Friday, December 10, 2010

ကမ္ဘာကြီးနဲ့ တယောက် - ၀ီကီလိခ်ရဲ့အဆန်းန် လောကဓာတ်ခန်းသာဂိ


ဒီနှစ်ရဲ့ နှောင်းပိုင်းမှာ အမေရိကန်အစိုးရရဲ့ လျို့ဝှက်ချက်တွေကို ဖောက်ချသူဟာ သာမန်ရိုးကျ သတင်းစာသမား မဟုတ်ဘူး။ အကြမ်းဖက်အုပ်စုတွေ မဟုတ်ဘူး။ အာဏာရှင်နိုင်ငံတွေ မဟုတ်ဘူး။ ၂၁ ရာစုသစ် အင်တာနက်အက်တီဗစ်စ် ဂျူလီယာအဆန်း ဖြစ်တယ်။ ၀ီကီလိခ်ဆိုတဲ့ အင်တာနက် စာမျက်နှာဆိုတာက ရာစုသစ်ရဲ့ မီဒီယာသစ်တခု ဖြစ်တယ်။ အကျိုးအမြတ်အတွက်မဟုတ်ဘဲ သတင်းအချက်အလက်များ လူထုထံ အချုပ်အချယ် အကန့်အသတ်မဲ့ လွတ်လပ်စွာ စီးဆင်းရေးအတွက် ထကြွတဲ့ လှုပ်ရှားမှုဖြစ်တယ်။
ဝီကီလိခ်ထံကို အစိုးရတွေ၊ ကော်ပိုရိတ်ကြီးတွေရဲ့ လျို့ဝှက်ချက်တွေ၊ ခြေပုန်းခုတ်မှုတွေကို အရောက်ပေးပို့သူတွေက အစိုးရတွေ၊ ကော်ပိုရိတ်ကြီးတွေထဲက ၀န်ထမ်းတွေ ကိုယ်တိုင်ပါပဲ။ ဒါတွေကို ဖော်ချ ဖောက်ထုတ် ဖော်ကောင်လုပ်တာကလည်း သူတို့ သဘောနဲ့ သူတို့ ထကြွမှု ဖြစ်နေတယ်။ ဘာအကျိုးအမြတ်မှ မရှိဘူး။
အခုတလော မိုးမီးလောင်နေတဲ့ ၀ီကီလိခ်ရဲ့ ပေါက်ကြားမှုကြီးတွေကို အဆန်းန်လက်ထဲကို အရောက် ပို့ဆောင်ပေးသူ၊ ဖောက်ချပေးလိုက်သူက အသက် ၂၂ အရွက် အမေရိကန်တပ်မတော်သား၊ ကွန်ပျူတာပညာရှင် လူငယ်တဦး၊ လိင်တူ ဆက်ဆံသူ မန်နင်း ဆိုသူ ဖြစ်တယ်။ အခုသူ့ကို အမေရိကန်အစိုးရက စစ်ခုံရုံးတင်ဖို့ ပြင်နေပြီ။ ကယ်လီဖိုးနီးယားရဲ့ ဘာကလေးမြို့ကတော့ အက်တီဗစ်တို့ရဲ့ (ထကြွသူများ) အိမ်ယာဆိုတော့ သူ့ကို မြို့တော်ဂုဏ်ထူးဆောင်အဖြစ် ဂုဏ်ပြူဖို့ အဆိုတင်နေကြလေရဲ့။ အမေရိကန်နဲ့ ကမ္ဘာက ပြည်သူတွေထံ အမှန်တရားကို ရဲရင့်စွာ ထုတ်ဖော်လို့ ဆိုပဲ။
အဆန်းန်ကို ဗြိတိန်မှာ ဖမ်းထားတယ်။ သူက သြစတြေးလျနိုင်ငံသား။ ဖမ်းထားတဲ့အမှုက ဆွီဒင်မှာ အမျိုးသမီး ၂ ဦးနဲ့ လိင်ဆက်ဆံမှု လုပ်တာမှာ ကာကွယ်မှု (ကွန်ဒွန်) မသုံးစွဲလို့ ဆိုပဲ။ ဒါကို နိုင်ငံတကာပုလိပ်အဖွဲ့ (အင်တာပို) ကိုယ်တိုင်က ၀ရမ်းထုတ်ြပီး ဖမ်းတာ ဖြစ်တယ်။ သူ့ကို ဥပဒေကြောင်းအရ ၀ီကီလိခ်လုပ်ရပ်အတွက် တရားစွဲတာ ဖမ်းဆီးတာ မလုပ်နိုင်သေးတော့ အခုလို အနောက်က အစိုးရတွေက အဆန်န်း ချက်အောက်ကို ထိုးကြတယ်လို့ ပြောတာပဲ။
အစိုးရတွေရဲ့ လျို့ဝှက်ချက်တွေအပြင် နိုင်ငံတကာကော်ပိုရိတ်ကြီးတွေရဲ့ နောက်ကွယ်က အကြောင်းတွေကိုပါ ဖောက်ချဦးမယ်လို့ သတင်းထွက်နေတော့ အာဏာပိုင်တွေ၊ အစိုးရတွေ၊ နိုင်ငံရေးသမားတွေ နဲ့ အရင်းရှင်ကြီးတွေဟာ ဘယ်လောက်အထိ ဆောက်တည်ရာ မရဖြစ်ပြီး အဆန်းန်ကို ဖြစ်တဲ့နည်းနဲ့ ဖိနှိပ်ကန့်သတ်ဖို့ အစွမ်းကုန် ကြိုးစားကြပုံကတော့ အံ့သြကုန်နိုင်ဖွယ် …။
အမေရိကန် နိုင်ငံရေးသမားတွေက သူ့ကို အင်တာနက်အကြမ်းဖက်သမားလို့ စွပ်စွဲတယ်။ တွေ့ရာ သင်းချိုင်း ဒါးမဆိုင်းပဲ တဲ့။ အမေရိကန်က ၀က်ဆိုက်တွေ၊ ဒီအန်န်အက်စ်ဆိုတဲ့ ၀က်ဆိုက်လမ်းညွန်တွေ၊ ၀က်ဆာဗာတွေက ၀ီကီလိခ်ကို သပိတ်မှောက်တယ်။ ပိတ်ဆို့တယ်။ သူ့ကို ငွေကြေး ဖြတ်တောက်ဖို့ Paypal, Amazon, Visa & Master လုပ်ငန်းတွေက ဆောင်ရွက်တယ်။ အဲသလိုမျိုး အင်တာနက် ထကြွသူတဦးရဲ့ လွတ်လပ်စွာထုတ်ဖော်ခွင့်ကို လုပ်ကြံဖို့ ၀ိုင်းလုပ်ကြပုံကို ယူအင်န်က လူ့အခွင့်အရေးနဲ့ သတင်းစာလွတ်လပ်ခွင့်ဆိုင်ရာ ပြောခွင့်ရသူတဦးက ပြစ်တင် ဝေဖန် ထောက်ပြရတဲ့ အထိတောင် ဖြစ်ကုန်တယ်။ (ရှက်ဖွယ်)
