝဲလ်ဘောက် ပေါ်လာချိန်တွင် password သည် မိမိပေးချင်သည့် အရာကို ပေးပါ။ နှစ်ခါ ပြန်ရိုက်ရမှာ ဖြစ်ပါတယ်။ ဒါဆိုရင် Lock Folder ပေါ်လာပြီ မိမိတို့ သိမ်းချင်သည်များကို သိမ်းဆည်းနိုင်ပါပြီ။

ဆက်ဖတ်ရန်ကျန်သေးသည်...

Friday, October 9, 2009

Movie Edit Pro 15 PLUS

MAGIX Movie Edit Pro 15 Plus ပြီးပြည့်စုံတဲ့ Video တည်းဖြတ်ရေး program ပါ . အတော်လေးကို ကောင်းပါတယ် . video တည်းဖြတ်ရေးအတွက် ရိုးရှင်းတဲ့ အဆင့် ဆင့်ပဲ ပါပါတယ် . သူ့မှာပါတဲ့ effects များဟာ တစ်ကယ့် special effects များ ဖြစ်ခြင်း၊ နောက်ခံ သီချင်းထားများကို လွယ်ကူစွာ ထားနိုင်ခြင်း၊ ပြီးတော့ တည်းဖြတ်ရေး လုပ်ထားပြီးသား video များကိုလဲ DVD များအဖြစ် Burn နိုင်ခြင်းစတဲ့ တစ်ခြား video edition နှင့်မတူညီတဲ့ အားသာချက်တွေ အများကြီးပါ . ကျွန်တော် တင်ပေးလိုက်ပါပြီ . video edition အတွက် လိုအပ်နေသူများ အတွက်ပါ . ကျွန်တော် တစ်ပိုင်းကို 50 MB နဲ့ 5 ဖိုင် ခွဲထားပေးပါတယ် . Download လုပ်ရတာ အဆင်ပြေအောင်လို့ပါ .


Download nyinaymin.net >>> Part(1)Part(2)Part(3)Part(4)Part(5)
Download ifile.it >>> Part(1) ၊ Part(2) ၊ Part(3) ၊ Part(4) ၊ Part(5)
Download mediafire >>> Part(1) ၊ Part(2) ၊ Part(3) ၊ Part(4) ၊ Part(5)

ဆက်ဖတ်ရန်ကျန်သေးသည်...

ကိုယ့်ကွန်ပျူတာကို ဘယ်သူသုံးသလဲနှင့် keyboard မှာ ရိုက်သမျှစာတွေကို လိုက်မှတ်ပေးနိုင်တဲ့ perfect keylogger


ကဲဒီပို့စ်လေးကို စပြီးတော့ ရေးပေးလိုက် ပါပြီ .. full Version ကိုတော့ နောက်မှတင်ပေးပါ့မယ် ... ကြိုတင်ပြီး သတိပေးလိုက်ချင်ပါတယ် ..ဘယ်တစ်ဦး တစ်ယောက်ကိုမျှ ဒုက္ခမပေးပါနှင့် .

