Monday, October 3, 2011

Dropbox

ကွန်ပျူတာ တစ်လုံးနဲ့ တစ်လုံး ကြား file တွေ ခဏခဏ ပြောင်းဖို့ ဆိုရင် dropbox ကအရမ်း အသုံးဝင် ပါတယ်။ ကွန်နက်ရှင် ကောင်းတယ် ဆိုရင် ဒီ software နဲ့တွဲပါတဲ့ free online file storage က USB Flash Drive တွေ မျိုးတုံး သွားအောင် လုပ်ကောင်း လုပ်နိုင် ပါတယ်။

Dropbox Logo

Create account here: http://db.tt/xI9JxtY

အထက်ပါ link ကနေ dropbox account လုပ်ပြီး dropbox software ကို ဒေါင်းလုပ်လုပ်လို့ intstall ပြီးသွားရင် file တွေ share ဖို့အဆင်သင့်ဖြစ်ပါပြီ။ ကိုယ်အသုံးပြုချင်တဲ့ အခြားကွန်ပျူတာ တိုင်းမှာ လည်း dropbox software ကို install လုပ်ရပါ့မယ်။ တစ်ခြား online file storage software တွေကြား drobox ရဲ့ အားသာချက်က windows နဲ့ထပ်တူ interface ကိုသုံးထားခြင်းပါ။ Dropbox ကို install ပြီးတာနဲ့ windows ရဲ့ ပုံမှန် folder ပုံစံ dropbox folder တစ်ခု user account အောက်မှာပေါ်လာမှာပါ။ ကိုယ် share ချင်တဲ့ file ကို dropbox ထဲထည့်လိုက်တာနဲ့ dropbox setup လုပ်ထားတဲ့ အခြားကွန်ပျူတာ တိုင်းမှာအပြင် online ကကိုယ့် account မှာပါ file ကို access လုပ်နိုင်မှာပါ။ dropbox ထဲထည့်တယ်ဆိုတာက လည်း windows style နဲ့ drag & drop လုပ်ရုံတင်ပါ။ Dropbox ထဲက recent file တစ်ခုကိုမှားပြီး Shift+Delete လုပ်လိုက်မိရင်လည်း online dropbox account ကနေ Undo Delete ပြန်လုပ်နိုင်ပါတယ်။ iPhone, iPad, iTouch နဲ့ android device တွေအတွက်လည်း dropbox app တွေရှိပါတယ်။

0 comments:

အယ်ဖိုး © 2008 Template by:
SkinCorner