Sunday, June 19, 2011

Adobe Reader 10.1.0


Adobe Reader® software lets you view, print, and search PDF files on a variety of devices and operating systems with faster launch time and real-time zooming and panning. You can use Adobe Reader to read, interact with, and print Portable Document Format (PDF) files generated by such applications as the Adobe Acrobat® family of products, Adobe Photoshop® Album, and more. Acrobat Reader also lets you fill in and submit PDF forms online. And when enabled by Acrobat Professional authors, you can now leverage robust commenting tools and actively participate in document reviews

Adobe Reader 10.1.0 | 37.86 MB


ဆက်ဖတ်ရန်ကျန်သေးသည်...

Myanmar typing tutor



တောင်းဆိုလို့ တင်ပေးလိုက်ပါတယ်မြန်မာလက်ကွက်လေ့ကျင့်လျုသူတွေအတွက်ပါ။

Myanmar typing tutor 27 Mb


ဆက်ဖတ်ရန်ကျန်သေးသည်...

Friday, June 17, 2011

Windows Interface ကို ဆန်းသစ်တီထွင်ထားသည့်Windows 8 ကို Microsoft သရုပ်ပြသ


အသစ်ထွက်ရှိမည့် Windows 8 interface နှင့်ပတ်သက်သည့် အချက်အလက်များကို ကာလီဖိုးနီးယားတောင်ပိုင်းတွင် ကျင်းပခဲ့သည့် D9 ကွန်ဖရင့်စ်၌ Microsoft၏ Windows
ဥက္ကဌဖြစ်သူ Steven Sinofsky ကသရုပ်ပြသခဲ့ကြောင်း သိရသည်။ ကုမ္ပဏီမှ သရုပ်ပြသချက်အရ Windows 8 Start screen သစ်သည် Windows Phone 7 ၏ပင်မစာမျက်နှာကဲ့သို့ လေးထောင့်ကွက်များဖြင့်ပြုလုပ်ထားပြီး Windows Start menu ကိုလည်း စိတ်ကြိုက်ပြင်ဆင်နိုင်ကြောင်း သိရသည်။ ထို့အပြင် gestures, snap, pin, cloud apps စသည့် interfacet သစ်များဖြင့်အသုံးပြုနိုင်ပြီး apps နှင့် ၀န်ဆောင်မှုများအကြား ဝေမျှခြင်း၊ screen ညာဘက်ထောင့်ရှိ taskbar ကိုဖျောက်ထားခြင်း စသည်တို့အား ပြုလုပ်နိုင်မည်ဖြစ်ကြောင်း Sinofsky ကပြောကြားသည်။ Windows7 နှင့် လုံးဝမတူညီသော်လည်း Windows 7 တွင်အလုပ်လုပ်သည့် device အားလုံးနှင့် apps အားလုံးကို Windows 8 ပေါ်တွင်အသုံးပြုနိုင်ပြီး interface ၏အချိုးအစားကိုလည်း ၇ လက်မအရွယ် screen မှ နံရံအရွယ်အစား display အထိ အချိုးကျကျအသုံးပြုနိုင်မည်ဟု သိရသည်။ Microsoft သည် Windows 8 ကိုသရုပ်ပြသရာ၌ Samsun နှင့် Lenovo tablet များကိုအသုံးပြုကာ သရုပ်ပြသခဲ့သည်။ ထို့အပြင် Internet Explorer 10 နှင့် အင်တာနက်အသုံးပြုခြင်း၊ ဓာတ်ပုံများကို ကျွမ်းကျင်စွာကိုင်တွယ်အသုံးပြုခြင်းနှင့် Microsoft Office အသုံးပြုခြင်းတို့ကိုလည်း သရုပ်ပြသခဲ့သည်။

ဆက်ဖတ်ရန်ကျန်သေးသည်...