ကျွန်တော်တင်လိုက်တဲ့ ပို့စ်တစ်ခုကြောင့် နစ်နာမှုတွေ ရှိလာမယ်ဆိုရင်တော့ ကျွန်တော် ၀မ်းနည်းမိမှာ အမှန်ပါပဲ .. ကျွန်တော် ဒီပို့စ်လေးကို ရေးလိုက်ရတဲ့ အဓိက အကြောင်းရင်း ကတော့ သူငယ်ချင်းများ အခြားအခြားသော ကွန်ပျူတာဆိုင်တွေမှာများ သွားပြီး အင်တာနက်သုံးမိလိုက်တယ်ဆိုရင် အရင်ဦးဆုံး Start bar မှာ keylogger လေးရှိမရှိအရင်ဦးဆုံး စစ်ဆေးပြီးမှ သုံးကြပါလို့ ထပ်ဆင့်ပြီးတော့ အသိပေးလိုက်ပါတယ် .. တစ်ကယ်လို့ မိမိသုံးမယ့် ကွန်ပျူတာဆိုင်တွေမှာများ ဒီ keylogger လေးကိုတွေ့မိရင် အဲ့ဒီ့ဆိုင်မှာ သွားမသုံးပါနှင့်။ သူရဲ့မူရင်းဆိုက်ကိုပါ လိပ်စာရေးပေးလိုက်ပါတယ် .. မူရင်းဆိုက်က ဒီမှာ ပါ ...သုံးပုံသုံးနည်းကို ကျွန်တော် ရေးပေးလိုက်ပါ့မယ် ... အဲ့ဒီ့ဆိုက်လေးမှာ သွားပြီးတော့ မိမိတင်ထားတဲ့ window နှင့်ကိုက်ညီတဲ့ keylogger ကို သွားပြီး download လုပ်လိုက်ပါ ... တစ်ခုတော့ရှိပါတယ် ... အဲ့ဒီ့ keylogger လေးကို တင်တဲ့အချိန်မှာ anti virus ကိုတော့ ခဏပိတ်ထားဖို့လိုပါတယ် .. မပိတ်ထားရင် တင်လို့မရပါဘူး ... အဲ့ဒီ့လို software တိုင်းကိုတင်တိုင်း တင်တိုင်း ခဏပိတ်ထားရမှာပါ ... သူ့မူရင်းဆိုက်မှာလဲ သတိပေး ထားမြစ်ထားတာတွေ အများကြီးရေးထားပါတယ် .. အဓိကကတော့ သူတစ်ပါးရဲ့အတွင်းရေးကို ၀င်ရောက်ပြီး ဒုက္ခမပေးဖို့ပါ ..
အရင်က ကျွန်တော် ကြားလိုက်ပါသေးတယ် .. ရန်ကုန်မှာ keyboard recorder ဆိုပြီးတော့ ပေါ်လိုက်ပါသေးတယ် .. ဒါပေမယ့်သူက software တော့မဟုတ်ပါဘူး .. recoder လို device ပစ္စည်းတစ်မျိုးပါ .. ကီးဘုတ်နဲ့တွဲပြီးတော့ ထားထားပေးရပါတယ် ... သူက ကီးဘုတ်က ရိုက်သမျှစာတွေကို လိုက်မှတ်ပေးထားပါတယ် .. အခုဒီကောင်ကတော့ software သီးသန့်ပါ ..
တစ်ခုတော့ရှိပါတယ် .. အားလုံးဟာ trail တွေအဖြစ် 5 ရက် free ပေးသုံးထားပါတယ် ... အားလုံးပဲ ရွှင်လန်းချမ်းမြေ့ကြပါစေ ..
သူကရက်စွဲအလိုက် မှတ်ထားပေးပါတယ် .. ပုံလေးတွေတော့တင်ထားပါတယ် .. ဒါပေမယ့် ကျွန်တော့်ရဲ့ ကွန်ပျူတာကတော့မဟုတ်ဘူး .. ဘာဖြစ်လို့လဲဆိုရင်တော့ အဟီးဟီး သူငယ်ချင်းတို့သိမှာပါ .. password တွေ ပါသွားမှာစိုးလို့ ..





(၁) keystrokes ဆိုတာကတော့ မိမိဝင်ခဲ့တဲ့ ၀ဘ်ဆိုက်တွေမှန်သမျှကို လိပ်စာနှင့်တစ်ကွ username နှင့် Password တွေကို မှတ်သား ပေးထားတဲ့နေရာတစ်ခုပါ ..