သူရဲ့ ဖွင့်ချမှုတွေကလည်း ကမ္ဘာကြီးတခုလုံး တုန်သွားတာ အမှန်ပါ။ မြန်မာပြည်လို နိုင်ငံက  နူကလီးယားကိစ္စတွေတောင် ပါဆိုပဲ။ ကျန်တာတွေကတော့ ပြောမနေနဲ့တော့။ သို့သော် ပြောချင်တာက အစိုးရတွေ၊ နိုင်ငံရေးသမားတွေ၊ အရင်းရှင်ကြီးတွေဟာ သူတို့ရဲ့ အရိုးအထိ လှီးခံရမယ့် အဖြစ်ကို တိုးတော့မယ်ဆိုတဲ့အခါ ဒါကို အပြတ်လက်တုန့်ပြန်ဖို့ ကြိုးစားတာက လက်ကုန်ပဲ။ နူကလီးယားလဲမရှိ၊ အသေခံအကြမ်းဖက်သမားလဲ မဟုတ်၊ လက်နက်ကိုင်သူလည်း မဟုတ်တဲ့ အင်တာနက်ထကြွသူဟာ ပြေးစရာ တောင် မြေမရှိတော့ဘူး။ ၀က်ဆိုက်တောင် ထားစရာ မရှိတော့လို့ ဂူးဂဲကနေ ဒိုမိန်းနဲ့ ရှာလို့ မရတော့ အိုင်ပီအက်ဒရက်စ်နဲ့ လိုက်ရှာရတဲ့ အဖြစ်။ (http://213.251.145.96)
အခု ၁ ရက် ၂ ရက် အတွင်းမှာ ၀ီကီလိခ်ကို အမေရိကားအပြင်ဖက်၊ ဥရောပလို နိုင်ငံတွေက အင်တာနက်အက်တီဗစ်စ်တွေ အဖွဲ့တွေက နေစရာ၊ နားစရာ ၀က်ဆိုက် ဇရပ်တွေ ထိုးပေးထားတယ်။ ငွေကြေး အလှူခံလို့ မရဘူး ဆိုလို့ ဥရောပက ဘဏ်အချို့က ငွေကို လက်ခံပေးတယ်။ သူဆက်လုပ်ရမယ့် အလုပ်တွေ ဆက်ဖောက်ရမယ့် ပေါက်ကြားမှုတွေကို လက်ဆင့်ကမ်း ဖော်ထုတ်ဖို့ ပြင်ဆင်နေကြတယ်။ ပြီးတော့ အင်တာနက်ပေါ်က ဟက်ကာ + အက်တီဗစ် = ဟက်ကစ်ဗစ်စ်တွေကလည်း အဆန်းန်အတွက် သွေးစည်းညီညွတ်မှုတွေ နဲ့ လက်တုန့်ပြန်မယ်လို့ စစ်ကြေညာလိုက်တယ်။ ဆိုင်ဘာဝါး - အင်တာနက် နည်းပညာ စစ်တုန့်ပြန်မယ်။ အင်တာနက်စစ်သွေးကြွတွေလို့ အမေရိကန်နိုင်ငံရေးသမားတွေက ပြောတော့မှာပေါ့လေ။
ဟက်ကစ်ဗစ်စ်တွေက အခု တန်ပြန်ထိုးစစ်မှာ အဆန်းန်ကို ပိတ်ဆို့တဲ့ မာစတာကဒ်၊ ဗီဇာကဒ်နဲ့ ပေးပေါ ငွေပေးချေစနစ်တွေရဲ့ ၀က်ဆိုက်တွေကို ပြန်လည် ပိတ်ဆို့ တိုက်ခိုက်နေကြတာ အခု ၂ ရက် ရှိသွားပြီ။ ကမ္ဘာတ၀ှမ်းက အင်တာနက်ထကြွသူတွေဆိုတာ ဆယ်ကျော်သက်တွေသာမက မိဘတွေ၊ လူလတ်တန်းစား ပညာတတ်မိသားစုတွေ အထိ ပါဝင်တယ်လို့ ဆိုတယ်။
အဆန်းန်ဘက်က သတင်းတွေ အာဘော်တွေကို ပြောဆိုတင်ဆက်ပေးနေတဲ့ သာမန်ရိုးကျ သတင်းဌာနဆိုလို့ နယူးယောက်တိုင်း၊ ဂါဒီယန်း တို့လောက်ကသာ ဖြစ်တယ်။ အရင်းရှင်ကြီးတွေ၊ နိုင်ငံရေးသမားတွေ လက်ခုပ်ထဲက သတင်းတွေ မီဒီယာတွေ သတင်းသမားတွေဆိုတာက အဆန်းန်းကို အကောင်းပြောဖို့တောင် ပါးစပ်မဟရဲကြဘူး။ အလုပ်ရှင်တွေ၊ အာဏာရှင်တွေ၊ ငွေရှင်တွေ ငြိုငြင်သွားမှာ စိုးလို့။
တွေးကြည့်ရင် တရားရစရာပါပဲ။ ဘယ်ရာစုပဲ ရောက်ရောက်ပါ၊ သတင်းနဲ့ အချက်အလက် လွတ်လပ်စွာ ထုတ်ဖော်ခွင့်ဆိုတာဟာ လွတ်လပ်မှု ဘယ်လောက်ပဲ ရှိတယ် ပြောပြော၊ အကန့်အသတ်တွေ ဆင်ဆာတွေ ဆိုတာ ရှိတာချည်းပဲ ဆိုတဲ့ အချက်။ အင်တာနက်ထကြွသူ၊ သတင်းစာနယ်ဇင်းသမား၊ နိုင်ငံရေး တက်ကြွသူတွေ ဆိုတာ အဲသည်လို သက်ဝင်ယုံကြည်မှုနဲ့ ပတ်သက်ပြီး အဆုံးစွန် ရွေးစရာအချိန်ရောက်ရင် ရွေးကြရတာချည်းပါပဲ။ အဲသည်မှာ ကမ္ဘာကြီးက တဖက်၊ ကိုယ်က တဖက် ဖြစ်ချင် ဖြစ်သွား၊ ရွေးရတာချည်း။ ကိုယ့်နောက်မှာ ကိုယ့်လိုပဲ ကိုယ်ထူကိုယ်ထ ကိုယ့်အားကိုယ်ကိုးပြီး မိုက်တွင်းနက်သူတွေဆိုတာ ကျဉ်းထဲ ကြပ်ထဲရောက်မှ တွေ့ကြရမှာ။ တွေ့ချင်မှလည်း တွေ့ကြရမှာ။
ကဲ … ဂျီူလီယာနီအဆန်းန် သင်တို့တတွေဟာ ခေတ်သစ် ရော်ဘင်ဟုဒ်တွေလား၊ ရာစုသစ် ငတက်ပြားတွေလား။ အာဏာရှင်တွေ၊ အစိုးရတွေ၊ အရင်းရှင်တွေကို အာဏာဖီဆန်၊ အာခံသူ ၂၁ ရာစု အင်တာနက်သူုပုန်ကြီးတွေလား။ အစွမ်းရောက် စစ်သွေးကြွတွေလို အင်တာနက်အကြမ်းဖက်သမားတွေလား။ အချိန်နဲ့ သမိုင်းက ဆက်လက် စောင့်ကြည့် ဆုံးဖြတ်ကြယုံသာ။ ။

