Download ifile.it ၊ Download mediafire
Ba U Gyi
General Saw Bo Mya
Mahn Ba Zan
To Reach Our Goal
Movie and Song
Short Film about (IT)
Refugee Life & Hope
Karens and Karen State
Blog ရေးရသည့်အကြောင်း
မြန်မာ့ITလောကဖွံ့ဖြိုးတိုးတက်စေရန်နှင့်မြန်
မာနိုင်ငံသားများအနေဖြင့်ITနည်းပညာများ
နှင့်ပတ်သက်သောအသိပညာဗဟုသုတများရ
ရှိစေရန်ရည်ရွယ်ထားပြီး၊မြန်မာနိုင်ငံမှာပြည်
သူလူထုတွေလိုအပ်နေတဲ့ငြိမ်းချမ်းရေးနှင့်
တရားမျှတမှူ့ကိုITနည်းပညာဖြင့်နည်းလမ်း
များစွာလုပ်ဆောင်နိုင်ပါသည်။
က၇င်နေ.ထူးနေ.မြတ်များ
Time
လစဉ်မှတ်တမ်းများ
Friday, October 30, 2009
Google apps; email လုပ်နည်း
Download ifile.it ၊ Download mediafire
Wednesday, October 28, 2009
Torrent အကြောင်း တစ်စေ့တစ်စောင်း
Torrent အကြောင်းကို ဒီနေရာမှာ အသေးစိတ်ရေးထားပါတယ်။ သွားရောက်ဖတ်ရှုလေ့လာကြပါခင်ဗျာ..
Monday, October 12, 2009
Window 7 Theam
Folder Lock Software
Folder Lock ဆော့ဝဲလ်ကို Install လုပ်ပြီးပါက User ID တွင် TEAM HERITAGE နှင့် Key Password တွင် 683071673 ကို ဖြည့်ပါ။ ဒါဆို အမြဲတမ်းသုံးနိုင်ပါပြီ။ ဆော့ဝဲလ်ဘောက် ပေါ်လာချိန်တွင် password သည် မိမိပေးချင်သည့် အရာကို ပေးပါ။ နှစ်ခါ ပြန်ရိုက်ရမှာ ဖြစ်ပါတယ်။ ဒါဆိုရင် Lock Folder ပေါ်လာပြီ မိမိတို့ သိမ်းချင်သည်များကို သိမ်းဆည်းနိုင်ပါပြီ။
Friday, October 9, 2009
Movie Edit Pro 15 PLUS
MAGIX Movie Edit Pro 15 Plus ပြီးပြည့်စုံတဲ့ Video တည်းဖြတ်ရေး program ပါ . အတော်လေးကို ကောင်းပါတယ် . video တည်းဖြတ်ရေးအတွက် ရိုးရှင်းတဲ့ အဆင့် ၃ ဆင့်ပဲ ပါပါတယ် . သူ့မှာပါတဲ့ effects များဟာ တစ်ကယ့် special effects များ ဖြစ်ခြင်း၊ နောက်ခံ သီချင်းထားများကို လွယ်ကူစွာ ထားနိုင်ခြင်း၊ ပြီးတော့ တည်းဖြတ်ရေး လုပ်ထားပြီးသား video များကိုလဲ DVD များအဖြစ် Burn နိုင်ခြင်းစတဲ့ တစ်ခြား video edition နှင့်မတူညီတဲ့ အားသာချက်တွေ အများကြီးပါ . ကျွန်တော် တင်ပေးလိုက်ပါပြီ . video edition အတွက် လိုအပ်နေသူများ အတွက်ပါ . ကျွန်တော် တစ်ပိုင်းကို 50 MB နဲ့ 5 ဖိုင် ခွဲထားပေးပါတယ် . Download လုပ်ရတာ အဆင်ပြေအောင်လို့ပါ .