(၂) Chat ဆိုတာကတော့ လူတိုင်းသိကြမှာပါ Gtalk chatting, Yahoo Messenger Chatting, MSN chatting စတဲ့ ချက်တင်မှန်သမျှကို လိုက်မှတ်ပေးထားတဲ့နေရာတစ်ခုပါ

(၃) screenshort ကတော့ မိမိချက်တဲ့ချက်တင်တွေ၊ ၀င်သမျှနေရာတွေကို ၃ မိနစ်ကိတစ်ကြိမ်ဓါတ်ပုံရိုက်ထားသလိုမျိုး ဓါတ်ပုံတွေကို ရိုက်ရိုက်ပြီးသိမ်းထားပေးတာပါ .. အဲ့ဒီ့ကြာချိန်ကို လိုက်ပြီးတော့ ချိန်ထားပေးလို့ရပါသေးတယ် .. သူကတော့ ဓါတ်ပုံသီးသန့်ပဲ ပေါ်နေမှာပါ ...

(၄) websites ကတော့ ကိုအသုံးပြုနေတဲ့ ၀ဘ်ဆိုက်တွေကို လိုက်မှတ်သားပေးထားတာပါ ... ကဲဒီလောက်ဆိုရင် ကြေနပ်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ် .. ကျွန်တော့်မှာလဲ အလုပ်ကသိပ်မအားတော့ ဖြစ်ညှစ်ပြီးတော့ ရေးနေရတာ .. သီးခံပေးကြပါဦးလို့ အနူးအညွှတ်တောင်းပန်အပ်ပါတယ် .. အွန်လိုင်းမှာ အမြဲတွေ့နေတဲ့ သူငယ်ချင်းတွေကလဲ ခဏခဏ ပို့စ်မတင်သေးဘူးလား ပို့စ်မတင်သေးဘူးလားနဲ့ ခဏခဏမေးနေတော့ အားနာလှပါပြီ .. အခုတော့ ဒါလေးနဲ့ နှစ်သိမ့်ပေးကြပါဦး .. တင်စရာတွေတော့ အများကြီးကျန်ပါသေးတယ် ..

ဆက်ဖတ်ရန်ကျန်သေးသည်...

Wednesday, October 7, 2009

ဖုန်းတွေကို စစ်ကြည့်ရအောင်


Nokia ကုမ္ပဏီဟာ တကမ္ဘာလုံးမှာ အကြီးဆုံးဖုန်းထုတ်လုပ်ရေးကုမ္ပဏီကြီးပါ။ ဒါပေမယ့် များသောအားဖြင့် ကျနော်တို့ဆီမှာရှိတဲ့ Nokia ဖုန်းတွေက Original Quality ကိုမမှီတဲ့ဖုန်းတွေများပါတယ်။

ဒါဆိုရင် ကျနော်တို့ရဲ့ Nokia ဖုန်းတွေဟာ Original ဟုတ်လားမဟုတ်လားဘယ်လိုကြည့်နိုင်မလဲ? ကျနော်ပြောပြပါ့မယ်။ သင့်ဖုန်းရဲ့

IMEI (International Mobile Equipment Identity) နံပါတ်ကိုစစ်ကြည့်ယုံနဲ့ သိနိုင်ပါတယ်။

ပထမ အဆင့်အနေနဲ့ *#06# လို့သင့်ဖုန်းမှာရိုက်ထည့်လိုက်ပါ။ Serial No. တစ်ခုပေါ်လာပါလိမ့်မယ်။


