Friday, December 18, 2009

ကရင်နှစ်သစ်ကူး


Mae La Refugee Camp တွင်ကရင်အမျိုးသားအလံကို လွင့်တင်ခြင်းအခွင့်မပေးသောကြောင့်..
ကရင်အလံကိုမိုးပျံပူပေါင်းဖြင့်လွင့်တင်နေသောပုံ....မှတ်ချက်။ ။Mae La Refugee Camp သည်ထိုင်းနိုင်ငံအတွင်းမှာရှိသောကြောင့်ကရင်အလံကိုတင်ခွင့်မပေးပါ။ထို့ကြောင့်ကရင်အလံကို
ရသောနည်းဖြင့်တင်ဖြစ်အောင်တင်လိုက်ပါသည်။

ပထမဆုံးသော ကရင်နှစ်သစ်ကူးနေ့ အသံလွှင့်မိန့်ခွန်း

ယနေ့သည် သမိုင်းဝင်နေ့ဖြစ်ပါသည်။ အစိုးရက တရားဝင် အသိအမှတ်ပြုသော ကရင်အမျိုးသား နေ့လည်း ဖြစ်ပါသည်။ ဤနေ့ရက်သည် ကရင်တမျိုးသားလုံး၏ မင်္ဂလာအခါနေ့လည်း ဖြစ်ပါသည်။

တသီးတခြား၊ တကွဲတပြား နေထိုင်လာခဲ့ကြရာမှ ကျွန်ုပ်တို့သည် ယနေ့မှစ၍ တိုင်းရင်းသားအားလုံး၏ အရေးအခင်းနှင့် နိုင်ငံတော် အရေးအခင်းတွင် ပါဝင်ဆောင်ရွက် ရပါမည်။ လူဦးရေ နှစ်သန်းကျော်မျှရှိသော ကရင်အမျိုးသားများသည် မြန်မာပြည်၏ ကြမ္မာကို ဖန်တီးရာ၌ အဓိကကဏ္ဍမှ ပါဝင်နိုင်ကြမည်ဟု ယုံကြည်ပါသည်။

ကျွန်ုပ်တို့လူမျိုး ဆိတ်သုဉ်းမသွားပဲ တည်ရှိနေခဲ့သည်မှာ မည်သည့်အဖွဲ့အစည်း၊ မည်သည့်အုပ်ချုပ်ရေးစနစ်၊ မည်သူတို့၏ ပယောဂ ကျေးဇူးကြောင့်မှ မဟုတ်ပဲ ကျွန်ုပ်တို့၏ ထူးခြားသော ပင်ကိုယ်အရည်အချင်း များကြောင့်သာ ဖြစ်ပေသည်။ ပရိယာယ်မရှိ၊ ရိုးသားကြသည်။ စိတ်ထား ဖြောင့်မတ်ကြသည်။ ဂီတကို မြတ်နိုးသည်။ ဘုရားတရားကို လေးစားသည်။ အခြားသော တိုင်းရင်းသားလူမျိုးများနှင့် ဒိုးတူပေါင်ဖက် ဆက်ဆံပေါင်းသင်း သွားခြင်းဖြင့် ကျွန်ုပ်တို့၏ အမျိုးသား ဂုဏ်သိက္ခာ အရည်အချင်းများကို ခိုင်မာအောင် ထိန်းသိမ်းခြင်းဖြင့် မြှင့်တင်ခြင်းများ ပြုနိုင်သည်ဟု ယုံကြည်ကြသည်။

ကျွန်ုပ်တို့တတွေ ဆုံးဖြတ်ချက်ချရမည့်အချိန် ကျလာခဲ့ပါပြီ။ ကျွန်ုပ်တို့သည် ယခင်ကဲ့သို့ပင် တသီးတခြား ရပ်တည်၍ မိမိတို့ဘ၀ ရပ်တည်ရေးအတွက် ရပ်တည်ကြမည်လော သို့တည်းမဟုတ် မြန်မာနိုင်ငံ၏ ကြမ္မာကို ဖန်တီးရာ၌ တတပ်တအား လက်တွဲပါဝင် ဆောင်ရွက်ကြမည်လော။

