Saturday, January 8, 2011

ကွန်ပျူတာများ အတွက် Kinect လာ တော့မည်

3D နည်းပညာ ဖြင့် မိမိ လှုပ်ရှားမှု အတိုင်း မြင်နေရသော Kinect နည်းပညာ ကို Microsoft က မပိုင်ဆိုင်ဘူး ဆိုတာ လူအများ မှ သိချင်မှ သိပါလိမ့်မယ်။ အဆိုပါ Kinect နည်းပညာကို ပိုင်ဆိုင်ပြီး ထုတ်လုပ် နေသော ကုမ္ပဏီ အား PrimeSense ဟု ခေါ်ပြီး အစ္စရေး နိုင်ငံ မှာ တည်ရှိ ပါတယ်။ ထိုကုမ္ပဏီ ဟာ ၂၀၀၅ ခုနှစ် မှ စတင် တည်ရှိ ခဲ့တာ ဖြစ်ပြီး ၄င်းတို့ ၄င်း အား ကမ္ဘာပေါ်တွင် 3D Digital ဖြင့် မြင်နိုင် ၊ လှုပ်ရှား နိုင်သော ကုန်ပစ္စည်းများ ထုတ်လုပ် နေသော ကုမ္ပဏီ ဟု ကြော်ငြာခဲ့ ပါတယ်။
သိပ်မကြာသေးခင် ကာလ မှာတော့ ၄င်းတို့ဟာ ကွန်ပျူတာ များတွင် အသုံးပြုနိုင်မည့် Kinect ထုတ်ကုန် များ ကို ထုတ်လုပ် သွားမှာ ဖြစ်ကြောင်း ကြော်ငြာခဲ့ ပါတယ်။
ယခင် နှစ် အတွင်း PrimeSense မှာ Mircrosoft ၏ Xbox 360 အတွက် Kinect ထုတ်ကုန် များ ကို ထုတ်လုပ် ပေးခဲ့တဲ့ အတွက် လူအများမှ ကွန်ပျူတာများ ပေါ်တွင် နောက်ထပ် ထုတ်လုပ် ပေးမည့် Kinect မှာ Microsoft မှ သာ ထုတ်လုပ် မည် ဟု ထင်မှတ် လျှက် ရှိနေကြပါတယ်။ သို့သော်လည်း ထူးခြား ချက် ကတော့ ပြိုင်ဘက် ASUS တံဆိပ် နှင့် PrimeSense မှ ကွန်ပျူတာ များ အတွက် Kinect အား အဓိက ထုတ်လုပ် သွားမည် ဟု ကြော်ငြာ ခဲ့ခြင်းပဲ ဖြစ်ပါတယ်။
အဆိုပါ ASUS တံဆိပ် နှင့် ထုတ်လုပ် မည့် Kinect အတွင်း Wireless စနစ် ပါဝင် သွားမှာ ဖြစ်ပြီး အဆိုပါ Device ၏ နာမည် ကိုလည်း ထူးခြားစွာ ခေါ်ရခက်သော WAVI Xtion လို့ အမည်ပေးထားပါတယ်။
၎င်း WAVI Xtion နှင့် တွဲဖက် ထွက်ရှိလာမည့် Application ကိုတော့ Xtion PRO ဟု ခေါ်ပြီး ၄င်းမှာ ကွန်ပျူတာ ပေါ်တွင် 3D နည်းပညာ ဖြင့် ပတ်သက်ကာ Xbox 360 ပေါ်တွင် Kinect လုပ်ဆောင်ပုံ နည်းတူ ပြုလုပ်ပေးမယ့် Software ပဲ ဖြစ်ပါတယ်။ PrimeSense နှင့် ASUS တို့မှာ Xtion အတွက် Online Application Store ကို ပင် ပြုလုပ်ရန် ပြင် ဆင်ထားပြီး ဖြစ်ကြောင်း သိရှိရပါတယ်။
ယခု လောလောဆယ် မှာတော့ လူအများ မှ Microsoft မှ ကြော်ငြာခဲ့သည့် PC များအတွက် Microsoft Kinect ကို မေးခွန်းထုတ်နေပြီး အဓိက မှာ တော့ Microsoft နှင့် PrimeSense တို့၏ သဘောတူညီမှုမှာ Xbox360 တွင် သာ ရပ်တန့်သွား နိုင်ခြင်း နှင့် PrimeSense ၏ WAVI Xtion မှာ အရင်ကာလ များထဲက PC များ ပေါ်တွင် ထုတ်လုပ် သွား ရန် သဘောတူ ညီ ထားခြင်း ရှိမရှိ ပဲဖြစ်ပါတယ်။
နောက်ဆုံး ရ သတင်း များ ကတော့ WAVI Xtion အား 2011 ခုနှစ်လယ် ပိုင်းတွင် ထုတ်လုပ်သွားမည် ဟု ကြော်ငြာ ထားပြီး Application ဖြစ်သော Xtion PRO ကိုတော့ လာမည့် လ အတွင်း ရရှိ သုံးစွဲ သွား နိုင်တော့ မှာ ဖြစ်ကြောင်း တင်ပြ လိုက်ရပါတယ်