ဆက်ဖတ်ရန်ကျန်သေးသည်...

Tuesday, December 7, 2010

To Reach Our Goal သီချင်း

မြန်မာနိုင်ငံရှိတိုင်းရင်းသားလူမျိုးများအားလုံးအတူလက်တွဲပြီးတရားမျှတမှူနြဲု့ငိမ်­းချမ်း
ရေးအတွက်တိုက်ပွဲဝင်ရန်အချိန်တန်ပြီ...ဘုံ­ရန်သူဖြစ်သောစစ်အာဏာရှင်မဟာလူမျိုးကြီး
ဝါဒကိုအတူလက်တွဲပြီးဖြိုခွဲကြဖို့ရန်အတွက်­ဒီဗီဒီယိုသီချင်းလေးဖြင့်တိုက်တွန်းနိုးဆေ­ာ်လိုက်ပါသည်။



ဆက်ဖတ်ရန်ကျန်သေးသည်...

မေးခွန်းများနှင့်အတူ ရှာဖွေမှုနယ်ပယ်သို့ ၀င်ရောက်လာသော Facebook

Face book သည် ရှာဖွေရေးဈေးကွက်(search market)တွင်းသို့ ပထမဦးဆုံး ခြေလှမ်းစတင်လိုက်ပြီဖြစ်သည်။ 'Questions' ဟု ခေါ်ဆိုသော လုပ်ဆောင်မှုတစ်ခုကို စမ်းသပ်မှုအနေဖြင့်
ထုတ်လွှတ်လိုက်ပြီး ၊င်းလုပ်ဆောင်မှုအသစ်မှနေ၊ ဆိုက် (sites) အတွင်းရှိ အသုံးပြုသူပေါင်းသန်း(၅၀၀)ဆီသို့ မေးခွန်းများကို မေးနိုင်သည်။ လွန်ခဲ့သော (၁၅)နှစ်က ရှာဖွေရေးအင်ဂျင်(Search
engine)များ ပေါ်ထွက်လာမှုနှင့်အတူ အံမခန်းရှာဖွေနိုင်မှု ခေတ်စနစ်သစ် တစ်ခုကို တွေ့ကြုံခဲ့ကြပြီး၊ မေးခွန်းများမေးခြင်းသည် လူသားဆန်သောခေတ်ဆီသို့ ပြန်ရောက်သွားခြင်းပင် ဖြစ်သည်ဟု 'blog
Search Engine land' မှ အယ်ဒီတာချုပ်ဖြစ်သူက ဆိုသည်။ Facebook တည်ထောင်သူ Mark Zuckerber မှ ယခုနှစ် အစောပိုင်းတွင် ဟောကိန်းတစ်ခုထုတ်လိုက်သည်မှာ သူငယ်ချင်းများ (သို့)
လူမှုရေးဂရပ်များက သင့်ကို အွန်လိုင်းပေါ်တွင် လမ်း၊ွှန်မှုပြုနေခြင်းသည်ပင် ၀က်ဘ်၏ အနာဂတ်ဖြစ်သည်ဟု၊ပင်၊ Facebook ၏ ယခု ခြေလှမ်း သစ်သည် ရှာဖွေရေးလောကတွင် Google ၏ လွှမ်းမိုးမှုကို
စိန်ခေါ်လိုက်ခြင်းပင်ဖြစ်သည်ဟု အချို့ သုံးသပ်ကြပါသည်။ ၀က်ဘ်များကို အဆင့်သတ်မှတ်စီတန်းခြင်းသည် အလွန်အကုန်အကျများသော လုပ်ငန်းပင် ဖြစ်ပြီး၊ Facebook အနေ ဖြင့် ၊သို့
လုပ်ဆောင်နိုင်မှုစွမ်းရည်မရှိပါဟု အချို့ကသုံးသပ်ပါသည်။ Facebook မှ ယခုကဲ့သို့ အသွင်သစ်လုပ် ဆောင်မှုကို ထုတ်လုပ်လိုက်ခြင်းသည် ရှာဖွေရေးဈေးကွက်အတွင်းသို့ ၀င်ရောက်လိုခြင်းပဓာန
ရည်ရွယ်ချက်မဟုတ်ပဲ၊ အသုံးပြုသူများ၏ အချက်အလက်များကို ပိုမိုရှာဖွေနိုင်ရန် ရည်ရွယ်လိုခြင်းဖြစ်သည်ဟု Forrester သုတေသန ကုမ၊ဏီ၏ အကြီးတန်းသုတေသီ Nate Elliott မှ BBC
နှင့်တွေ့ဆုံခန်းတွင် ပြောကြားခဲ့သည်။

ဆက်ဖတ်ရန်ကျန်သေးသည်...