Phone serial no. x x x x x x ? ? x x x x x x x

အဲဒီနံပါတ်ထဲက ၇ လုံးမြောက်နဲ့ ၈ လုံးမြောက် နံပါတ်တွေကို ကြည့်ရမှာပါ။

တကယ်လို့ အဲဒီနံပါတ်နှစ်လုံးဟာ 02 သို့မဟုတ် 20 ဆိုရင် သင့်ဖုန်းဟာ Emirates ကထုတ်တာဖြစ်ပြီး အရမ်းကိုညံ့ပါတယ်။
တကယ်လို့ အဲဒီနံပါတ်နှစ်လုံးဟာ 08 သို့မဟုတ် 80 ဆိုရင် သင့်ဖုန်းဟာ ဂျာမနီ ကထုတ်တာဖြစ်ပြီး သုံးဖို့ သင့်တော်ပါတယ်။
တကယ်လို့ အဲဒီနံပါတ်နှစ်လုံးဟာ 01 သို့မဟုတ် 10 ဆိုရင် သင့်ဖုန်းဟာ ဖင်လန်နိုင်ငံ ကထုတ်တာဖြစ်ပြီး အရမ်းကောင်းပါတယ်။
တကယ်လို့ အဲဒီနံပါတ်နှစ်လုံးဟာ 00 ဖြစ်ခဲ့ရင် သင့်ဖုန်းဟာ Original စက်ရုံကထုတ်တာဖြစ်ပြီး အကောင်းဆုံး Quality ရှိပါတယ်။
တကယ်လို့ အဲဒီနံပါတ်နှစ်လုံးဟာ 13 ဆိုရင်တော့ အဇာဘိုင်ချန် ကထုတ်တာဖြစ်ပြီး အရမ်းညံ့တဲ့အပြင် ကျန်းမာရေးအတွက်ပါ အန္တရာယ်ရှိပါတယ်။ သုံးဖို့မသင့်တော်ပါဘူး။

Phone တိုင်းစစ်လို.ရပါတယ်ဗျာ.....။ စစ်ကြည်.ပါဦးနော်...တော်တော်ကြာပြသနာဖြစ်နေမှာစိုးလို.ပါနော်...။

ဆက်ဖတ်ရန်ကျန်သေးသည်...

Nokia phone တွေအတွက် မရှိမဖြစ်လိုအပ်တဲ့ Nokia pc suite

ကျွန်တော်တို့ ဖုန်းနဲ့ အင်တာနက်ချိတ်မယ် ဆိုရင်တော့ Nokia pc suite က မရှိမဖြစ်ကို လိုပါတယ် . bluetooth နဲ့ သုံးရင်တော့ ဒီကောင်လေး မလိုပါဘူး . ဒါပေမယ့် usb cabel နဲ့ သုံးမယ်ဆိုရင်တော့ လိုအပ်လာပါပြီ . Direct ချိတ်ဖို့အတွက် PC က ကိုသုံးတဲ့ nokia ကို သိဖို့အတွက်ပါ . အောက်မှာ ဒေါင်းလိုက်ပါ . direct link နဲ့တင်ပေးထားပါတယ် . (၂)နေရာကပါ . တစ်ခုမရရင် တစ်ခုနဲ့ဒေါင်းပါ .

Download Link(1)
Download Link(2)

ဆက်ဖတ်ရန်ကျန်သေးသည်...

ထိုင်းဖုန်းတွေ GSM 12 Call တွေအတွက် Free call လုပ်ပြီးခေါ်ကြရအောင်ဗျာ

Free GSM 12Call (Day/Night) လုပ်ချင်တဲ့သူများအတွက် ကျွန်တော်ရည်စူးတာပါ။ တစ်ချို့ ဆိုရင် ထိုင်းနိုင်ငံသားတွေကိုယ်တိုင်ကို ကိုယ့်နိုင်ငံမှာ ဘာတွေထူးခြားနေတာလဲ ဘယ်လို service တွေပေးနေတယ်ဆိုတာကို မသိကြဘူးဗျ။ ကဲပြောနေကြပါတယ်ဗျာ။ နေ့ဖရီးကောဆိုရင် တစ်ခုတော့ရှိတယ်နော် GSM ဆိုရင် GSM ချင်းပဲ ဖရီးရမှာနော်။ နှစ်ချိန်ရှိတယ် မနက်(၅)ရီကနေ၊ ညနေ (၅)နာရီအထိက တစ်မျိုး၊ ည(၁၀)နာရီကနေ၊ မနက်(၁၀)နာရီအထိက တစ်မျိုး နှစ်မျိုှးရှိပါတယ်ဗျာ။ နေ့ဖရီးကောကိုလုပ်ချင်ရင် တစ်လကိုမှ ထိုင်းဘတ်ငွေ (၁၉၉)ဘတ်ကုန်ပါတယ်။ ညဖရီးကောကတော့ (၁၅၉)ဘတ်ကုန်ပါတယ်။ လုပ်ချင်တယ်ဆိုရင်တော့..