ဆက်ဖတ်ရန်ကျန်သေးသည်...

Monday, December 20, 2010

Secure for Your PC



Local Disk , Folder, File တွေကို Lock ချတာ၊ Password ပေးပြီး Secure လုပ်တဲ့နေရာမှာ သုံးတဲ့ ဆော့ဝဲလ် လေးပါ။  www.mmitd.com မှာ တွေ့ရှိတာရယ်၊ မိမိ ဘလော့မှာ သိမ်းဆည်းထားချင်တာကြောင့် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ Download လုပ်ယူရာတွင် အခက်အခဲ မရှိစေရန်အတွက် ဆောင်ရွက်ပေးထားပါတယ်။ Crack file ဖိုင် ပါပါတယ်။ သုံးနည်းကို အားလုံး သိလိမ့်မယ် ထင်ပါတယ်။ လိုအပ်သူများ Download လုပ်ယူပါ။

ဆက်ဖတ်ရန်ကျန်သေးသည်...

Sunday, December 19, 2010

လူ့ခန္ဓာကိုယ်ထဲ ဝင်ကြည့်လို့ရနိုင်မယ့် Google ရဲ့ နည်းပညာသစ်

Google ကတော့ လုပ်ချလိုက်ပြန်ပြီ။ Google Earth အပေါ် အခြေခံထားတဲ့ လူခန္ဓာကိုယ်အတွင်းကို ဝင်ကြည့်လို့ရမယ့် Google Body Browser စမ်းသပ် ဗားရှင်းကို လွင့်တင်ခဲ့ပါတယ်။ HTML5 နည်းပညာကို အသုံးပြုထားပြီး Browser အတွင်းမှာ လူ့ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို ကြည့်လို့ ရနိုင်မှာ ဖြစ်တယ်လို့လည်း သိရပါတယ်။
သုံးဖတ်မြင် (3D) နည်းပညာသုံး လူခန္ဓာကိုယ် ပုံစံတွေကို မြင်နိုင်မှာ ဖြစ်ပြီး ယောင်္ကျား၊ မိန်းမ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို မြင်ရမယ်လို့ ဆိုပါတယ်။ တရားထိုင်တဲ့သူတွေ အတွက်တော့ ရှယ်ပဲလို့ ဆိုနိုင်ပါတယ်။ အရိုတစ်ထပ် အသားတစ်ထပ် ခန္ဓာတည်ဆောက်ပုံတွေကို ကြည့်ပြီး တရားရှုလို့ ရနိုင်ပါတယ်။ ဆေးကျောင်းသားတွေ အတွက်တော့ သေချာပေါက် အသုံးဝင်မှာ ဖြစ်ပါတယ်။
စမ်းသပ်ချင်တယ် ဆိုရင်တော့ နောက်ဆုံးထွက် Google Chrome ရိုးရိုးဗားရှင်းနဲ့ သုံးလို့ရမှာ မဟုတ်ပါဘူး။ Google Chrome BETA ကို download ချပြီး စက်ထဲသွင်းဖို့ လိုပါမယ်။ အဲဒီ Google Chrome BETA မှာ WebGL လို့ Web Graphic နည်းပညာတစ်ခု ပါဝင်လာမှာ ဖြစ်ပါတယ်။ WebGL ဆိုတဲ့ နည်းပညာ Application Program