Thursday, December 2, 2010

Password နဲ့ ပတ်သတ်လို့ သိထားသင့်တာများ

Password နဲ့ ပတ်သက်တဲ့ သတိပေးချက် တွေကို မကြာခဏ ကြားဖူးကြမှာပါ။ အင်္ဂလိပ်စာလုံး အကြီးနဲ့ အသေးတွဲသုံးဖို့၊ နံပါတ်နဲ့ အက္ခရာ တွဲသုံးဖို့၊ #%&!အစရှိတဲ့ Special Character တွေ ထည့်သုံးဖို့၊ အဘိဓာန် ထဲက စကားလုံးတွေ မသုံးဖို့၊ စာလုံး အရေအတွက် များများ သုံးဖို့၊ QWERTY လိုမျိုး အစဉ်လိုက် စာလုံးတွေ မသုံးဖို့ ဆိုတဲ့ သတိပေးချက်မျိုး တွေကို ကြားရတတ် ပါတယ်။ ဒါပေမယ့် ကွန်ပြူတာ အသုံးပြုသူ အများစုကတော့ ဘာအကြောင်းကြောင့် ဒီလို သတိပေးတယ် ဆိုတာကို သဘောမပေါက် ကြပါဘူး။ အလွယ်တကူ မှတ်လို့ မရအောင် အဲဒီလို လုပ်ခိုင်းတယ် လို့ပဲ ထင်တတ်ပါတယ်။

တကယ့် အကြောင်းရင်းမှန်ကတော့ အလွယ်တကူ မှတ်လို့ မရရုံတင် မကပါဘူး။ Password သူခိုးတွေ သုံးတတ်တဲ့ အဘိဓာန် တိုက်ခိုက်မှု (Dictionary Attack) ၊ ဘရုဖို့စ် တိုက်ခိုက်မှု (Brute Force Attack) စတဲ့ နည်းတွေကနေ ရှောင်နိုင်အောင်လည်း ပါဝင်ပါတယ်။ Password သူခိုး များဟာ ရေးထားပြီးသား ပရိုဂရမ်တွေ Script တွေကို သုံးပြီး Password ဖြည့်ရမည့် နေရာမှာ ဖြစ်နိုင်ခြေ ရှိတဲ့ Password တွေကို အလိုအလျောက် ဖြည့်ကြည့်ကြပါတယ်။ အဲဒီလို ပရိုဂရမ်တွေ ကလည်း ကိုယ်တိုင် ရေးစရာ မလိုပဲ အင်တာနက်မှာတင် အလွယ်တကူ ရှာလို့ ရနိုင် ပါတယ်။

အဘိဓာန် တိုက်ခိုက်မှု (Dictionary Attack) ဆိုတာကတော့ အဲဒီလို ရေးထားပြီးသား ပရိုဂရမ်ကို သုံးပြီး အဘိဓာန် ထဲမှာ ရှိတဲ့ အင်္ဂလိပ်စာလုံးတွေကို ပုံစံမျိုးစုံနဲ့ ပေါင်းစပ်ပြီး ဖြည့်ကြည့်တာကို ခေါ်ပါတယ်။ ဥပမာ အားဖြင့် night နဲ့ parking ပေါင်းပြီး nightparking ဆိုတဲ့ စာလုံးမျိုး၊ Bird နဲ့ Park ပေါင်းပြီး birdpark ဆိုတာမျိုးကို Password နေရာမှာ ဖြည့်ကြည့်ကြတာ မျိုးပါ။ အဲဒီတော့ ကိုယ့်ရဲ့ Password က အဘိဓာန် ထဲမှာ ရှိတဲ့ စာလုံးတွေကို သုံးထားတယ်ဆိုရင် အဘိဓာန် တိုက်ခိုက်မှု ကြောင့် Password သူခိုးတွေရဲ့ လက်ကို ရောက်သွားနိုင်ပါတယ်။ အဘိဓာန် တိုက်ခိုက်မှုကို သုံးတဲ့ Password သူခိုးအနေနဲ့ အင်္ဂလိပ် အဘိဓာန်သာ မကပဲ သူကြိုက်တဲ့ အဘိဓာန်ကို ပရိုဂရမ်ထဲမှာ အလွယ်တကူ ထည့်ပြီး သုံးလို့ရပါတယ်။ အဲဒါကြောင့် အင်္ဂလိပ် အဘိဓာန် မသုံးပဲ မလေးစကားလုံးလို အင်္ဂလိပ်စာနဲ့ ရေးထားတဲ့ စာလုံးမျိုးတွေကို သုံးရင်လည်း စိတ်မချရပါဘူး။ အဘိဓာန်ထဲက စကားလုံးတွေကို Password အနေနဲ့ မသုံးတာဟာ အကောင်းဆုံးပါပဲ။ Password သူခိုးတွေဟာ အဘိဓာန် တိုက်ခိုက်မှု ထဲမှာ qwerty, asdfg စတဲ့ ကီးဘုတ်ပေါ်မှာ ရှိတဲ့ ဂဏန်း အစဉ်လိုက် စာလုံးတွဲတွေကိုလည်း သုံးတတ်တဲ့ အတွက် ကီးဘုတ်ပေါ်မှာ ရှိတဲ့ အစဉ်လိုက် အက္ခရာတွေကို Password အနေနဲ့ ထားခြင်းမှလည်း ရှောင်သင့်ပါတယ်။

