Monday, January 25, 2010

selection icons (70)


ဒါကတော့ ကျွန်တော် selection ရွေးထားတဲ့ icon အခု 70 ကျော်ပါ . အရမ်းကြိုက်လို့ သီးသန့် ခွဲထားတာ . အတော်လေးကို လှတယ် . လိုချင်သူများ အောက်မှာ Download လုပ်ယူလိုက်ပါ . အားလုံး အဆင်ပြေပါစေ .

Download ifile.it | Download mediafire | Download multiupload | Download

ဆက်ဖတ်ရန်ကျန်သေးသည်...

Internet browser ကိုပိတ်ထားချင်သူများအတွက်


ကိုယ့်စက်မှာ တခြားသူများ အင်တာနက်ကိုမသုံးနိုင်အောင် Internet Browser ကိုpassword နဲ့ ပိတ်ထားချင်တယ်ဆိုရင်တော့ အောက်မှာ ရှိတဲ့ internet lock.rar ဆိုတဲ့ဖိုင်လေးကိုဒေါင်းလုပ်ချပြီးတော့ သုံးလိုက်ပါ။ အသုံးပြုနည်းကတော့ လွယ်တဲ့အတွက် မထည့်ပေးတော့ပါဘူး။ ဖိုင်ဆိုဒ် ကလည်းသေးသေးလေးပါ။ သုံးကြည်လိုက်ပါ internet browser တင်မကပါဘူး ပိတ်ချင်တာအကုန်လုံးကိုပိတ်ထားလို့ရပါတယ်။

Software ကိုတော့ » » ဒီမှာ Download လုပ်ပါ

ဆက်ဖတ်ရန်ကျန်သေးသည်...

Saturday, January 23, 2010

Photo Slide Show

Photo Slide Show နဲ့ ပတ်သက်ပြီး မိတ်ဆွေတစ်ယောက်ဆီက ဆော့ဝဲလ်ကောင်းလေး တစ်ခု ရခဲ့တယ်။ မိမိတို့ သုံးနေတဲ့ Window Movie Maker နဲ့ ခပ်ဆင်ဆင်ပါပဲ။ ဒါပေမယ့် ဒါလေးက Professional လို့ ပြောရမယ်။ လုပ်နည်း စာအုပ်လေးပါ ထည့်သွားပေးထားတယ်။ မိမိလုပ်တာတော့ ဟုတ်ဘူး။ ဟီး။



Install လုပ်စရာ မလိုဘူး။ Portable ဆိုတော့ ပိုကောင်းတယ် ဆိုရမယ်။ သုံးကြည့်ရင်းမှ အဆင်ပြေသွားမယ် ထင်တယ်။ လုပ်နည်းတွေ များလို့။ လိုအပ်သူများအတွက် သတိတရ ဖော်ပြပေးလိုက်ပါတယ်။ ဒီမှာ Download လုပ်ယူပါ။ ကဲ ဓါတ်ပုံနဲ့ သီချင်းစာသားတွဲဖက်၍ အလှဆင်နိုင်ကြပါစေ။

ဆက်ဖတ်ရန်ကျန်သေးသည်...

CPE 17 Autorun Killer 1.8.0

USB နဲ့ ပတ်သက်ပြီး Security အနေနဲ့ USB Security Tool ကို ဒီမှာ ဖော်ပြပြီး ဖြစ်ပါတယ်။ မိမိကိုယ်တိုင်လဲ USB Security Tool ကို သုံးနေဆဲပါ။ တော်တော်လဲ အဆင်ပြေနေတယ် ဆိုရမယ်။ အဲဒါလေးကြောင့် USB ပေါက်တွေကိုလဲ စိတ်ချလက်ချ ထိုးနေတယ်။ ဟီး။

အခု နေရာတော်တော်များများက သိတဲ့ USB Stick မှာ ဗိုင်းရပ်စ် ကင်းမကင်း စစ်တဲ့ အရာလေး တစ်ခု ဖော်ပြ လိုက်ပါတယ်။ အားလုံး သိပြီးသားပါ။ ပေါ့ပေါ့ပါးပါးနဲ့ သုံးစွဲလို့ ရပါတယ်။ CPE 17 Autorun Killer လေးပါ။ ဒီဆော့ဝဲလ်လေး run ထားပြီး USB ထိုးလိုက်ရင် ဗိုင်းရပ်စ် မရှိရင် Your drives is Clean လို့ ပြမှာပါ။ ဒီမှာသာ Download ပေတော့။

ဆက်ဖတ်ရန်ကျန်သေးသည်...

English စာနှင့် ဆက်စပ်၍

ဒီရက်ပိုင်းက အင်္ဂလိပ်စာ သင်တန်းတက်နေတော့ မိမိလေ့လာမိတာ အင်္ဂလိပ်စာနဲ့ ပတ်သက်တာ များနေတယ်။ အင်တာနက်မှာ ဟိုရှာဒီရှာနဲ့ တွေ့လာတာက စကားလုံးတူတွေကို ဖော်ပြတဲ့ WordWeb ဆော့ဝဲလ်လေး။ ဒီဆော့ဝဲလ်က အောက်အချက်တွေ သုံးလို့ရတာ တွေ့ရတယ်။


1) Nearest (နီးစပ်တဲ့ စကားလုံးတွေ ဖော်ပြတယ်)
2) Synonyms (ကြောင်းတူသံကွဲ) (ဥပမာ- look က appear နဲ့ အနက်တူတယ်)
3) Type of
4) Types
5) See also (ရှာဖွေတဲ့ စကားနဲ့ ဆက်စပ်သုံးလို့ရတာတွေ ဖော်ပြတယ်)

ဒီဆော့ဝဲလ်က မိမိတို့ ရှာဖွေတဲ့ စကားလုံးရဲ့ ၀ါကျတည်ဆောက်ပုံကိုလဲ ဖော်ပြပေးသေးတယ်။ ပြီးတော့ စကားလုံးတွေရဲ့ အသံထွက်ကိုလဲ နားထောင်လို့ ရတယ်။ ကဲ ဘယ်လောက် ကောင်းလဲ။ သုံးကြည့်လိုက်တော့ တော်တော်အားရ စရာကောင်းတယ်။ ပြီးတော့ Free ပေးထားတယ်။

မိမိ လက်ရှိနေတာ Dictionary နှစ်ခုရှိတယ်။ တစ်ခုက Babylon ။ နောက်တစ်ခုက WxpyDict လေးပါ။ နှစ်ခုလုံး အဆင်ပြေပါတယ်။ အခု ရလာတဲ့ WordWeb နဲ့ဆို တော်တော် ပြည့်စုံနေပြီ။


နောက်တစ်ခုကတော့ Speaking အသံထွက်လေးတွေအတွက် အဆင်ပြေတဲ့ Commend Prod လေးပါ။ မိမိတို့ ကြားချင်တဲ့ စကားလေးတွေကို ရိုက်ထည့်လိုက်ပြီး enter ခေါက်လိုက်ရင် ရွတ်ပြတော့တာပဲ။ သူက အင်စတော လုပ်စရာ မလိုဘူး။ .bat ဖိုင်လေး ဆိုတော့ သိတဲ့ အတိုင်းပဲ။ အဲဒါလေးက ဒီမှာပါ။ အကယ်၍ စာဖတ်သူတွေက လိုအပ်တယ်ဆိုရင် ယူသုံးဖို့ ဖော်ပြပေးလိုက်ပါတယ်။

ဆက်ဖတ်ရန်ကျန်သေးသည်...

အယ်ဖိုး © 2008 Template by:
SkinCorner