Interface (API) နည်းပညာ တစ်ခုဖြစ်ပြီး Low-level Graphic API တစ်ခု ဖြစ်ပါတယ်။ အဲဒီ နည်းပညာ အသုံးပြုလိုက်မယ်ဆိုရင် Browser ပေါ်မှာ 3D ပုံတွေကို မြင်ရအောင် တစ်ခြား Plugin တစ်ခုမှာ သုံးစရာမလိုအောင် ကူညီ ပေးမှာ ဖြစ်ပါတယ်။ လေ့လာချင်တယ်ဆိုရင် bodybrowser.googlelabs.com မှာ သွားကြည့်နိုင်ပါတယ်။ ကျွန်တော်ကတော့ Firefox တို့ Safari တို့နဲ့ မစမ်းရသေးပါဘူး၊ Google Chrome BETA တစ်ခုတည်းနဲ့သာ စမ်းသပ်ဖြစ်ပါသေးတယ်။
Google Body Browser ဆိုတာ HTML5 နည်းပညာသုံး စနစ်တစ်ခုဖြစ်ပြီး နောက်လာမယ့် Browser တွေနဲ့ နည်းပညာအသစ်တွေကို လှစ်ဟပြထားတဲ့ ဥပမာ တစ်ခုလည်း ဖြစ်ပါတယ်၊ Web Designer တွေအတွက် Browser ဆိုတာ 3D အတွက်ပါ စဉ်းစားရတော့မယ့် လမ်းစကို ဖော်ထုတ်ပေးလိုက်တာပဲ ဖြစ်ပါတယ်။

ဆက်ဖတ်ရန်ကျန်သေးသည်...

Friday, December 17, 2010

Portable PDFTiger v1.1.0.3


Portable PDFTiger v1.1.0.3 | 19.07 MB
ဂျီတော့ခ်မှာတောင်းဆိုလို့ တင်ပေးလိုက်ပါတယ်။
လုပ်ဆောင်နိုင်တာတွေကတော့...
Word to PDF PDF to Word Doc PDF to JPG Excel to PDF PDF to RTF PDF to BMP PowerPoint to PDF PDF to TXT PDF to GIF TXT to PDF PDF to HTML PDF to TIF Images to PDF PDF to SWF PDF to PNG All Printable Files to PDF

အဆင်ပြေကြပါစေဗျာ။

ဆက်ဖတ်ရန်ကျန်သေးသည်...

Wednesday, December 15, 2010

AV Voice Changer Gold 7.0.22

AV Voice Changer Gold 7.0.22 | 16.3 MB
မိတ်ဆွေတို့ ရဲ့အသံတွေကို။ကွန်ပျူတာနဲ့ လိုသလိုပြောင်းလဲပေးတဲ့ဆော့လ်ဝဲလ်လေးပါ။
ကွန်ပျူတာနဲ့ ကာရာအိုကေဆိုတဲ့သူတွေနှစ်သက်မယ်ထင်ပါတယ်။
အဆင်ပြေကြပါစေဗျာ။
Change your voice in real-time to any voice you like; add effects, use it for voice-over, chat, phone, game, anonymity, parody, recording, song remix, voice messaging, greeting, loyalty test..

ဆက်ဖတ်ရန်ကျန်သေးသည်...