ဘရုဖို့စ် ဆိုတာကတော့ ဖြစ်နိုင်ခြေ ရှိတဲ့ စာလုံးတွေကို ပုံစံမျိုးစုံနဲ့ ဖြည့်ကြည့်တဲ့ တိုက်ခိုက်မှုပါ။ ဥပမာ အားဖြင့် ဘရုဖို့စ် နဲ့ တိုက်ခိုက်မယ့် Password သူခိုးက Password ၆လုံးစာ နေရာကို ကို 0 ကနေ 9 အထိ ဖြည့်ကြည့်မယ် ဆိုကြပါစို့။ ပရိုဂရမ်က Password ဖြည့်ရမယ့် နေရာမှာ 0 ကနေ 999999 အတွင်း ရှိသမျှ ဂဏန်းတွေကို အလို အလျောက် ဖြည့်ကြည့်ပါတယ်။ ဖြစ်နိုင်ခြေ ရှိတဲ့ password အားလုံးပေါင်းက (106 + 105 + 104 + 103+ 102 + 10)= ၁၁ သန်းကျော် ရှိပါတယ်။ (10 က ဖြစ်နိုင်ခြေ ရှိတဲ့ 0 ကနေ 9 အထိ ဂဏန်း ၁၀ လုံးကို ရည်ညွှန်းပြီး ရှေ့ဆုံးက ပါဝါ 6 ကတော့ ဂဏန်း ၆ လုံးစာနေရာကို ရည်ညွှန်းပါတယ်။) ဒါပေမယ့် ၁၁ သန်းကျော်ဆိုတဲ့ ဂဏန်းကို ကွန်ပြူတာနဲ့ ဖြည့်ကြည့်ဖို့ မိနစ်ပိုင်း ပဲ ကြာပါတယ်။ အကယ်၍ ဂဏန်းချည်း သက်သက်မဟုတ်ပဲ အင်္ဂလိပ်အက္ခရာ စာလုံး အသေး ကိုပါ တွဲဖြည့်မယ် ဆိုရင်တော့ a ကနေ z အထိ အက္ခရာ ၂၆ လုံး ပိုလာပါပြီ။ အက္ခရာ ၃၆ လုံးအတွက် ဖြစ်နိုင်ခြေ ရှိတဲ့ ဂဏန်း အားလုံးပေါင်းက (366 + 365 + 364 + 363+ 362 + 36) = 2.2 ဘီလီယံ ကျော် ရှိပါတယ်။ အဲဒီအတွက် ပရိုဂရမ်ကို Run ရတဲ့ အချိန်က ဂဏန်းချည်း သက်သက် ဖြည့်တာထက် စာရင် အဆ ၂၀၀ ကျော် ပိုကြာပါတယ်။ အင်္ဂလိပ်စာလုံး အကြီးအသေး၊ ဂဏန်းနဲ့ ကီးဘုတ် ပေါ်က ရိုက်ထည့်လို့ရတဲ့ Special Character ၃၂ လုံးကို တွဲဖြည့်မယ် ဆိုရင်တော့ စုစုပေါင်း အက္ခရာ ၉၄လုံး ဖြစ်တဲ့အတွက် ဖြစ်နိုင်ခြေ ရှိတဲ့ Password က ၆၉၇ ဘီလီယံ ကျော် ရှိပါတယ်။ ဂဏန်း ချည်းသက်သက် ဖြည့်တာထက် စာရင် အဆ ၆သောင်း နီးပါး ပိုကြာပါတယ်။ အဲဒီတော့ ကိုယ့်ရဲ့ Password ထဲမှာ အက္ခရာ အကြီးအသေး ဂဏန်း နဲ့ Special Character တွေ တွဲဖြည့်မယ် ဆိုရင် ဘရုဖို့စ် တိုက်ခိုက်မှုက နေ ရှောင်နိုင်ဖို့ အခွင့်အလမ်း များပါတယ်။ Password အလုံးရေ ၁၂ လုံးထက် ပိုမယ် ဆိုရင် အကောင်းဆုံးပါပဲ။

Password ကို မကြာခဏ ပြောင်းပါ ဆိုတာလည်း ဒါကြောင့်ပါပဲ။ ကိုယ့်ရဲ့ Password ကို တစ်စုံ တစ်ယောက်က စိတ်ရှည်လက်ရှည်နဲ့ နေ့တိုင်း တိုက်ခိုက်နေမယ် ဆိုရင် တစ်နေ့မဟုတ် တစ်နေ့တော့ ကိုယ့်ရဲ့ Password ကို ဖော်နိုင်မှာပါပဲ။ ဒါကြောင့် Password ကို မကြာခဏ ပြောင်းပေးတာဟာ ပိုပြီး လုံခြုံမှု ရှိစေပါတယ်။

ဒါပေမယ့် User တွေ အတွက် အဓိက ပြသနာက အဲဒီလို အားကောင်းတဲ့ Password ကို ဘယ်လို မှတ်မိအောင် လုပ်မလဲ ဆိုတဲ့ ပြသနာပါ။ အရိုးအရှင်းဆုံး Password ဖန်တီးနည်းကို အခုလို မှတ်သား ဖူးပါတယ်။ ဂဏန်းတွေ ပါတဲ့ အင်္ဂလိပ် စာကြောင်းတစ်ခုကို မှတ်မိအောင် လုပ်လိုက်ပါ။ ဥပမာ She have 3 cats 2 dogs and he is 5 feet 8 inches tall ဆိုတာမျိုးပါ။ ပြီးရင် ရှေ့ဆုံးစာလုံးတွေကို ယူပါ။ sh3c2dahi5f8it ဆိုပြီး ရပါတယ်။ နာမ်စားတွေကို အင်္ဂလိပ် အက္ခရာ အကြီး ပြောင်းလိုက်ပါ။ ပြီးရင် ကျန်တဲ့စာလုံးတွေမှာ (a = @ , h = # , p = % , s = $ ) စတာမျိုးတွေ အစားထိုးလိုက်ပါ။ အဲဒါဆိုရင် ခုန စာကြောင်းကနေ Sh3c2d@H!5f8!t ဆိုပြီး အလွယ်တကူ ခိုးလို့မရနိုင်တဲ့ Password တစ်ခု ထွက်လာပါလိမ့်မယ်။ မမှတ်မိရင် အင်္ဂလိပ်စာကြောင်းကို ပြန်စဉ်းစားပြီး အစပြန်ဖော်လို့ ရပါတယ်။ ရိုက်ပါများရင် မှတ်မိသွားပါလိမ့်မယ်။

