Thursday, January 20, 2011

Microsoft ၏ OneNote application အား iPhone ပေါ်တွင် အသုံး ပြုနိုင်ပြီ

OneNote Application for iPhone
Microsoft မှ ၄င်း၏ Application တစ်ခု ဖြစ်သော OneNote အား iPhone ပေါ်တွင် အသုံးပြု နိုင်ရန် ထုတ်လုပ် လိုက်ပါတယ်။ ထို့အပြင် ထူးခြား တဲ့ အချက် ကတော့ အဆိုပါ OneNote အား iPhone ပေါ်တွင် အသုံးပြုရန် အခမဲ့ Download ယူခွင့် ပေးထားသော်လည်း Download ယူခွင့်ပေးထားသော အချိန်ကန့်သတ် ထား ပါတယ်။
OneNote အား Microsoft မှ Windows Phone 7 ပေါ်တွင် လည်း အသုံးပြုသွား မှာ ဖြစ်ကြောင်း သိရပြီး OneNote မှာ iPhone အတွင်း notes များ မှတ်သား သွားနိုင်မှာ ဖြစ်တဲ့ အပြင် iPhone မှ ရိုက်ယူ ထားသော ဓါတ်ပုံများ နှင့် မိမိ မှတ်သား လိုသည်များ ကို တစ်ပေါင်း တစ်စည်း တည်း မှတ်သွား နိုင်မှာ ဖြစ်ပါတယ်။
ထို့အပြင် OneNote မှ တစ်ဆင့် Microsoft ၏ Windows Live Sky Drive ကိုလည်း ချိတ်ဆက် သွား နိုင်မှာ ဖြစ်တဲ့ အတွက် မိမိ Windows Desktop Appliction များ ကိုလည်း ချိတ်ဆက်သွား နိုင်မှာ ပါ။
ကျွမ်းကျင်သူများ မှတော့ ယခု လို Microsoft မှ Apple ၏ iPhone အတွက် Application တစ်ခု ထုတ်လုပ်ပြီး နောက် မည် သည့် Apple ကုန်ပစ္စည်းများ ပေါ်တွင် Microsoft ၏ Application လုပ်မည် ကိုစောင့် မျှော်နေကြ ပြီး ခန့်မှန်းချက် များ အရ Apple ၏ iPad ပေါ်တွင်လည်း Application များ ပေါ်ပေါက်လာ နိုင်ကြောင်း ကော်လဟာလ များထွက်ရှိ နေပါတယ်။
ယခု ထုတ်လုပ် လိုက်သော OneNote application အား Microsoft Mac developer များ နှင့် OneNote အင်ဂျင်နီယာများ က ပေါင်းစည်း ထုတ်လုပ် ခြင်းဖြစ်ပြီး ၂ နှစ်နီးပါး အချိန်ယူ ခဲ့ရပါတယ်။
အထက်တွင် ဖော်ပြ ထားသည့် အတိုင်း OneNote အား Free Download ပေးသွားမည် ဖြစ်သော်လည်း ကန့်သတ်ထားသော အချိန်အား Microsoft မှ တရားဝင် ဖော်ပြ ထားခြင်း မရှိ သလို တရားဝင် ရောင်းချ သွားမည့် နေ့ရက် ကိုလည်း အတိအကျ ဖော်ပြ ထားခြင်း မရှိ သေးကြောင်း တင်ပြ လိုက်ရပါတယ်

0 comments:

အယ်ဖိုး © 2008 Template by:
SkinCorner