Monday, December 13, 2010

Internet အသုံးပြုသူ အားလုံးအတွက် Firefox Stlye




အင်တာနက် အသုံးပြုသူ အားလုံးအတွက်ရည်ရွယ် ရေးသားခြင်းဖြစ်ပါတယ်။ ကျွန်တော် စိတ်ကူးကြည့်မိတယ်။ Firefox ကို ဖွင့်လိုက်တာနဲ့ ကျွန်တော် သွားချင်တဲ့ Web Pages တွေကို တန်းသွားလို့ရရင် ကောင်းမယ်လို့။ ကျွန်တော့်လိုပဲ စိတ်ကူးမိတဲ့သူတွေ လည်း ရှိမှာပါ။ ကျွန်တော်တို့ တစ်နေ့ တစ်နေ့ Firefox ကို ဖွင့် Google Home Page တက်လာ ၊ ပြီးတော့ သွားချင်တဲ့ Web Site ကို URL မှာ ရိုက်ထည့်။ ဒီလိုနဲ့ပဲ အသုံးပြုရတာ ရိုးအီလာခဲ့ပါပြီ။ တစ်ခါတစ်ခါလည်း ကျွန်တော် သွားချင်တဲ့ Web Sites တွေဆီ URL ရိုက်ထည့်ရမှာ ပျင်းတဲ့အတွက် မရောက်ဖြစ်ခဲ့တဲ့ အချိန်တွေတောင် ရှိလာခဲ့ပါတယ်။ ဒါကို ဖြေရှင်းနိုင်မယ့် နည်းလမ်းကို ကျွန်တော် ရှာဖွေနေခဲ့မိပါတယ်။

ကျွန်တော် တစ်နေ့က အင်တာနက် ဆိုင် တစ်ဆိုင်ကို ရောက်ပါတယ်။ စက်အသုံးပြုဖို့ ထိုင်လိုက်တယ် ဆိုရင်ပဲ ပုံမှန် နှိပ်နေကျ Firefox Browser ကို ဖွင့်ပါတယ်။ ပြီးတော့ နေ့တိုင်း ရိုးအောင်မြင်နေရတဲ့ Google တက်အလာကို စောင့်မျှော် နေတုန်းမှာပဲ Firefox Browser က Google ကို ပြမပေးပဲ အောက်ကပုံမှာ ပြထားတဲ့ အတိုင်း ကျွန်တော့်ကို တန်းပြပေးပါတယ်။
ကျွန်တော် အရမ်း စိတ်ဝင်စားသွားပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော် သွားချင်တဲ့ Web Page တော်တော်များများကို URL ရိုက်မထည့်ဘဲ Click တစ်ချက်တည်းနဲ့ ရောက်သွားနိုင်တဲ့အတွက် ဖြစ်ပါတယ်။
ဒီနည်းလမ်းဟာ Internet အသုံးပြုသူတိုင်းအတွက် တကယ်ကို အဆင်ပြေစေမယ့် နည်းလမ်းများထဲက တစ်ခုလို့ ကျွန်တော် ယူဆ ထားမိတဲ့ အတွက် ပြန်လည် မျှဝေလိုက်ပါတယ်။
လုပ်နည်းလေးကတော့ဒီလိုပါ...
Firefox ရဲ့ Add-On တစ်မျိုးကို အသုံးပြုထားတာဖြစ်ပြီး အဲဒီ Add-On ရဲ့ အမည်ကတော့ Fast Dial ဖြစ်ပါတယ်။
ကဲ ကျွန်တော်တို့ စလိုက်ရအောင်ပါ။