ကျွန်ုပ်တို့သည် ကရင်တမျိုးသားလုံး၏ စည်းလုံးမှုကို တည်ဆောက်ရင်း၊ ညီညွတ်သော မြန်မာနိုင်ငံအဖြစ်သို့ ပါဝင် ဆောင်ရွက် ကြိုးပမ်းကြမည်။ ကျွန်ုပ်တို့ ကရင်အမျိုးသား ခေါင်းဆောင်များ အနေဖြင့် ကိုယ်ကျိုးမဖက်၊ မကြောက်မရွံ့ဘဲ လူမျိုးရေးနှင့် ဘာသာရေး အာဃာတ အလျဉ်းကင်းစင်သော စိတ်ထားဖြင့် တိုင်းပြည်နိုင်ငံတော် အကျိုးစီးပွားကို ဦးလည်မသုန် ဆောင်ရွက်ကြမည်။

ယနေ့အချိန်အခါတွင် ကျွန်ုပ်တို့ အမျိုးသား အမွေအနှစ်များ၊ ရှေးဟောင်း ကဗျာ၊ လင်္ကာပုံပြင်များ၊ ကရင်ပညာရှိများနှင့် ရိုးရာ ယွာ ဘုရားသခင်ကို သတိရအောက်မေ့လျက် ယင်းတို့၏ ဆုံးမသြ၀ါဒကို ပြန်လည် ကျင့်သုံးကြပါမည်။ ကျွန်ုပ်တို့သည် ပုဂ္ဂိုလ်တဦးချင်း အနေဖြင့် လည်းကောင်း၊၊ တအိမ်တမိသားစု အနေဖြင့်လည်းကောင်း၊ ဘ၀သစ် တရပ်ကို ပါဝင်ဖန်တီး ဆောင်ရွက်သွားနိုင်မည်ဟု ယုံကြည်သည်။

ခေတ်နှင့်လျှော်ညီစွာ တွေးခေါ်စိတ်ကူးလျက် အကျိုးဖြစ်ထွန်းမည့် လုပ်ငန်းများ ကြံဆချမှတ်ကာ ကြောက်ရွံ့မှုကင်းစွာ နေထိုင် ကျင့်ကြံခြင်း ပြုလျက် အခြားသော တိုင်းရင်းသားများနှင့် တစိတ်တ၀မ်းတည်း ကျရာကဏ္ဍမှ စည်းလုံးညီညွတ်သော လူမျိုးများ ပေါင်းဆုံထားသည့် မြန်မာနိုင်ငံအဖြစ် တာဝန်ယူသွား ကြမည်။

ထို့ကြောင့် ကျွန်ုပ်တို့တတွေသည် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး အကျိုးပြု လုပ်ငန်းများတွင် ဖော်ပြပါ ယုံကြည်ချက်များအတိုင်း ကိုယ်စွမ်း ဉာဏ်စွမ်း ရှိသရွေ့ အားသွန်ခွန်စိုက် ဆောင်ရွက်ကြရန် ယနေ့ရက်မြတ် - ကရင်နှစ်သစ် မင်္ဂလာအချိန်တွင် အဓိဋ္ဌာန်ပြုကြပါစို့။

ဆက်ဖတ်ရန်ကျန်သေးသည်...

Friday, December 11, 2009

Botton Page ပြုလုပ်နည်း


မေးထားတာတော့ ကြာပါပြီ။ မိမိ မအားတာနဲ့ မရေးဖြစ်တာပါ။ အမှန်တော့ ဒီလုပ်နည်းကို မရေးချင်ပါဘူး။ ဘလော့ တော်တော်များများမှာ ရေးသားထားတာ မြင်ဖူးလို့ပါ။ ဒါပေမယ့် အဲဒီဘလော့တွေကို ညွှန်းဖို့အတွက် လင့်တွေ မေ့နေတာနဲ့ မိမိလုပ်ထားတာကို ရေးသားဖော်ပြလိုက်ပါတယ်။ အောက်က အဆင့်တွေအတိုင်း လုပ်ပေးပါ။

၁) Layout မှာ Add a Gadget က HTML/JAVA ကို Click လုပ်ပါ။
၂) အောက်က ကုဒ်တွေကို ကော်ပီ ကူးထည့်ပါ။



၃) Save လုပ်ပါ။
၎) Blog Posts အောက်ခြေကို ရွှေ့လိုက်ပါ။ ဒါဆို ရပါပြီ။

ဆက်ဖတ်ရန်ကျန်သေးသည်...