နေ့ - *777*1# ကိုနှိပ်လိုက်ပါ။ ပိုက်ဆံတော့ ကြိုထည့်ထားရမယ်နော်
ည- *777*2# ကိုနှိပ်လိုက်ပါ..
ကဲဒါလောက်ပါပဲ

ဆက်ဖတ်ရန်ကျန်သေးသည်...

Internet နာရီဝယ်ကြရအောင် (ထိုင်းနိုင်ငံဖုန်းများအတွက်သာ)

အခုကျွန်တော်ပြောတာက 12 call (GSM) ဖုန်းအတွက်ဖြစ်ပါတယ်ဗျာ xxxxxx
ကဲကျွန်တော်ဆက်ပြီးတော့ အင်တာနက်နာရီ ၀ယ်တာလေးကို ဆွေးနွေးပါ့မယ်။
အဓိကကတော့ ကျွန်တော် အနီရောင်ပြထားတဲ့ ဂဏာန်းလေးတွေကို မှတ်ထားပါ။ သူ့အစဉ်အတိုင်းနှိပ်ရမှာဖြစ်ပါတယ်။
ဒါက ကျွန်တော်တို့ station ကိုမခေါ်ပဲနဲ့ Auto လုပ်တာပါ။ station နဲ့ပြောမယ်ဆိုရင် ပထမတစ်ချက်က ပိုက်ဆံအပိုကုန်မယ်။ နှစ်အချက်ကတော့ စောင့်နေရမယ် သူပို့လာမယ့် အကြောင်းကြားစာ(message)ကိုပေါ့။
(၁) *138 ကိုခေါ်လိုက်ပါ .. ခေါ်တာနဲ့ သူကမေးပါတယ် for english please press 1 လို့ပြောတာနဲ့ နံပါတ် " 1" ကိုနှိပ်လိုက်ပါ။

(၂) ပြီးတာနဲ့ သူကဆက်ပြောပါမယ် mobile internet ကို လိုချင်ရင် ၂ ကိုနှိပ်ပါလို့ပြောပါလိမ့်မယ်။ ''2'' ကိုနှိပ်လိုက်ပါ။
(၃) ပြီးတာနဲ့ ပြောမှာက အင်တာနက်သုံးမယ့် ရက်ကိုမေးပါလိမ့်မယ် လအလိုက်ယူမှာလား၊ ၃၀ ရက်ကို တစ်ခါယူမှာလား၊ ဘာညာနဲ့မေးပါလိမ့်မယ်။ အဲ့ဒါ ကျွန်တော်တို့ ''1'' ကိုနှိပ်ပြီး လအလိုက်ယူမှာပါ။
(၄) ပြီးတာနဲ့ သူမေးပါလိမ့်မယ် နာရီကို ၂ နာရီလား(၁ ကိုနှိပ်)၊ ၅ နာရီလား(၂ ကိုနှိပ်)၊ ၂၀ နာရီလား(၃ကိုနှိပ်)၊ ၅၀ နာရီလား(၄ကိုနှိပ်)၊ ၁၀၀နာရီလား(၅ကိုနှိပ်)၊ unlimited လား(၆ကိုနှိပ်)၊ ဆိုတာကိုမေးပါလိမ့်မယ်။ ကိုလိုချင်တာလေးကို နှိပ်ပါ။ ကျွန်တော်က နာရီ ၂၀ ကိုယူမှာဆိုတော့ နံပါတ် ''3'' (၁၀၇ဘတ်)ကိုနှိပ်ပါမယ်။
(၅) သေချာလား သေချာတယ်ဆိုရင် ၁ ကိုနှိပ်လို့မေးပါလိမ့်မယ်။ ''1'' ကိုနှိပ်လိုက်ပါ။
(၆) နောက်တစ်ခါထပ်မေးပါတယ်။ သေချာလား သေချာပြီဆိုရင် ၁ ကိုနှိပ်ပါလို့မေးရင် ''1'' ကိုထပ်နှိပ်ပါ။
Station က ချက်ခြင်းပဲ Message ပို့ပါလိမ့်မယ်။ မင်းစပြီးသုံးလို့ရပြီဆိုတဲ့အကြောင်းပေါ့
ကဲ စပြီးတော့ အင်တာနက်ကို သုံးလို့ရသွားပါပြီ။