1 . Firefox ကို စနှိပ်တိုင်း မြင်နေရကျ Google ပုံကြီးပါ။

2 . ပုံမှာ ပြထားတဲ့ အတိုင်း Firefox ရဲ့ Tools ထဲကနေ Add-ons ဆိုတာကို Click ပါ။


3 . ဒီလို မြင်ရပါမယ် ။
4 . Search Box မှာ Fast Dial ဆိုတဲ့ စာသားလေးကို ရိုက်ပါ ။ Fast Dial ပေါ်လာရင် Add to Forefox ကို နှိပ်ပါ။
5 . Accept and Install ကို ရွေးပေးပါ။
6 . Connecting ဆိုတာလေး Loading လုပ်ပြီးချိန်ထိစောင့်ပါ။ ဒီလိုပါ။
7 . ဒီလို မြင်ရပြီဆိုရင် Install Now ကို နှိပ်ပါ ။
8 . Installing ဆိုတဲ့ ဒီပုံစံမျိုးကို မြင်ရမှာပါ ။
9 . ဒီပုံကတော့ Install Complete ဆိုတာပေါ်လာပြီး Install လုပ်ပြီးကြောင်း ပြတာပါ။

10 . Firefox ကိုပိတ်ပါ။
11 . Firefox ကို ပြန်ဖွင့်ပါ။ ဒီတစ်ခါ ပြန်ဖွင့်ရင် ဒီလိုမြင်နေရမှာပါ။ အနီရောင် ပြထားတဲ့ Fast Dial ကိုပဲ သုံးမှာပါ။ Fast Dial Help ကို ပိတ်လိုက်ပါ။ ရှုပ်သွားမှာ စိုးလို့ပါ။
12 . ပုံမှာ ပြထားတဲ့ အကွက်ထဲကို Mouse ကို ရွှေ့သွားပြီး မြားထောက် Click ပါ။
13 . URL နေရာမှာ ဒီလိုရိုက်ပါ ။ URL မှာ လိုချင်တဲ့ Web Site ကို ထည့်နိုင်ပါတယ်။
14 . ဒုတိယ အကွက်၊ တတိယ အကွက်များမှာလည်း လိုချင်တဲ့ Web Site ရဲ့ URL ကို အဆင့် 12/13 အတိုင်း ပြုလုပ်ပါ။ အကွက်ကတော့ အားလုံး 9 ကွက် ပေးထားပါတယ်။
15 . Firefox ရဲ့ Tools ထဲက Option ကိုရွေးပြီး When Firefox starts မှာ Show a blank Page ကို ရွေးပါ။

16 . Firefox ကို ပြန်ဖွင့်ပါ ။ ကိုယ့်စိတ်ကြိုက် ရွေးချယ်ထားတဲ့ Web Sites တွေကို အခုလိုပဲ မြင်ရမှာ ဖြစ်ပါတယ် ။
ကျွန်တော် တို့ ဒီ အကြောင်းအရာကို လေ့လာလိုက်တဲ့အတွက် Firefox ရဲ့ Add-Ons ဆိုတဲ့ အရာတွေကို ရင်းနှီးပြီးသား ဖြစ်သွားမှာ ဖြစ်ပါတယ်။  ဘယ် Add-Ons က ဘယ်လို ကောင်းပါတယ် ဆိုတဲ့ အကြောင်းအရာများအတွက်လည်း Comment ပေးကာ ပြောပြပေးခဲ့နိုင်ပါတယ်။ (ကိုယ်သိတာ ပြန်မျှဝေ ခဲ့ဖို့ လေးစားစွာ ဖိတ်ခေါ်အပ်ပါတယ်)
အင်တာနက် အသုံးပြုသူများအားလုံး မိမိစိတ်ကြိုက် Web Sites များကို Firefox ရဲ့ Home Page မှာ စတင်မြင်နိုင်စေဖို့ Firefox ရဲ့ Fast Dial (Add-On)  က ဖြည့်ဆည်း ပေးထားပါကြောင်း သတင်းကောင်း ပါးလိုက်ပါတယ်။




ဆက်ဖတ်ရန်ကျန်သေးသည်...