Tuesday, December 1, 2009

အခမဲ့ရနိုင်တဲ့ email လိပ်စာများစာရင်း


အခမဲ့ရနိုင်တဲ့ email လိပ်စာများစာရင်း

http://www.30gigs.com Storage ပမာဏ 30GB (1GB = 1024MB) ရနိုင်ပါတယ်။
http://www.aussiemail.com သြစတြေးလျ email service တစ်ခုကနေ ကျောင်းသားသုံး ရည်ရွယ်ပြီး ဖန်တီးပေးထားတာပါ။
http://www.aim.com America Online ရဲ့ service ဟာ အခမဲ့ အသုံးပြုသူတွေအတွက် 5GB ပမာဏပေးထားပြီး နောင်မှာ unlimited အထိတိုးမြှင့်ပေးပါလိမ့်မယ်။
http://www.bigstring.com acount အမျိုးမျိုး ခွဲခြားထားပြီး 2GB ကနေ 20 GB အထိ သိုမှီးပမာဏ ဖန်တီးပေးထားပါတယ်။ ထူးခြားတဲ့ စနစ်နဲ့ နည်းပညာကို အသုံးပြု တည်ဆောက်ထားတဲ့အတွက် အသုံးပြုသူဟာစိတ်ချမ်းသာမှု ရစေပါမယ်လို့ ကတိပြုထားပါတယ်။
http://www.bluebottle.com spamတွေကို ကာကွယ်ဖို့ မြင့်မားတဲ့ tools တွေကို သုံးစွဲပြီး ပေးပို့သူနဲ့လက်ခံသူနှစ်ယောက်ကြား မှာရှိတဲ့ ဆက်ဆံရေးကိုမူတည်ပြီး ယုံကြည် စိတ်ချရမှုရှိ၊ မရှိ ဆိုတာကိုတောင် ရွှေးချယ်ပေးပါတယ်။
http://www.canada.com ကနေဒါတစ်နိုင်ငံလုံးမှာ သတင်းမွှေးနေတဲ့ Email တစ်ခုပါ။
http://www.canoe.ca ကနေဒါ service provider တစ်ခုရဲ့ လိပ်စာပါ။
http://www.care2.com အခမဲ့ သုံးစွဲနိုင်တဲ့ service တစ်ခုဖြစ်သလို user က ယုံကြည်စိတ်ချမှုရှိပြီး သဘောကျခဲ့မယ်ဆိုရင် တော့အလှူငွေ ပါဝင်လှူဒါန်းနိုင်ပါတယ်။ အဲဒီ ဒါနတရားဟာ ကမ္ကာတစ်ဝန်းလုံးမှာရှိတဲ့ မဖွံ့ဖြိုး၊ မတိုးတက်သေးတဲ့ နေရာတွေအတွက် ရည်ရွယ်ပါတယ်။
http://www.DCEmail.com ၀ါရှင်တန်ဒီစီရဲ့အခမဲ့ဝန်ဆောင်မှုတစ်ခုပါ။
http://www.dbzmail.com ကာတွန်းတို့ ပန်းချီတို့နဲ့ ပက်သက်တဲ့ စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်တဲ့ “out-blaze” ရဲ့ service တစ်ခုဖြစ်ပါတယ်။ ကာတွန်းချစ်သူတွေ အချင်းချင်း ဆက်သွယ်ပြီး အမြင်တွေကို ဖလှယ်ရင်း ဝေမျှခံစားနိုင်ပါတယ်။
http://www.DidaMail.com အင်္ဂလိပ်၊ အာရေဗျ ဒီဇိုင်းနှစ်မျိုးနဲ့ နှစ်သက်ရာရွေးချယ်နိုင်ပြီး POP3 acount တွေကို ပေးပိုနိုင်တယ် လို့ဆိုပါတယ်။
http://www.emailaccount.com domain အခွဲပေါင်း မြောက်မြားစွာရှိတဲ့ အခမဲ့ဝန်ဆောင်မှုတစ်ခုပါ။
http://www.fastmail.fm သိုလှောင်မှုပမာဏ နည်းပါးပေမယ့် စာပို့ခြင်းနဲ့ လက်ခံယူခြင်းတို့မှာ အလွန်မြန်ဆန်ပြီး လူကြိုက်များပါတယ်။
http://www.gawab.com ဘာသာစကား ၁၂ မျိုးကျော်နဲ့ သုံးစွဲလို့ရတဲ့ 1GB Mail ပါ။
http://www.Gratfiti.net သိုလှောင်မှုပမာဏ 100 MB အထိ ပေးထားပါတယ်။
http://www.hotpop.com online သိုလှောင်မှု 100 MB ရရှီစေပါတယ်။
http://www.hushmail.com Email တွေနဲ့ ဖိုင်တွေကို လုံခြုံမှုဝှက်စာနဲ့ ပို့ဆောင်ပေးပါတယ်။
http://www.icqmail.com အခမဲ့ကို 6MB သာ ပေးအပ်ထားပေမယ့် တခြား IM နဲ့ အသုံးဝင်တဲ့ features တွေအများအပြား ရှိနေပါတယ်။
http://www.inbox.com 5 GB ပေးထားပြီး IMAP ချိတ်ဆက် ရရှိစေပါတယ်။
http://ww.indiatimes.com Calendar တစ်ခုနဲ့ Mail Alert တစ်ခုပါဝင်ပြီးအိန္ဒိယနိုင်ငံရဲ့ ဘာသာစကား အပါအ၀င် language ပေါင်း ၁၂ မျိုးနဲ့ သုံးစွဲနိင်ပါတယ်။