အဲဒါဆိုရင် မေးစရာ နောက်တစ်ခု ရှိလာပါပြီ။ ကျွန်တော်တို့ရဲ့ အီးမေးလ်တွေကို ဘရုဖို့စ် တိုက်ခိုက်မှုနဲ့ Password ဖော်လို့ ရသလား ဆိုတာပါ။ ရာဟူး ဂျီမေးလ်စတဲ့ အီးမေးလ်တွေမှာ ဘရုဖို့စ် တိုက်ခိုက်မှုကို ကာကွယ်ဖို့အတွက် Catcha လို့ ခေါ်တဲ့ Word Verification ထည့်ထားပါတယ်။ Password ကို ၃ ခါ မှားနှိပ်မိရင် Word Verification ပေါ်လာပြီး Password နဲ့အတူ ကွန်ပြူတာ ဖန်သားပြင်မှာ ပေါ်လာတဲ့ စာလုံးတွေကို ရိုက်ထည့်ပေးရပါတယ်။ အဲဒီ လို ပေါ်လာတဲ့ စာလုံးတွေကို ကွန်ပြူတာ ပရိုဂရမ်နဲ့ အလွယ်တကူ ဖတ်လို့မရတဲ့ အတွက် ဘရုဖို့စ်နဲ့ တိုက်ခိုက်လို့ အလွယ်တကူ မရနိုင်ပါဘူး။ ဒါပေမယ့် ကွန်ပြူတာမှာ Optical Character Recognition လို့ ခေါ်တဲ့ ဖန်သားပြင်ပေါ်က စာလုံးတွေကို ဖတ်လို့ရတဲ့ နည်းပညာလည်း ရှိပါသေးတယ်။ အဲဒါကြောင့် စာလုံးတွေကို အတည့်အတိုင်း မရေးပဲ ရွဲ့စောင်း ရေးထားပြီး Word Verification ကို OCR နည်းပညာကို သုံးပြီး အလွယ်တကူ ဖတ်လို့ မရအောင် လုပ်ထားပါတယ်။ ကျွန်တော်တို့ သုံးနေကျ တစ်ချို့ဝက်ဘ်ဆိုဒ်(လုံခြုံရေး အရ အမည် မဖော်လိုပါ။) တွေမှာ Catcha မပါပါဘူး။ အဲဒီအတွက် ဘရုဖို့စ်နဲ့ တိုက်ခိုက်တဲ့ အခါမှာ ကိုယ့်ရဲ့ Password က အားနည်းနေရင် တခြားသူလက်ကို အလွယ်တကူ ရောက်သွားနိုင် ပါတယ်။ အဲဒါကြောင့် ကိုယ်သုံးနေတဲ့ ဝက်ဘ်ဆိုဒ်မှာ Catcha မပါမှန်း သိရင် Password ကို တတ်နိုင်သမျှ အားကောင်းအောင် လုပ်ထားပါလို့ အကြံပေးချင် ပါတယ်။

ဆက်ဖတ်ရန်ကျန်သေးသည်...

E-mail အား ကြားဝင်ဖောက်ဖတ်နိုင်သော နေရာများ

ယနေ့ခေတ်အတွက် အင်တာနက်ဆိုတာ တစ်ယောက်ကိုတစ်ယောက် ဆက်သွယ်မှု့အပိုင်းမှာ အဓိကကျသော အပိုင်း၊ အခန်းကဏ္ဍကနေ ပါဝင် နေပါတယ်။ ဒါပေမဲ့ တိုးတက်လာတဲ့ နည်းပညာ အလျှောက် အင်တာနက် နဲ့ အီးမေးလ် အသုံးပြုသူတိုင်း မိမိတို့ အသုံးပြုသော နည်းပညာ အားသာချက် အားနည်းချက်တွေကို သိထား သင့်ပေသည်။ ကျွန်တော်တို့က အီးမေလ်း လိပ်စာလေး တခုရိုက်ထည့်ပြီး ပို့လိုက်တယ်.. ဒါပေမဲ့ အဲ့လိုပို့လိုက်တဲ့ မေးလ်ဟာ လူသန်းပေါင်းများစွာ သုံးနေသော အင်တာနက်ပေါ်မှာ ဖြတ်သန်းသွားလာနေကြတယ်။ ဒီလိုနေရာမှာ ကြားခံ Gateway, Server, Backbone, Segment တွေကိုဖြတ်သွားရတယ်။ ဒီအတွက် မိမိတို့သုံးနေတဲ့ မေးလ်တွေကို ကြားခံနေရာကနေ ၀င်ရောက် ဖောက်ကြည့်လို့ရတယ်ဆိုတာကို သိထားသင့်တယ်။


Internet Service Provider (ISP)
ISP ဆိုတာ မိမိတို့သုံးနေတဲ့ Network Traffic တွေအားလုံးကို အလွယ်တကွယ်စောင့် ဖမ်းနိုင်တဲ့နေရာပါ။ ကျွန်တော်တို့သုံးနေ network packet တွေဟာ ISP မှာတော့ Feed တစ်ခုထားခဲ့ရတာပဲ။ ဒီအတွက် မိမိတို့ရဲ့ မေးလ်အားလုံးကို ISP ဟာ လိုအပ်ရင်လိုအပ်သလို ၀င်ရောက် ကြည့်လို့ရတယ်။


Email Provider
မိမိအသုံးပြုနေသော မေးတွေအားလုံးကို အသုံးပြုနေသော မေးလ် provider တွေကနေ ၀င်ကြည့်လို့ရတယ်။ ဥပမာ - Gmail သုံးတယ်ဆိုရင်.. Gmail ရဲ့ Authorized person တွေက ကြည့်လို့ရတယ်။

Corporate Environment
တစ်ချို့လုပ်ငန်းကုမ္ပဏီ တွေက မိမိတို့ရဲ့ လုပ်ငန်းအတွင်း Data Document တွေ အမှားအယွင်းနဲ့ ၀န်းထမ်းတွေကိုစောင့်ကြည့်ရန် packet sniffer တွေကို Internal Network တစ်ခုလုံအတွက် ထားထားကြတယ်။

Hotel/Conference Center/Internet Café

Hotel/Conference Center တွေကနေ user တွေရဲ့ မေးလ်တွေကို intercept လုပ်လို့ရတယ်။ ဟော်တယ် တွေနဲ့ Conference Center တွေမှာ ၄င်းတို့ရဲ့ User တွေကို သတ်မှတ်ချက်အတိုင်း အသုံးပြုရအောင် Net ကိုထိန်းချူပ်ထားတယ်၊ ထို့အတူ Cyber Cafe တွေလည်းအဲ့အတိုင်းပဲ... ဒီနေရာမှာ တစ်ခုရှိတာက မြန်မာပြည်က Cyber Cafe တွေ တော်တော်များများက ၄င်းတို့ရဲ့ Server / Gateway Router တွေကို တိတိကျကျ လုံခြုံမှု့မပေးထားရင် အပြင်လူက ၄င်း server / Router ကိုဝင်ဖောက်ပြီး Network တစ်ခုလုံးရဲ့ Packet တွေကို Sniffing လုပ်ကာ အီးလ်မေးဖောက်နိုင်တယ်။