Google Search အတွင်း မျက်စိတစ်မှိတ်အတွင်း ရှာဖွေနိုင်မည့် Instant Pages


Google Instant Pages

Google မှ ယမန်နှစ်အတွင်း Google Search အတွင်း စတင်ခဲ့သည့် Google Instant အား မကျေနပ်နိုင်သူများအဖို့ Google မှ ယခုအခါတွင် ယခင်ကာလများထက် ပိုမိုလျှင်မြန်စွာ ရှာဖွေနိုင်မည့် Google Instant Search ကိုစတင်တော့မှာဖြစ်ကြောင်း သိရပါတယ်။
Google ၏တာဝန်ရှိသူတစ်ဦးဖြစ်သူ Amit Singhal မှ သတင်းဌာနာများသို့ ကြော်ငြာထားချက်အရ Google Search အသုံးပြုသူများမှာ ယခုအခါတွင် မိမိလိုချင်သည်များကိုရှာဖွေလျှင် ၂ စက္ကန့် မှ ၅ စက္ကန့်သာ ကြာမြင့်တော့မည်ဖြစ်ကြောင်း ဆိုထားပါတယ်။
Google Instant ဟာ Domain ပေါင်း ၆၉ ခုကျော်တွင် ဘာသာစကားပေါင်း ၃၂ မျိုးနှင့် Desktop၊ Mobile ၂မျိုးလုံးတွင်ရရှိသွားမှာဖြစ်ကြောင်းသိရပါတယ်။ သို့သော်လည်း ယခုအချိန်တွင်တော့ Domain ၁၆ ခုအတွက်သာ ရရှိဦးမှာဖြစ်ကြောင်း သိရပါတယ်။
Amit Singhal မှထပ်မံပြီး ယခု ရရှိသွားမည့် Google Instant Search မှာ အသုံးပြုသူများအကြိုက်ဖြစ်မှာဖြစ်ကြောင်း၊ အကြောင်းအရင်းမှာ Google Search အတွင်း ယခင်ရှာဖွေနေသည့်အချိန် ၄ စက္ကန့် အချိန်ပင် မကြာမြင့်တော့ ကြောင်းနှင့် ချက်ချင်းရိုက်ထည့် ချက်ချင်းရှာဖွေပေးမည့် ပုံစံဖြစ်ကြောင်း ကြော်ငြာထားပါတယ်။
အဆိုပါ Instant Page များမှာ နောက်တစ်ပတ်တွင်ထုတ်လုပ်သွားမည့် Chrome Beta တွင်ရရှိသွားမှာဖြစ်ပြီး Firefox ၏နောက်ဆုံး version တွင်လည်းရရှိမှာဖြစ်ကြောင်းသိရပါတယ်။
Google မှကြော်ငြာထားချက်အရ တစ်နေ့တာအလုပ်တွင် လိုအပ်သည့်အချက်အလက်များကို မျက်စိတစ်မှိတ်အတွင်း ရှာဖွေသွားနိုင်ရန်စီစဉ်ထားခြင်းဖြစ်ကြောင်းနှင့် Google ၏DNA ကို စစ်ကြည့်လိုက်ပါက လျှင်မြန်မှုကိုသာ တွေ့မြင်ရမှာ ဖြစ်ကြောင်း ညွှန်းဆိုထားပါတယ်။

ဆက်ဖတ်ရန်ကျန်သေးသည်...

Thursday, June 16, 2011

Portable Adobe CS5 Collection Lite




Adobe CS5 Collection Lite Portable (Jun 2011) | 1GB
ဒီ ဖိုင်လေးကတော့ Adobe CS5 Portable Collection Lite တွေစုစည်းထားတဲ့ ဖိုင်လေးဖြစ်ပါတယ်။
အထဲမှာ ပါတဲ့ portable adobe CS5 တွေကိုအောက်မှာဖေါ်ပြပေးပါတယ်...

  1. Portable Adobe Fireworks CS5 Final v11.0.0.484
  2. Portable Adobe Flash Professional CS5 v11.0.0.485
  3. Portable Adobe Illustrator CS5 v15.0.0
  4. Portable Adobe InDesign CS5 Final v7.0.0.355
  5. Portable Adobe Photoshop CS5 12.0.1
  6. Portable Adobe Photoshop Lightroom 3.2

လိုချင်ရင်တော့ အောက်မှာဒေါင်းလော့ယူလိုက်ပါ။


ဆက်ဖတ်ရန်ကျန်သေးသည်...