http://ww.InMail24.com POP3/ IMAP တွေကို လက်ခ့တဲ့အတွက် 16 MB သာ ပေးအပ်ထားပေမယ့် ကိုယ့်ရဲ့ Email တွေကို outlook ကနေ တစ်ဆင့် ချိတ်ဆက်လို့ ရနိုင်ပါတယ်။
http://www.jubli.com ဖိုင်တွေကို upload တင်လို့ ရသလို chat နဲ့ voip ကိုပါ ပေးအပ်ထားတဲ့ Email ၀န်ဆောင်မှုတစ်ခုဖြစ်ပါတယ်။
http://www.linuxmail.org Linux OS ရဲ့ အဆင်အပြင်နဲ့ အခမဲ့ service တစ်ခုပါ။
http://www.litepost.com Alpha (စမ်းသပ်ဆဲ ကာလ) အဆင့်သာရှိသေးပေမယ့် online ရဲ့ e-mail သုံးစွဲသူ လောကမှာတော့သတင်းမွှေးပျံ့လျက်ရှိပါတယ်။
http://www.lycosMail.com 3 GB ပေးထားပြီး attachments ကိုတော့ limit နကန့်သတ်ဘူးလို့ ကြေညာထားပါတယ်။
http://www.hotmail.com Microsoft ကုမ္ပဏီရဲ့ ၀န်ဆောင်မှု တစ်ခုပါ။ စတင် ယူယူချင်းမှာ 250 MB ရရှိပေမယ့် invite letter ရှာဖွေ နိုင်ခဲ့မယ်ဆိုရင် 2GB ပမာဏအထိ ရနိုင်ပြီး ကြော်ငြာတွေကိုပါ လျှော့ချပစ်နိုင်ပါလိမ့်မယ်။
http://www.dora.com 2 GB ပေးထားပြီးနှစ်သက်ဖွယ်ရာအသွင် အပြင်ရှိပါတယ်။
http://www.mailsnare.net အခမဲ့အသုံးပြုသူတွေအတွက် 40 MB သုံးစွဲခွင့် ရှိပါတယ်။
http://www.mailzworld.com အဆုံးအစမရှိ သိုလှောင်မှု ပမာဏ ရရှိပါတယ်။
http://www.Merseymail.com လီဗာပူးတက္ကသိုလ်ရဲ့ ကျောင်းသားများ အတွက် ရည်ရွယ် ထုတ်ဝေ ထားခဲ့တဲ့ mail တစ်ခုပါ။
http://www.muchomail.com 25 MB သိုလှောင်နိုင်ပါတယ်။
http://www.myway.com ရှင်းလင်းသပ်ရပ်တဲ့ Email လှလှကလေး တစ်ခု ဖြစ်ပါတယ်။
http://webmail.opera.com opera browser ကိုသုံးစွဲကြသူတွေအတွက် ရည်ရွယ်ထားတဲ့ webmail ဟာ 3 MB သိုလှောင်မှုပေးပါတယ်။
http://www.outhun.com “Out-blaze” ရဲ့ အိမ်ရှင်မတွေအတွက် ရည်ရွယ်ထားတဲ့ ၀န်ဆောင်မှုတစ်ခုပါ။
http://www.postmaser.co.uk ရှေးကျတဲ့ e-mail တစ်ခုပါ။ 1 GB သိုလှောင်ခွင့် ပေးထားပြီး provide က UK မှာ ရှိနေပါတယ်။
http://www.prontomail.com attachment ကို 2MB အထိ ပေးထားတဲ့ 25MB ပမာဏ အီးမေးလ်တစ်ခုပါ။
http://www.rediff.com 1 GB ပမာဏ သိုလှောင်မှုနဲ့အတူ 10 MB attachment ရရှိစေတဲ့ အိန္ဒိယ အခြေစိုက် ၀န်ဆောင်မှုတစ်ခု ဖြစ်ပါတယ်။
http://www.runbox.com 10 GB ပမာဏကို စမ်းသပ်ခွင့် သုံးလပေးထားပါတယ်၊၊ အခမဲ့သမားတွေအတွက်အမှန်တကယ် သုံးစွဲနိုင်တာက 1GB/ 10 MB ဖြစ်ပါတယ်။
http://www.sacmail.com 3.5 MB အထိ file ချိတ်ဆက်လို့ရတဲ့ e-mail တစ်ခုဖြစ်ပြီး 25 MB ပမာဏ ပေးအပ်ထာပါတယ်။
http://www.safe-mail.net 3 MB သာ storage ပေးထားပေမယ့်ပေးပို့သူ တွေအတွက်ကိုတော့ လုံခြုံရေး မြင့်မြင့်မားမား တည်ဆောက်ထားပါတယ်။
http://www.ureach.com NGO အဖွဲ့အစည်းတစ်ခုရဲ့ အခမဲ့ ၀န်ဆောင်မှုတစ်ခုပါ။
http://vfemail.net 15 MB ရှိပြီး up-grade ကိုတော့ ငွေပေးဝယ်ယူရပါမယ်။
http://www.zilladog.com ကလေးတွေအတွက် ရည်ရွယ်ပြီး ဂိမ်းတွေ ဆော့ကစားနိုင်စေဖို့သူငယ်ချင်းတွေနဲ့ e-mail အပြန်အလှန် ပို့ဆောင်စေဖို့ ဖန်တီးထားပါတယ်။
http://www.yahoo.com/mail ရှေးအကျဆုံးနဲ့ များပြားတဲ့ domain ပေါင်းစုံရှိနေတဲ့ service ပါ။ yahoo ကုမ္ပဏီရဲ့အပိုင် ဖြစ်ပါတယ်။