Housing Provided Connectivity
condominium and apartment complexes အချို့တွေမှာ ၄င်းတို့၏ အိမ်ရှင်၊ အိမ်ငှားတွေအတွက် Built-in High Speed Internet တွေကို ပေးသုံးကြတယ်။ ဒါက Hotel/Conference Center/Internet Café တွေတူပါတယ်။ အကယ်၍ ၄င်း Network မှာ Admin တစ်ယောက်က ညံ့ဖျင်းတာပဲဖြစ်စေ၊ Admin က ကြားဝင်ဖောက်တာပဲဖြစ်စေ ၀င်ရောက်နိုင်တယ်။

College Environment
College တွေမှာသုံးတာကို cable modems and other broadband technologies ‘shared local loop’ network model လို့ခေါ်ပြီးတော့ ၄င်းနေရာတွေမှာလည်း ကြားဝင်ဖောက်လို့ရတယ်။ ဒါကလည်း corporate networks interception နဲ့တူတယ်/

Local Loop Interception
အကယ်၍ မိမိရဲ့ အိမ်နားဝန်းကျင်မှာ သုံးနေတဲ့ လူတစ်ယောက်ရဲ့ Network နဲ့ Mail ကို interception လုပ်မယ်ဆိုရင် ပုံမှန်အားဖြင့်မလွယ်နိုင်ပေမဲ့ ၄င်း system ကိုဝင်ရောက်ဖို့ special hardware အနည်းငယ်တော့လိုတယ်။ ဒီလိုနေရာတွေမှာလည်း ၀င်ရောက်နိုင်တယ်။

MAN environment
ယခုအချိန်မှာတော့ MAN တွေကို ပြည်တွင်းအစိုးရအဖွဲ့အစည်းနဲ့ တွေလောက်ပဲ ကျယ်ကျယ်ပြန့်ပြန့်သုံးတာများတယ်။ ဒီလိုနေရာမှာလည်း မိတ်ဆွေတို့သုံးနေတဲ့ network ကို sniffing လုပ်လို့ရတယ်။

Wireless Network Access Point
Wireless Network ဆိုရင် များသောအား Wi-Fi ကိုပဲပြေးမြင်လိမ့်မယ်.. ဟုတ်ပါတယ်. ဒီလို Wi-Fi Wireless AP တွေကလည်း Interception လုပ်လို့ရတယ်။ ၄င်း Wireless တွင်၊ Wi-Fi, WiMAX, Bluetooth, GPRS, HSDPA စည်တို့လည်းပါဝယ်တယ်။

တကယ်တမ်းပြောရမယ်ဆိုရင် ဒါတွေတင်မကဘူး အများကြီးရှိသေးတယ်။ ဒါတွေက အဓိက နေရာတွေပဲ။

ဒီတော့ မိမိတို့ရဲ့ မေးလ်တွေကို ဘယ်သူမှ မ၀င်ဖတ်နိုင်အောင် လုပ်ဆောင်တဲ့ နည်းမရှိဘူး။ ဒါပေမဲ့ တစ်ခုတည်းသော နည်းလမ်းကတော့ မိမိပို့လိုက်သော messages တွေကို Encrypt လုပ်ပြီးပို့ကာ ကြာဝင်ဖောက်ကြည့်လို့မရအောင် လုပ်ဆောင်ခြင်းသာ အကောင်းဆုံးနည်းလမ်းဖြစ်တယ်။

ဆက်ဖတ်ရန်ကျန်သေးသည်...

Wednesday, December 1, 2010

မိုက်ခရိုဆောဖ် ၀ဲ များ အား ကိုးဆယ်ရာခိုင်နှုန်း လျှော့ ဈေး နှင့်ဘလောက်ဂါ များ ၀င်ငွေ ရနိုင်သည့် Alert Pay


 

မိုက်ခရို ဆောဖ် ကုမ္ပဏီမှ ထုတ်ဝေသည့် ၀င်းဒိုး
ဆောဖ် ၀ဲ အပြင် မိုက်ခရို ဆောဖ် Office အုပ်စု မှ
Power Point ,Publisher ,Word, Excel အစရှိသည့်
ဆော်ဝဲ များ ကို အဆင့်မြင့် ပညာသင်ကြားနေ သော
ကျောင်းသားများ အား ၉၁ ရာခိုင်နှုန်း လျှော့ဈေးဖြင့်
ရောင်းချမည့် အစီအစဉ် အား မိုက်ခရိုဆောဖ်ဝဘ်ဆိုတ်
တွင် သတင်း ထုတ်ပြန် ထားသည်။အမေရိကန် သို့ မဟုတ် ကမ္ဘာ တ၀ှမ်း ရှိတက္ကသိုလ် ပညာ သင် ကြားနေ သည့် ကျောင်းသား များအတွက် Windows 7 Professional အား၆၄.၉၅ ဒေါ်လာ နှင့် ရောင်းချပေး မည် ဖြစ်ပြီး ၊Word ,Publisherအပါအ၀င် Application ၉ မျိုး ပါဝင်မည့် Office Ultimate2007 အား ၅၉.၉၅ ဒေါ်လာ နှင့် ရောင်းချပေးမည်ဖြစ်သည်။မိုက်ခရို ဆောဖ် မှ ရောင်းချမည့် ကျောင်းသား များ အား ရောင်းချမည့် အစီအစဉ် တွင် ၀ယ်ယူမည့်သူ ပညာရပ်ဆိုင်ရာ အဖွဲ့ အစည်း ၏ အီးမေး ဖြစ်သည့် .edu ဖြင့် ဆုံးသည့် အီးမေး (ဥပမာ Berkeley.edu )ဖြင့် မှတ် ပုံတင်ရမည် ဖြစ်သည်။ ကျန် လုပ်ဆောင်ရမည့် အဆင့် များ တွင် ကျောင်းနာမည် ၊ကျောင်းသား ကဒ်နံပါတ် အား မိုက်ခရိုဆောဖ် ၏ သက် ဆိုင်ရာ နေရာ တွင် ဖြည့် စွက်ပြီး ပါက မိုက်ခရိုဆောဖ် မှ သက်ဆိုင်ရာဆောဖ် ၀ဲ အား ဒေါင်းလုပ်လုပ် ယူ နိုင်သည့် လင့် နှင့် ကီးဝဒ် တို့ အား သင်မှတ်ပုံ တင် လိုက်သည့် အီးမေးလိပ်စာ ထဲ သို့  မိနစ် အနည်းငယ် အတွင်း ပြန် ပို့ ပေးမည် ဖြစ်သည်။
ဘလောက်ဂါ များ အတွက် အပိုဝင်ငွေ ရှာပေး နိုင်သောအစီအစဉ် တစ်ခု အား ကနေဒါ နိုင်ငံ အခြေစိုက် ALERT PAY ကုမ္ပဏီ က တီထွင် လိုက်သည်။ Alert Pay သည့် ထင်ရှားသည့် အွန် လိုင်း ငွေကြေး ပေးချေမှု
စနစ် တစ်ခု ဖြစ်သည့် Pay Pal ကဲ့သို့ ပင် အွန်လိုင်း ငွေကြေး ကောက်ခံမှု ၊ပေးချေမှု ၊လွှဲ ပြောင်းမှု တို့ ကို လုပ်
ပေး နိုင်သသည်။ Alert Pay တွင် မည်သူ မဆို အခမဲ အကောင့် တစ်ခု ဖွင့် နိုင်ပြီး ထိုကဲ့ သို့ ဖွင့် လှစ်လိုက်
သော Alert Pay အကောင့် ၏ Earn Money တွင် ရှိ သော လင့် ကို သင်၏ ၀ဘ်ဆိုတ် ၊ဖိုရမ်၊ဘလောက်၊
E-portfolio တို့ တွင် ချိတ် ဆက် ထားပါက သင့် URL မှ တစ်ဆင့် ထပ်မံ ၍ Personel Pro (သို့ မဟုတ်) Business အကောင့် ဖွင့် လိုက်သည် နှင့် သင်သည်  တစ်ဒေါ်လာ ရရှိမည် ဖြစ်သည်။
မိုက်ခရီုဆော်ဖ် ၏ ၉၁ ရာခိုင်နှုန်းလျှော့ ဈေးပေးသည့် လင့် အား ဤနေရာတွင် နှိပ်ပါ
Alert Pay လင့် အား ဤနေရာတွင် နှိပ်ပါ
Referrals must open an AlertPay Personal Pro or Business account.
Referrals must transact $250.00 (sending and/or receiving).
After your 10th referral, we will pay you $10.00 a referral.
Self-referrals, or referrals from the same IP address, will not be paid out.