ကမ္ဘာ့အမြန်ဆုံး Nvidia GTX 580 Graphic Card

Nvidia GTX 580

Desktop PC များ ၊ Notebook များ နှင့် Mobile Devices များ အတွက် Graphic Card များ အဓိက ထုတ်လုပ် ပေးနေသော Nvidia မှ ယခုအခါ တွင် ကမ္ဘာပေါ်တွင် အမြန်ဆုံး ဖြစ်သော Nvidia GTX 580 Graphic Card ကို ထုတ်လုပ် လိုက်ပြီ ဖြစ်ပါတယ်။
ယခု အချိန်တွင် Graphic Card ထုတ်လုပ်ရေး ကုမ္ပဏီ နှစ်ခု ဖြစ်သော Nvidia နှင့် AMD တို့သည် အပြိုင်အဆိုင် ဖြစ်နေပြီး ယခု GTX 580 မှာ US$ 500 ကျသင့် နေခြင်း ကြောင့် Graphic Card ဈေးကွက် အတွင်း ထိပ်ဆုံး မှ ရပ်တည်လျှက် ရှိနေပါတယ်။ ဈေးနှုန်းမှာ အလွန်မြင့်မား နေသည့် အတိုင်း GTX 580 မှာ လည်း ကမ္ဘာပေါ်တွင် အမြန်ဆုံး Graphic Card ဆုကို ရရှိထားပါတယ်။
GTX 580 တွင် GPU တစ်ခု တည်းပါဝင်ပြီး Memory ပမာဏ မှာတော့ 1536 MB ရှိပါတယ်။ Core Clock Speed မှာ 772 MHz ရှိသော ကြောင့် ယခင် ရှိနှင့် ပြီးသား GTX 480 ထက် ပိုမို သာလွန် ပါတယ်။ Memory Clock Speed မှာ 1.02GHz ရှိပြီး Bus Width မှာ 384 bit ရှိသော ကြောင့် အခြား ထုတ်လုပ် ထားပြီး ဖြစ်သော မည်သည့် Graphic Card များ ထက်မဆို သာလွန်ပါတယ်။
ယခင် ကာလများ တွင် AMD မှ ATI Radeon HD5870 မှာ GTX 580 ၏ လက်ရှိ Core Clock Speed နှင့် Memory Clock Speed တို့ကို အမှီလိုက် နိုင်ပါတယ်။ Radeon HD5870 ဟာ AMD ၏ GPU တစ်ခုတည်း သုံး အမြန်ဆုံး Graphic Card ထဲတွင် အပါအ၀င် ဖြစ်ပါတယ်။ တစ်ခြား ATI Graphic Card အမျိုးအစား ဖြစ်သော Radeon HD 5970 မှာ Memory ပမာဏ 2048 MB ရှိခြင်း နှင့် Transistor ပမာဏများ များပြား ခြင်း တို့ကြောင့် အမြန်ဆုံး ဖြစ်ခဲ့ သော်လည်း ဈေးနှုန်းမှာ US$ 650 ရှိတဲ့ အတွက် အလွန်ဈေးမြင့်သော Graphic Card အဖြစ်သတ်မှတ်ခံခဲ့ ရပါတယ်။ ထို့အပြင် HD 5970 မှာ အပူချိန် အလွန်များပြီး လေးလံ သော ကြောင့် အလျှင်မြန်ဆုံး ဖြစ်ခဲ့သော်လည်း Nvidia GTX 480 လောက် လူကြိုက် များခြင်း မရှိခဲ့ပါဘူး။
GTX 580 သည် ထုတ်လုပ် ထားပြီး ဖြစ်သော GTX 480 နှင့် အလွန်အမင်း ကွားခြားမှု မရှိကြောင်း သိရပါတယ်။ GTX 480 တွင် Nvidia မှ CUDA Core ဟု ခေါ်ဆိုသော GF 100 ၏ Shader များ ပါဝင်ပြီး ယခု GTX 580 မှာတော့ ပိုမို အဆင့်မြင့်သော GF 110 chipset ပါဝင်လာမှာ ဖြစ်ပါတယ်။ GF 100 နှင့် GF 110 တို့သည် အနီးစပ်ဆုံး တူညီ ကြသော်လည်း ယခု GF110 တွင် GF 100 တွင် ဖြစ်သကဲ့သို့ Shader များ Disable ဖြစ်နေခြင်း မျိုး ဖြစ်တော့မှာ မဟုတ်ကြောင်း သိရပါတယ်။ နှိုင်းယှဉ် ချက်များ အရ Nvidia Graphic Card များ ၏ Shader အလုပ်လုပ်ပုံ နှင့် AMD Graphic Card များ၏ အလုပ်လုပ် ဆောင်ပုံ မှာမတူညီပဲ Nvidia ၏ Shader တစ်ခုချင်းစီ အလုပ်လုပ်ဆောင် ပုံမှာ AMD ထက် သာလွန်ကြောင်း သိရပါတယ်။
သတင်းဌာန များ၏ လေ့လာချက်များ အရ GTX 580 မှာ ဈေးနှုန်း မြင့်မား သော်လည်း GTX 480 ၏ လိုအပ်ချက် များစွာ ကို အကောင်းဆုံး ဖာထေး ပေးနိုင်ပြီး ၄င်း၏ ဆိုးရွားသော အချက်မှာ Display Port မပါဝင် လာခြင်း ပဲဖြစ်ပါတယ်။ Display Port အစား mini-HDMI port နှင့် DVI connector များ သာ ပါဝင်သော အချိန်တွင် AMD ၏ Graphic Card အားလုံးတွင် Display Port များ အကုန်ပါဝင်နေခြင်း မှာ Nvidia အတွက် အဓိက ထိုးနှက်ချက်ပင် ဖြစ်ကြောင်း တင်ပြ လိုက်ရပါတယ်။