Email Tools

http://www.fuser.com Gmail,yagoo mail တို့လို Email အသုံးပြုနေရင်းနဲ့ inbox အတွင်းမှာ chat/IM အသုံးပြုလို့ရအောင် စီစဉ်ပေးထားပါတယ်။
http://www.grab.com Grab Mail ကိုသုံးစွဲနေရင်းနဲ့ အခြားသော mail တွေကို account တစ်ခုတည်းနဲ့ စစ်ဆေးလို့ ရနိုင်ပါတယ်။
http://www.jumpzemail.com ကမ္ဘာပေါ်မှာရှိနေတဲ့ internet ချိတ်ဆက်ထားတဲ့ ကွန်ပျူတာတစ်ခုခုကနေပြီးစာပို့၊ စာယူလုပ်နိုင်တဲ့ web-based mail တစ်ခုဖြစ်ပါတယ်။
http://mailweb.com POP3 IMAP တွေကို ခွင့်ပြုထားတဲ့အတွက် ISP ကနေ သတ်မှတ်ပေးထားတဲ့ mail တွေကို mail2web ကနေ တစ်ဆင့် ချိတ်ဆက်အသုံးပြုနိုင်ပါတယ်။
http://mymail.com 100 MB ပမာဏ သိုလှေင်ခွင့် ပေးအပ်ထားတဲ့အပြင် POP3 နဲ့ IMAP တို့ကိုပါ ချိတ်ဆက်နိုင်ပါတယ်။
http://www.tamadaa.com web အခြေပြု client program တစ်ခု ဖြစ်ပါတယ်။ Gmail နဲ့ yahoo mail စတာတွေကို ပေါင်းထည့်နိုင်ပြီး mail စစ်ဆေးနိုင်ပါတယ်။
http://www.techmail.com အခမဲ့ 25 MB ပေးထားပြီး ‘သင့်နာမည် @techemail.com’ ဆိုတဲ့ handle တစ်ခုကို ပိုင်ဆိုင်ရပါလိမ့်မယ်။