ဆက်ဖတ်ရန်ကျန်သေးသည်...

Dial up connection ဖြင့် အင်တာနက်ချိတ်ရအောင် (ထိုင်းနိုင်ငံ)

Dial up connection ဖြင့် အင်တာနက်ချိတ်ချင်တယ်ဆိုရင်တော့ ပထမဦးစွာ အင်တာနက်နာရီတော့ ၀ယ်ထားပြီးသားအဆင်သင့် ရှိနေရပါမယ်။

ဒီအတိုင်းလေးသွားကြည့်ရအောင်လားဗျာ -
ဒီလိုမလုပ်ခင် ကျွန်တော်တို့ mobile နှင့်ပတ်သက်တာလေးတွေတော့ လုပ်ထားပြီးသားဖြစ်ရပါ့မယ်။
(၁) cabel connection ဖြင့် dial up ချိတ်မယ်ဆိုရင်တော့ဖြင့် မိမိသုံးမယ့် mobile နှင့်ပတ်သက်သည့် modem နှင့်သက်ဆိုင်တာလေးများ install လုပ်ထားပြီးသားဖြစ်ရပါမယ်။ ဥပမာ Nokia (nokia pc suite) လိုမျိုး mobile ကို modem ခံပြီးသုံးဖို့အတွက် ကွန်ပျူတာနှင့် mobile ချိတ်ဖို့အတွက် လိုအပ်တဲ့ driver များ တင်ထားပေးရပါမယ်။
(၂) အဲ့လိုမတင်ချင်ဘူးဆိုရင်တော့ မိမိသုံးမည့် ဖုန်းတွင် bluetooth ပါလားအရင်ကြည့်ရပါမယ်။ bluetooth ပါတယ်ဆိုရင်တော့ ကျွန်တော်တို့ modem မတင်လဲ ဖြစ်ပါတယ်။ ဖုန်းမှာ bluetooth ပါပြီးတော့ ကွန်ပျူတာမှာ bluetooth မပါပြန်ရင်လဲ ကွန်ပျူတာမှာ bluetooth တစ်ခုဝယ်ပြီး တပ်လိုက်ပါ ဈေးချိုပါတယ်။ ထိုင်းဘတ်နဲ့ဆိုရင် ၃၀၀ ဘတ်လောက်ပဲကုန်မှာပါ။

အားလုံးအဆင်သင့်ဖြစ်ရင်တော့ ချိတ်ဖို့အတွက်ပဲ ကျန်တော့တာပေါ့ဗျာ။
ကဲ ဒီလိုလုပ်ရအောင် -
(၁) Start >> settings >> Network Connections ကိုအရင်သွားပါ
(၂) create network connection ကိုသွားပါ ပြီးရင်တော့ ကျွန်တော်ပြထားတဲ့ အောက်က ပုံလေးများအတိုင်းလုပ်ကြည့်လိုက်ပါ


ကျေးဇူးတင်ပါတယ် ...အားလုံးအဆင်ပြင်ကြပါစေ

ဆက်ဖတ်ရန်ကျန်သေးသည်...

အယ်ဖိုး © 2008 Template by:
SkinCorner