Wednesday, June 15, 2011

Google Search အတွင်း အသံဖြင့်ရှာဖွေနိုင်ပြီဖြစ်

Google Adds Voice Search
Google မှ June လ ၁၄ ရက်နေ့တွင် အမေရိကန်နိုင်ငံ၊ San Francisco မြို့တွင်ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ၎င်းတို့၏Search Engine အတွင်း အသံဖြင့် ရှာဖွေ၍ ရရှိနိုင်သောဝန်ဆောင်မှု (Voice Search) ကို စတင်တော့မှာ ဖြစ်ကြောင်း ကြော်ငြာခဲ့ပါတယ်။
Google Search Engine အတွင်း အသံဖြင့်ရှာဖွေနိုင်ခြင်းအား Google မှ Android OS အသုံးပြု မိုဘိုင်းလ်ဖုန်းများတွင် စတင်အသုံးပြုခဲ့ခြင်းဖြစ်ပြီး လူအများမှလည်း ဖုန်းများမှနေ၍ Keyboard ပေါ်တွင် ရိုက်နှိပ်ရှာဖွေ နေရခြင်းထက် ထိုကဲ့သို့ အသံဖြင့်လွယ်လွယ်ကူကူ ရှာဖွေနိုင်ခြင်းအားအထူးကြိုက်နှစ်သက်ခဲ့ကြပါတယ်။
Google ၏ယခုထုတ်လုပ်မည့် Voice Search မှာ Chrome ၏နောက်ဆုံး version များတွင်သာရရှိနိုင်မှာဖြစ်ပြီး အဆိုပါ Feature ကိုအသုံးပြုချင်လျှင် ကွန်ပျူတာတွင် Microphone တပ်ဆင်ထားမှသာ ရရှိမှာဖြစ်ပါတယ်။
Google ၏ကြော်ငြာထားချက်အရ ယခုအချိန်တွင် အင်္ဂလိပ် အသံထွက်ဖြင့်ရှာဖွေခြင်း Feature အား Chrome တွင် စတင်ထုတ်လုပ်နေပြီဖြစ်သော်လည်း အသုံးပြုသူများမှ မြင်တွေ့နိုင်ဦးမှာမဟုတ်ကြောင်း ကြော်ငြာထားပါတယ်။
Google ၏ Voice Search အားအသုံးပြုပုံမှာ ယခင်မြင်တွေ့နေကျ Google Search ၏ Search Box ဘေးတွင် Microphone ပုံအား နှိပ်ပြီး မိမိရှာဖွေလိုသော အရာကို အသံထွက်ရုံပင်ဖြစ်ပါတယ်။
ထို့ပြင် Google မှ Voice Search အတွက် အင်္ဂလိပ်စာလုံးရေပေါင်း ၂၃၀ ဘီလီယံကို စုဆောင်းထားပြီးဖြစ်တဲ့အတွက် အသုံးပြုသူများ အသံဖြင့်ရှာဖွေလျှင် ပိုမိုလျှင်မြန်လွယ်ကူစွာရှာဖွေသွားနိုင်မှာဖြစ်ကြောင်း ကြော်ငြာထားကြောင်း ဖော်ပြလိုက်ရပါတယ်။

ဆက်ဖတ်ရန်ကျန်သေးသည်...

Friday, June 10, 2011

Automix Virtual DJ V-7

ဂီတနဲ့နီစပ်သူငယ်ချင်းတွေအတွက်တော့ အစဉ်ပြေမယ်ထင်တယ်ဗျ၊ ကျွန်တော်ကတော့ ဂီတနဲ့ပတ်သက်ပြီး တော်တော်အလှမ်းဝေးတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် မသုံးတက်ဘူးပေါ့ဗျာ။ ဒါပေမယ့် ကလိကြည့်ရသလောက်တော့ တော်တော်လေး သုံးလို့ကောင်းမယ့် အခြေအနေမှာရှိတယ်ဗျ။

Download; mediafire

ဆက်ဖတ်ရန်ကျန်သေးသည်...