Download nyinaymin.net >>> Part(1) ၊ Part(2) ၊ Part(3) ၊ Part(4) ၊ Part(5)
Download ifile.it >>> Part(1) ၊ Part(2) ၊ Part(3) ၊ Part(4) ၊ Part(5)
Download mediafire >>> Part(1) ၊ Part(2) ၊ Part(3) ၊ Part(4) ၊ Part(5)
ကိုယ့်ကွန်ပျူတာကို ဘယ်သူသုံးသလဲနှင့် keyboard မှာ ရိုက်သမျှစာတွေကို လိုက်မှတ်ပေးနိုင်တဲ့ perfect keylogger
ကျွန်တော်တင်လိုက်တဲ့ ပို့စ်တစ်ခုကြောင့် နစ်နာမှုတွေ ရှိလာမယ်ဆိုရင်တော့ ကျွန်တော် ၀မ်းနည်းမိမှာ အမှန်ပါပဲ .. ကျွန်တော် ဒီပို့စ်လေးကို ရေးလိုက်ရတဲ့ အဓိက အကြောင်းရင်း ကတော့ သူငယ်ချင်းများ အခြားအခြားသော ကွန်ပျူတာဆိုင်တွေမှာများ သွားပြီး အင်တာနက်သုံးမိလိုက်တယ်ဆိုရင် အရင်ဦးဆုံး Start bar မှာ keylogger လေးရှိမရှိအရင်ဦးဆုံး စစ်ဆေးပြီးမှ သုံးကြပါလို့ ထပ်ဆင့်ပြီးတော့ အသိပေးလိုက်ပါတယ် .. တစ်ကယ်လို့ မိမိသုံးမယ့် ကွန်ပျူတာဆိုင်တွေမှာများ ဒီ keylogger လေးကိုတွေ့မိရင် အဲ့ဒီ့ဆိုင်မှာ သွားမသုံးပါနှင့်။ သူရဲ့မူရင်းဆိုက်ကိုပါ လိပ်စာရေးပေးလိုက်ပါတယ် .. မူရင်းဆိုက်က ဒီမှာ ပါ ...သုံးပုံသုံးနည်းကို ကျွန်တော် ရေးပေးလိုက်ပါ့မယ် ... အဲ့ဒီ့ဆိုက်လေးမှာ သွားပြီးတော့ မိမိတင်ထားတဲ့ window နှင့်ကိုက်ညီတဲ့ keylogger ကို သွားပြီး download လုပ်လိုက်ပါ ... တစ်ခုတော့ရှိပါတယ် ... အဲ့ဒီ့ keylogger လေးကို တင်တဲ့အချိန်မှာ anti virus ကိုတော့ ခဏပိတ်ထားဖို့လိုပါတယ် .. မပိတ်ထားရင် တင်လို့မရပါဘူး ... အဲ့ဒီ့လို software တိုင်းကိုတင်တိုင်း တင်တိုင်း ခဏပိတ်ထားရမှာပါ ... သူ့မူရင်းဆိုက်မှာလဲ သတိပေး ထားမြစ်ထားတာတွေ အများကြီးရေးထားပါတယ် .. အဓိကကတော့ သူတစ်ပါးရဲ့အတွင်းရေးကို ၀င်ရောက်ပြီး ဒုက္ခမပေးဖို့ပါ ..
အရင်က ကျွန်တော် ကြားလိုက်ပါသေးတယ် .. ရန်ကုန်မှာ keyboard recorder ဆိုပြီးတော့ ပေါ်လိုက်ပါသေးတယ် .. ဒါပေမယ့်သူက software တော့မဟုတ်ပါဘူး .. recoder လို device ပစ္စည်းတစ်မျိုးပါ .. ကီးဘုတ်နဲ့တွဲပြီးတော့ ထားထားပေးရပါတယ် ... သူက ကီးဘုတ်က ရိုက်သမျှစာတွေကို လိုက်မှတ်ပေးထားပါတယ် .. အခုဒီကောင်ကတော့ software သီးသန့်ပါ ..
တစ်ခုတော့ရှိပါတယ် .. အားလုံးဟာ trail တွေအဖြစ် 5 ရက် free ပေးသုံးထားပါတယ် ... အားလုံးပဲ ရွှင်လန်းချမ်းမြေ့ကြပါစေ ..
သူကရက်စွဲအလိုက် မှတ်ထားပေးပါတယ် .. ပုံလေးတွေတော့တင်ထားပါတယ် .. ဒါပေမယ့် ကျွန်တော့်ရဲ့ ကွန်ပျူတာကတော့မဟုတ်ဘူး .. ဘာဖြစ်လို့လဲဆိုရင်တော့ အဟီးဟီး သူငယ်ချင်းတို့သိမှာပါ .. password တွေ ပါသွားမှာစိုးလို့ ..
(၁) keystrokes ဆိုတာကတော့ မိမိဝင်ခဲ့တဲ့ ၀ဘ်ဆိုက်တွေမှန်သမျှကို လိပ်စာနှင့်တစ်ကွ username နှင့် Password တွေကို မှတ်သား ပေးထားတဲ့နေရာတစ်ခုပါ ..
(၂) Chat ဆိုတာကတော့ လူတိုင်းသိကြမှာပါ Gtalk chatting, Yahoo Messenger Chatting, MSN chatting စတဲ့ ချက်တင်မှန်သမျှကို လိုက်မှတ်ပေးထားတဲ့နေရာတစ်ခုပါ
(၃) screenshort ကတော့ မိမိချက်တဲ့ချက်တင်တွေ၊ ၀င်သမျှနေရာတွေကို ၃ မိနစ်ကိတစ်ကြိမ်ဓါတ်ပုံရိုက်ထားသလိုမျိုး ဓါတ်ပုံတွေကို ရိုက်ရိုက်ပြီးသိမ်းထားပေးတာပါ .. အဲ့ဒီ့ကြာချိန်ကို လိုက်ပြီးတော့ ချိန်ထားပေးလို့ရပါသေးတယ် .. သူကတော့ ဓါတ်ပုံသီးသန့်ပဲ ပေါ်နေမှာပါ ...