Miscellaneous Mail Services

http://www.earthclassmail.com ကိုယ်ဖျက်ဆီးပစ်ခဲ့ပြီး ဖြစ်တဲ့ email အဟောင်းတွေကိုတောင်မှ ပြန်လည် စစ်ဆေးကြည့်ရှုခွင့်ပေး ထားပြီး ကုမ္ပဏီရဲ့ server ထဲမှာ အထူး သိမ်းဆည်း ပေးထားပါတယ်။
http://www.futureme.org နောင်လာမယ့် တစ်နှစ် ဒါမှ မဟုတ် ငါးနှစ်စတဲ့ အနာဂတ်အတွက် ကြိုက်တဲ့ အချိန် ကို ရွေးချယ်ပြီး တင်ကြိုပေးပို့ထားနိုင်ပါတယ်။
http://www.hoaxmail.com ပို့ဆောင်သူရဲ့ email လိပ်စာတွေကို မသိစေလိုတဲ့ အခါမျိုးနဲ့ SMS သဘောမျိုး အလျင်အမြန် ပို့ဆောင်ပေးနိုင်ပါတယ်။
http://www.18r.nu နောင် ငါးနှစ် အတွက် Email တွေကို ကြိုတင်ပေးပို့ ထားလို့ ရပါတယ်။
http://www.postful.com လုံခြိုမှုပြည့်ဝစွာနဲ့ email အပို့၊ အယူတွေကို ပြုလုပ်လို့ ရသလို အခပေး user တွေ အတွက်တော့ $ 0.99 သတ်မှတ်ထားပါတယ်။
http://www.pranketh.com mail နဲ့ အတူ ပါလာနိုင်တဲ့ အဖျက်အမှောင့်ဗိုင်းရပ်စ်ပိုးမွှားတွေကို အဓိက နှိမ်နင်း ပေးပြီး၊ လိုသလို ကြည့်ရှု စစ်ဆေးနိုင်ပါတယ်။
http://www.shinyletter.com ကြွယ်ဝ များပြားတဲ့ text tools တွေရဲ့ font style မျိုးစုံ ပါဝင်ထားပြီး နှေးကွေးစွာ အလုပ် လုပ်ပါတယ်။
http://www.2prong.com Email လိပ်စာကို မသက်ဆိုင်သူများမသိရှိစေရန်ခြေရာ ဖျောက် ပို့ဆောင်ပေးပါတယ်။
http://ww.dodgeit.com အ၀င်စာကို လက်ခံရုံ သီးသန့်သာ ထားရှိချင်သော email တစ်ခုကို သုံးစွဲချင်တဲ့အခါ မျီုးမှာအလွန် အသုံးတည့်ပါတယ်။
http://www.e4ward.com အသုံးမကျသော email များ အဆမတန် forward လုပ်ဆောင်နေမှုကို ကာကွယ်နိုင်ပါတယ်။
http://www.emailions.com သင့်ကိုခြေရာမခံနိုင်စေဖို့ email လိပ်စာပေါင်း မြောက်မြားစွာကို ရယူခွင့်ပြုထားပါတယ်။
http://www.gishpuppy.com သင့်ရဲ့သာမန် email လိပ်စာကို အကာအကွယ်ပြုထားနိုင် ဖို့အတွက် ရှေ့မှနေပြီး အယောင်အဆောင် လိပ်စာတစ်ခုနဲ့ ကာကွယ်ပေးပါမယ်။
http://www.guerrillamail.com spam email တွေကို ရှောင်ရှားချုင်တဲ့ အခါမျိုးမှာ အသုံးဝင်ပါတယ်။
http://www.mailexpire.com email box ထဲမှာရှိနေတဲ့ spam တွေကို လမ်းလွှဲပစ်စေနိုင်ဖို့ အသုံးပြုနိုင်ပါတယ်။
http://www.mailnator.com spam တွေကို အဓိက နှိမ်နင်းပေးပြီး သင့်ရဲ့ email လိပ်စာအစစ်နဲ့ ချိတ်ဆက်ပြီး သုံးစွဲနိုင်ပါတယ်။
http://www.pookmail.com email လိပ်စာလေး တစ်ခုကို တစ်ရက်တာအတွက်ပဲ အသုံးပြုချင်တဲ့အခါမှာ အဆင်ပြေပါတယ်။
http://www.spam.la register လုပ်ထားခဲ့တဲ့ website တွေဆီကနေ တစ်ဆင့် ၀င်ရောက်လာတဲ့ spam တွေကို ခြေရာခံပြီး နှိပ်ကွပ်ပစ်ပါတယ်။
http://www.spambox.us မိနစ်သုံးဆယ်ကနေ တစ်နှစ်အတွင်း ကာလအတိုင်းအတာတစ်ခုအထိပဲ email လိပ်စာငယ်လေး တစ်ခုကို လိုအပ်ရင် sign up လုပ်ခွင့်ပေးပါတယ်။
http://www.spamex.com တုံ့ပြန်မှု မရှိတဲ့ email အယောင်ဆောင် ကြော်ငြာတွေကို သန့်စင်ပေးပြီး inbox ကို လုံခြုံစေပါတယ်။
http://www.spamgournet.com spam တွေ မတရားပို့နေတတ်တဲ့ လိပ်စာတွေကို နှိမ်နင်းပြီး spam တိုက်ဖျက်ရေး အဖွဲ့အစည်းကို တိုင်ကြားပေးပါတယ်။
http://www.tempinbox.com အ၀င်စာကိုသာ လက်ခံနိုင်တဲ့ အပိုလိပ်စာကို ရယူနိုင်ပါတယ်။
http://www.zoemail.com spam တွေ ရန်ကနေ ကင်းဝေးစေဖို့ မြင့်မားတဲ့စီမံခန့်ခွဲမှုတွေကို လုပ်ဆောင်နိုင်တဲ့ tools တွေ ပါဝင်ထားတယ်။