ဆက်ဖတ်ရန်ကျန်သေးသည်...

Face Book မှ အခမဲ့ အီးမေး ၀န်ဆောင်မှု ကို စတင်

အင်တာနက် လူမှု ကွန်ယက် တစ်ခု ဖြစ်သည့် Face Book account ရှိသူတိုင်း @facebook.com
ဆိသည့် အင်တာနက် အီးမေး တစ်ခု ဖွင့် နိုင်တော့ မည် ဟု Face Book ကုမ္ပဏီ မှ သတင်းထုတ်ပြန်
သည်။Modern Messaging System ဟုတင် စား ထားသည့် Face Book သည် ယခုလ ၁၄ ရက်နေ့ မှ စတင်
၍ စမ်းသပ် သုံးစွဲ ၍ ရနေပြီ ဖြစ်ကာ မိမိ ၏  Face Book  ကွန်ယက် အတွင်းရှိ သူများ သာမက အခြား
သူများ နှင့် ပါ ဆက်သွယ် နိုင်မည် ဟု သိရသည်။Facebook အီးမေးအား ရက်အနည်းငယ် အတွင်း စတင်သုံးစွဲ နိုင်မည် ဖြစ်ကာ လူဦးရေ သန်း၅၀၀ ကျော်ရှိသည့် Face Book သုံးစွဲ သူများ ကြောင့် ထို အီးမေးအသစ်သည် google mail,hot mail,yahoo mail နှင့် aol mail တို့ ကို စိန် ခေါ်လာ နိုင်သည် ဟု သိရသည်။
face book ၏ အခမဲ့ အီးမေး သည် မိမိကြိုက် နှစ် သက်ရာ နာမည် နှင့် ယှဉ်တွဲပြီး ဖွင့် နိုင်သည် ဟု သိရသည်။
ဥပမာ.. killerthanshwe@facebook.com နှင့်  ချီးပေ သိန်းလင်း chepaetheinlin@facebook.comမျိုး မိမိ ကြိုက် နှစ် သက်သည့် နာမည် ယှဉ်တွဲ ယူနိုင်သည် ဟု သိရသည်။နိုင်ငံတကာတွင် hot mail သုံးစွဲသူ ၃၆၂ သန်း၊ yahoo mail  သုံးစွဲသူ ၂၇၃ သန်း နှင့် gmail သုံးစွဲသူ၁၉၃ သန်း ကျော်ရှိသည်။ဆန်ဖရန် စစ္စကို ဉ် ပြုလုပ်ခဲ့သည့် Face Book ၏ သတင်းစာရှင်းလင်း ပွဲဉ် CEO ဖြစ်သူ မာတ်(ခ)ဇူကာဘာင်္ဂက Face Book အီးမေးသည် သည် သမရိုးကျ အီးမေး များ နှင့် ကွဲပြားခြား နားမည် ဖြစ်ပြီးအီးမေး ကဲ့သို့ မဟုတ် ပဲ အီးမေး၏ လုပ်ဆောင်မှု များ ထက် စွမ်းဆောင်ရည် ပိုမို ပါဝင်သည် ဟုသိရသည်။ဖေ့ဘွတ် မက်ဆေခ်ျ့  ပို့ စနစ် တွင် အီးမေးသည် အစိတ် အပိုင်း တစ်ခု သာဖြစ်ပြီး ဖေ့ဘွတ်က ကမ္ဘာ့ အီးမေးပို့ စနစ် ကို ပြောင်း လဲလိုက်ခြင်း ဖြစ်သည် ဟု ဆိုသည်။
ဖေ့ဘွတ် အီးမေးအား ၁၅ လ အချိန် ယူကာ ဆောင်ရွက် ခဲ့သည်။ မြန်မာ လူငယ်တို့ အသုံးများဆုံးအီးမေး စနစ်မှ  Google အီးမေး စနစ် ဖြစ်သည်။
ဖေ့ဘွတ် အီးမေး အကောင့် ဖွင့်ပုံ အဆင့်ဆင့် ကို ဤနေရာတွင် ကြည့်ပါ

ဆက်ဖတ်ရန်ကျန်သေးသည်...

ပစ်မှတ်စစ်ဆင်ခံနေရသောပြည်သူလူထုများကိုဝိုင်းဝန်းကူညီကြပါ

ဆက်ဖတ်ရန်ကျန်သေးသည်...

အယ်ဖိုး © 2008 Template by:
SkinCorner