ဆက်ဖတ်ရန်ကျန်သေးသည်...

Google ၏ နောက်ထပ် ၀န်ဆောင်မှု တစ်ခု ဖြစ်သော Google Message Continuity

Google Message Continuity
မကြာသေးမီ ရက်ပိုင်း အတွင်း Google မှ Google Message Continuity ဟု ခေါ်သော ၀န်ဆောင်မှု အသစ်ကို မိတ်ဆက်ပေးခဲ့ ပါတယ်။
အဆိုပါ ၀န်ဆောင်မှု သည် အသုံးပြုသူများ အနေဖြင့် Microsoft Exchange Server ပေါ်တွင် ထားရှိသော မိမိ Message Data များကို Gmail နှင့် ချိတ် ဆက်အသုံးပြု ခြင်းပဲ ဖြစ်ပါတယ်။ ယခု အခါတွင် Cloud နည်းစနစ် အခြေခံ Messaging ၀န်ဆောင်မှု ဖြစ်သော Gmail မှာ အလွန်နာမည် ကြီးလျှက် ရှိနေပြီး အသုံးဝင်ဆုံး Messaging Platform တစ်ခု အနေနှင့်လည်း သတ်မှတ်ခြင်း ခံထားရပြီး ဖြစ်ပါတယ်။
Google Message Continuity မှာ Microsoft ၏ Exchange Server များ ပေါ်တွင် ထားရှိထားသော မိမိ၏ Local e-mail account များကို Cloud နည်းစနစ် ၏ အဓိက ပြယုဒ် များ ဖြစ်သော Gmail ၊ Google Calender နှင့် Google Contacts တို့ကို ချိတ်ဆက်သွား မှာ ဖြစ်ပါတယ်။ ထိုကဲ့သို့ ချိတ်ဆက်ရခြင်း ၏ အဓိက ရည်ရွယ်ချက်မှာ Microsoft Exchange Server မှာ တစ်စုံတစ်ရာ အန္တရယ်များ ကြောင့် Server ကျမှု ဖြစ်ပွါးခဲ့ပါက အသုံးပြုသူများ မှာ Gmail သို့ အလွယ်တကူ Log-in ၀င်ရောက်ကာ မိမိ ၏ local e-mail account ကို ဆက်လက် အလုပ်လုပ်နိုင်မှာ ဖြစ်ပါတယ်။
Google ၏ တရားဝင် blog မှ ‘e-mail စနစ်များကို ကျယ်ကျယ် ပြန့်ပြန့် လက်ခံ အသုံးပြုခွင့်ပေးလျှက်ရှိသော Microsoft Exchange Server များကဲ့သို့ အဖွဲ့အစည်းကြီးများ မှာလည်း တစ်ခါတစ်ရံ အမှား အယွင်းများ ဖြစ်ပေါ်နိုင်ကြောင်း ၊ ထိုကဲ့သို့ ဖြစ်ပွါးခဲ့ပါက အသုံးပြုသူများ အနေဖြင့်လည်း မိမိ e-mail ကိုပင် ၀င်ရောက် ကြည့်ရှု နိုင်တော့မှာ မဟုတ်ကြောင်း ၊ e-mail များ အလုပ်လုပ် နိုင်ခြင်း ရှိတော့မှာ မဟုတ်တဲ့ အတွက် ကုမ္ပဏီ တစ်ခု အနေဖြင့် များများ စားစား ဆုံးရှုံးမှု ဖြစ်နိုင်ကြောင်း နှင့် ထို အန္တရယ် ကိုဟန့်တား ရန်အတွက် Google Message Continuity ကို ထုတ်လုပ်လိုက် ခြင်း ဖြစ်ကြောင်း’ ရှင်းလင်း တင်ပြ သွားပါတယ်။
ထိုကဲ့သို့ ချိတ်ဆက် အသုံးပြုခြင်းကြောင့် Microsoft Exchange Server ပေါ်ရှိ e-mail များမှာ ပျက်စီး ပျောက်ဆုံး ခြင်း မရှိတော့ ပဲ Data များ ကိုလည်း Back Up လုပ်ပြီးသား ဖြစ်ကြောင်း သိရပါတယ်။ Gmail နှင့် ချိတ်ဆက် အသုံးပြုခြင်း ဖြစ်သောကြောင့် Google မှ အသုံးပြုသူများ ကို Gmail ၏ User Interface အတိုင်း ဖော်ပြ ပေးသွား မှာ ဖြစ်ပါတယ်။
အစိုးရ အဖွဲ့အစည်း ကြီးများ အပါအ၀င် ကုမ္ပဏီ အဖွဲ့အစည်း တော်တော်များ များ မှလည်း Microsoft Exchange Server ပေါ်တွင် အလုပ်လုပ်လျှက် ရှိနေကြပါတယ်။ ထို့ကြောင့် ယခု ကဲ့သို့ Cloud အခြေခံ Gmail နှင့် ချိတ်ဆက်ထားခြင်း ကြောင့် ပျက်စီး ဆုံးရှုံမှုများ ဖြစ်ပေါ်တော့မည် မဟုတ်ပဲ သင့်တင့် မျှတတဲ့ ဈေးနှုန်းဖြင့် မိမိ ၏ mail Data များကို ရရှိနိုင်တော့မှာ ဖြစ်ပါတယ်။
Google Message Continuity ၀န်ဆောင်မှု အတွက် ပထမ နှစ် အစဦးစွာ လုပ်ပါက တစ်ဦးလျှင် US$25 ကျသင့်မှာ ဖြစ်ပြီး နောက်တစ်နှစ် ဆက်လက် ရယူမည် ဆိုပါက US$13 သာကျသင့် တော့မှာ ဖြစ်ကြောင်း သိရပါတယ်။

ဆက်ဖတ်ရန်ကျန်သေးသည်...

အယ်ဖိုး © 2008 Template by:
SkinCorner