Saturday, January 8, 2011

Mozilla ADD-ONS များ မှ User name များ နှင့် Password များ ပေါက်ကြား



Web Browser လောက မှာ နာမည်ကြီး ပြီး အကောင်းဆုံး လို့ သတ်မှတ်ခြင်း ခံထားရ တဲ့ Mozilla Firefox မှာ ယခုတော့ လုံခြုံရေး ဆိုင်ရာ ပြသာနာ များ နဲ့ ကြုံတွေ့ နေရပြီ ဖြစ်ပါတယ်။
ဖြစ်ပုံမှာ မကြာသေးမီ ရက်ပိုင်း အတွင်း Mozilla ၏ addons.mozilla.org တွင် Register ပြုလုပ်ထားပြီး အချိန်ကြာ မြင့်စွာ အသုံးပြုခြင်း မရှိသော လူများ ရဲ့ Username နှင့် Password များ ဟာ လူတကာ မြင်နိုင်တဲ့ Web Server တစ်ခု ပေါ်မှာ အထင်းသား ဖော်ပြ ခြင်းခံ ထားရတာ ပဲဖြစ်ပါတယ်။
အဆိုပါ အသုံးပြုသူဦးရေ 44,000 ကျော် ရဲ့Username များ နှင့် Password များ ဟာ encrypted လုပ်ထား ပြီးသား ဖြစ်နေပြီး အဆိုပါ Database မှ Download လုပ်ခဲ့သော account များလည်း ပါဝင်ကြောင်း Mozilla ရဲ့ တာဝန် ရှိသူ တစ်ဦးဖြစ်တဲ့ Chris Lyon မှ ၄င်း၏ Blog မှ တင်ပြသွား ပါတယ်။
လက်ရှိ addons.mozilla.org ကို အသုံးပြုနေသူများ ရဲ့ account များ ကတော့ Mozilla မှ Password encrypted လုပ်မှု ကို 2009 ခုနှစ် May လပိုင်းမှာ Upgrade ပြုလုပ်ခဲ့တဲ့ အကျိုးကျေးဇူး ကြောင့် အဆိုပါ ပြသာနာ များကို ရင်ဆိုင်ရတော့ မှာ မဟုတ်ပါဘူး။
Mozilla မှ လုံခြုံရေး ဆိုင်ရာ တာဝန် ရှိသူများ မှ အဆိုပါ ဖြစ်ရပ် ကို December 17 ရက်နေ့တွင် ကြေငြာ မှုများ ပြုလုပ်ခဲ့ပြီး လုံခြုံရေးဆိုင်ရာ Bugs များ ကို ဖြေရှင်းပေး နိုင်မယ့် Volunteer များ ကိုလည်း ဖိတ်ခေါ် လျှက် ရှိနေပါတယ်။
ယခု ဖြစ်ပွါးခဲ့သော လုံခြုံရေး ပြသာနာ ကို Mozilla မှ December 27 တွင် အတည်ပြု ကြော်ငြာ ခဲ့ပြီး addions.mozilla.org ရဲ့ အကောင့် ပိုင်ရှင်များ သို့ထံလည်း e-mail ပို့ကာ ဆက်သွယ် ထားကြောင်း တင်ပြပေး လိုက်ရပါတယ်။

0 comments:

အယ်ဖိုး © 2008 Template by:
SkinCorner