ဆက်ဖတ်ရန်ကျန်သေးသည်...

Gmail Manager

လူတစ်ယောက်မှာ Gmail account နှစ်ခု ၊ (ဒါမှမဟုတ်) သုံးခုရှိတယ် ဆိုပါစို့၊ အဲဒီိလိုအခါမျိုးမှာ မတူညီတဲ့ mail account တွေကို စစ်ဆေးချင်တဲ့အခါမှာ account

တစ်ခုကိုဖွင့်လိုက် ၊ ပိတ်လိုက် လုပ်နေစရာမလိုပဲ တစ်ကြိမ်တစ်ခါတည်းနဲ့ Gmail account တွေကို စစ်ဆေးချင်တဲ့အခါမျိုးမှာ Gmail Manager ဟာသိပ်ကိုအသုံးဝင်ပါတယ်။
ဥပမာ မောင်မောင် ဆိုတဲ့ လူတစ်ယောက်ဆိုပါတော့၊ မောင်မောင် @gmail.com, မောင်မောင် မိသားစုအတွက် @gmail.com, နဲ့မောင်မောင် စီးပွားရေးလုပ်ငန်းအတွက် @gmail.com,

email သုံးခုစလုံးကို တစ်ပြိုင်နက်တည်း Screen တစ်ခုတည်းမှာ (Firefox ရဲ့ ‘open tab’ သုံးခုဖွင့်လှစ်ပြီး ) ဟိုဘက်၊ ဒီဘက် mail စစ်ဆေးလို့ ရနိုင်ပါတယ်။

  1. address bar https://addons.mozilla.org/en-US/firefox /addon/1320 လို့

    ရိုက်ပါ။

  2. ဖိုင်အရွယ်အစား 100kb သာရှိပြီး အလွန်မြန်မြန်ဆန်ဆန်နဲ့ install လုပ်လို့ ရနိုင်ပါတယ်။
  3. ပြီးရင် Firefox>tools>addons ကနေ တစ်ဆင့် Gmail manager (.xpi) extension version(0.5.9) ကို click လုပ်လိုက်ပါ။
  4. extension တွေ စုပေါင်းထားတဲ့ box ကြီးထဲမှာ Gmail manager တွေ့ရပြီဆိုတာနဲ့ Option ကိုကလစ်နှိပ်ပြီး ညွှန်ကြားနိုင်ပါတယ်။
  5. Browser ရဲ့ status bar ကို ကြည့်မယ်ဆိုရင် Gmail manager icon ကလေးပေါ်နေတာ တွေ့ရပါလိမ့်မယ်။
  6. account တွေကိုလက်ခံနိုင်ဖို့အတွက် account တစ်ခုချင်းစီရဲ့ name နဲ့ password တွေကို မှန်မှန်ကန်ကန် ဖြည့်စွက်ပေးဖို့တော့ လိုအပ်ပါလိမ့်မယ်။
  7. ပထမဆုံးအနေနဲ့ ‘All account settings’ မှာ Add ကို click နှိပ်ပါ။ Gmail ရဲ့ ပထမ account ဖြစ်တဲ့ (ပင်ကို account) mgmg account ကို username နဲ့ password ဖြည့်ပါ။ ပြီးရင်