Intel Sandy Bridge

Intel Core i7Intel တို့ကတော့ လုပ်ချလိုက်ပြန်ပြီ။ i7 တောင် ကောင်းကောင်း မသုံးရသေးဘူး။ အခု ဒုတိယမျိုးဆက် i စီးရီး CPU တွေ ထပ်မံ ထုတ်လိုက်ပြန်ပါပြီ။ CPU နာမည်တွေကတော့ i တွေပါပဲ။ နာမည်မပြောင်းပါဘူး။ ဒါပေမဲ့ ပထမမျိုးဆက် i7 နဲ့ ဒုတိယမျိုးဆက် i7 ဆိုပြီး ကွာသွားပါပြီ။ အခု ဒီ ဒုတိယမျိုးဆက် i5 နဲ့ i7 တွေ အတွက် ပေးထားတဲ့ Codename က Sandy Bridge တဲ့။ စာရေးသူအထင်ပြောရရင် Sandy.. Sandy နဲ့ ခေတ်စားလာမှာ မြင်ယောင်ပါသေးရဲ့။
ဒီ ဒုတိယမျိုးဆက် i စီးရီး CPU တွေ သုံးချင်ရင်တော့ Motherboard အသစ်တစ်ခု ထပ်ဝယ်ရပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ Sandy Bridge ဟာ အရင်လို Socket 1156 မဟုတ်တော့ဘဲ Socket 1155 ဖြစ်သွားတာမို့ပါ။ တွဲသုံးရမယ့် Chipset ကတော့ H67 သို့မဟုတ် P67 တွေဖြစ်ပါတယ်။ ၀ယ်သုံးရမယ့် Motherboard တွေကတော့ ရန်ကုန်ဈေးကွက်ထဲမှာ အရန်သင့်ရှိနေပါပြီ။ တခြား Motherboard တွေတော့ မဟုတ်ပါဘူး။ ဂျာနယ်တွေမှာပါလာတဲ့ ပြန်သိမ်းနေပါတယ်ဆိုတဲ့ Motherboard တွေပေါ့။ အဟဲ လန့်သွားသလား။ အဲဒီ Board တွေတော့ မ၀ယ်နဲ့ပေါ့။ Revision B3 ဆိုရင်တော့ စိတ်ချရပါပြီ။ ၀ယ်သုံးလို့ ရပါပြီ။

ကဲ ဟုတ်ပြီပေါ့။ i5 နဲ့ i7 တွေမှာ ဘယ် i တွေက Second Generation ဖြစ်သလဲဆိုတာလည်း ကြည့်တတ်ဖို့ လိုဦးမယ်နော်။ Process Number တွေကို သတိထားကြည့်ရုံပါပဲ။ Desktop တွေအတွက် Second Generation i7 CPU တွေကတော့ Core i7 2600K နဲ့ Core i7 2600 တို့ပါ။ Second Generation i5 CPU တွေကတော့ Core i5 2500 တွေနဲ့ Core i5 2400 တွေပါ။ Second Generation i3 CPU တွေကတော့ Core i3 2100 တွေနဲ့ Core i3 2120 ပါ။

ဘာတွေအသစ်ပါလာသလဲ
Intel ကတော့ second generation CPU တွေရဲ့ အားသာချက်ကို သူ့ရဲ့ Website မှာ အခုလို ပြောထားပါတယ်။
Why transition to the 2nd generation Intel Core processor family?
It makes business sense for a reseller:
* Platform flexibility enables multiple platform price points.
* Energy-efficient systems let you get creative with smaller form factors—an important sales opportunity.
* There’s performance headroom for managed service capabilities, graphics sell-up, and other sales opportunities.
It offers new technical capabilities:
* Incorporates CPU and GPU with new single-chip design, which improves performance while reducing latency.
* Includes additional feature capabilities used for software development, such as Intel® Advanced Vector Extensions, to offer greater high-end software performance.
* Great energy efficiency.
* Intel® Turbo Boost Technology 2.02 capabilities for both CPU and GPU enable higher performance when you need it.
A visibly smart choice:
* More security capabilities.
* Built-in visuals3 give your customers a better graphic experience.

ဆက်ဖတ်ရန်ကျန်သေးသည်...

အယ်ဖိုး © 2008 Template by:
SkinCorner