    ဒုတိယ account မောင်မောင်မိသားစု အတွက် account ကို password နဲ့ user name ဖြည့်ပါ။ ပြီးရင် တတိယ account ကိုလည်း ဖြည့်စွက်ပါ။

    1. တကယ်လို့ ’startup’ option မှာရှိတဲ့ check box ကိုသာအမှန်ခြစ် ထည့်ပေးလိုက်မယ်ဆိုရင် ကွန်ပျူတာကို ဖွင့်တဲ့အချိန်တိုင်းမှာ (အင်တာနက်ကို အလိုအလျောက်ချိတ်ဆက်ပြီး)

      Gmail ကို Auto ဖွင့်ပေးမှာ ဖြစ်တဲ့အတွက် အချိန်ကုန်သက်သာ ပါလိမ့်မယ်။

    2. မလိုချင်တဲ့ account ကို အလွယ်တကူ ‘Remove’ လုပ်လို့ရနိုင်ပြီး secure ကို ပြည့်ဝ စေဖို့လည်း ညွှန်ကြား ထားနိုင်ပါတယ်။
    3. ပြီးရင် OK ကို နှိပ်ပါ ( လိုအပ်ရင် Apply ကိုနှိပ်ပေးပါ။ )
  8. browser ရဲ့ status bar ညာဘက်ထောင့်မှာ ဖြည့်စွက်ထားတဲ့ လိပ်စာတွေ ကို တွေ့မြင်ရပါလိမ့်မယ်။
  9. စာအိတ်အနီရောင် ‘icon လေးကို Click နှိပ်လိုက်တဲ့အခါမှာ Gmail Manager ရဲ့ function တွေပေါ်လာပါလိမ့်မယ်။ အဓိကကတော့ Main Subject နှစ်မျိုးရှိပါတယ်။ “ရွေးချယ်ထားတဲ့ Gmail

    ” ကိုဖွင့်ပေးဖို့ နဲ့ ‘add’ လုပ်ထားတဲ့ account အကုန်လုံးကို ဖွင့်ပေးဖို့ ဆိုပြီး နှစ်မျိုး ဖြစ်ပါတယ်။

  10. account တစ်ခုချင်းစီမှာရှိတဲ့ မတူညီတဲ့ အရေအတွက်တွေကို ပုံမှာပြထားတဲ့အတိုင်းမြင်တွေ့ရပါလိမ့်မယ်။ ’show new mail snippets’ ဆိုတာကတော့ လက်ခံ ရရှိတဲ့ mail တွေမှာ ပါဝင်တဲ့

    subject ကိုအတိုချုံးပြီး ရုပ်ရှင်ထွေလာသဘောမျိုး ပြသပေးမှာဖြစ်ပါတယ်။

  11. ပြီးရင် browser မှာ ‘tab’ အသစ်တွေ ခေါ်ပါ။ တကယ်လို့ account နှစ်ခုကို တစ်ပြိုင်နက်တည်းဖွင့်ချင်ရင် ‘tab’ နှစ်ခုခေါ်ပါ။ သုံးခုဖွင့်ချင်ရင် ‘tab’ သုံးခုသုံးပါ။
  12. ဒါဆိုရင် browser တစ်ခုအတွင်းမှာ မတူညီကွဲပြားတဲ့ Gmail account မျိုးစုံကို Gmail manager ကို သုံးစွဲပြီး email စစ်ဆေးရင်း chatting လုပ်လို့ ရနိုင်ပါပြီ။

ဆက်ဖတ်ရန်ကျန်သေးသည်...

အယ်ဖိုး © 2008 Template by:
SkinCorner