(၄) websites ကတော့ ကိုအသုံးပြုနေတဲ့ ၀ဘ်ဆိုက်တွေကို လိုက်မှတ်သားပေးထားတာပါ ... ကဲဒီလောက်ဆိုရင် ကြေနပ်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ် .. ကျွန်တော့်မှာလဲ အလုပ်ကသိပ်မအားတော့ ဖြစ်ညှစ်ပြီးတော့ ရေးနေရတာ .. သီးခံပေးကြပါဦးလို့ အနူးအညွှတ်တောင်းပန်အပ်ပါတယ် .. အွန်လိုင်းမှာ အမြဲတွေ့နေတဲ့ သူငယ်ချင်းတွေကလဲ ခဏခဏ ပို့စ်မတင်သေးဘူးလား ပို့စ်မတင်သေးဘူးလားနဲ့ ခဏခဏမေးနေတော့ အားနာလှပါပြီ .. အခုတော့ ဒါလေးနဲ့ နှစ်သိမ့်ပေးကြပါဦး .. တင်စရာတွေတော့ အများကြီးကျန်ပါသေးတယ် ..
Wednesday, October 7, 2009
ဖုန်းတွေကို စစ်ကြည့်ရအောင်
Nokia ကုမ္ပဏီဟာ တကမ္ဘာလုံးမှာ အကြီးဆုံးဖုန်းထုတ်လုပ်ရေးကုမ္ပဏီကြီးပါ။ ဒါပေမယ့် များသောအားဖြင့် ကျနော်တို့ဆီမှာရှိတဲ့ Nokia ဖုန်းတွေက Original Quality ကိုမမှီတဲ့ဖုန်းတွေများပါတယ်။
ဒါဆိုရင် ကျနော်တို့ရဲ့ Nokia ဖုန်းတွေဟာ Original ဟုတ်လားမဟုတ်လားဘယ်လိုကြည့်နိုင်မလဲ? ကျနော်ပြောပြပါ့မယ်။ သင့်ဖုန်းရဲ့
ပထမ အဆင့်အနေနဲ့ *#06# လို့သင့်ဖုန်းမှာရိုက်ထည့်လိုက်ပါ။ Serial No. တစ်ခုပေါ်လာပါလိမ့်မယ်။
Phone serial no. x x x x x x ? ? x x x x x x x
အဲဒီနံပါတ်ထဲက ၇ လုံးမြောက်နဲ့ ၈ လုံးမြောက် နံပါတ်တွေကို ကြည့်ရမှာပါ။
တကယ်လို့ အဲဒီနံပါတ်နှစ်လုံးဟာ 02 သို့မဟုတ် 20 ဆိုရင် သင့်ဖုန်းဟာ Emirates ကထုတ်တာဖြစ်ပြီး အရမ်းကိုညံ့ပါတယ်။
တကယ်လို့ အဲဒီနံပါတ်နှစ်လုံးဟာ 08 သို့မဟုတ် 80 ဆိုရင် သင့်ဖုန်းဟာ ဂျာမနီ ကထုတ်တာဖြစ်ပြီး သုံးဖို့ သင့်တော်ပါတယ်။
တကယ်လို့ အဲဒီနံပါတ်နှစ်လုံးဟာ 01 သို့မဟုတ် 10 ဆိုရင် သင့်ဖုန်းဟာ ဖင်လန်နိုင်ငံ ကထုတ်တာဖြစ်ပြီး အရမ်းကောင်းပါတယ်။
တကယ်လို့ အဲဒီနံပါတ်နှစ်လုံးဟာ 00 ဖြစ်ခဲ့ရင် သင့်ဖုန်းဟာ Original စက်ရုံကထုတ်တာဖြစ်ပြီး အကောင်းဆုံး Quality ရှိပါတယ်။
တကယ်လို့ အဲဒီနံပါတ်နှစ်လုံးဟာ 13 ဆိုရင်တော့ အဇာဘိုင်ချန် ကထုတ်တာဖြစ်ပြီး အရမ်းညံ့တဲ့အပြင် ကျန်းမာရေးအတွက်ပါ အန္တရာယ်ရှိပါတယ်။ သုံးဖို့မသင့်တော်ပါဘူး။
Phone တိုင်းစစ်လို.ရပါတယ်ဗျာ.....။ စစ်ကြည်.ပါဦးနော်...တော်တော်ကြာပြသနာဖြစ်နေမှာစိုးလို.ပါနော်...။
Nokia phone တွေအတွက် မရှိမဖြစ်လိုအပ်တဲ့ Nokia pc suite
Download Link(1)
Download Link(2)
ထိုင်းဖုန်းတွေ GSM 12 Call တွေအတွက် Free call လုပ်ပြီးခေါ်ကြရအောင်ဗျာ
Free GSM 12Call (Day/Night) လုပ်ချင်တဲ့သူများအတွက် ကျွန်တော်ရည်စူးတာပါ။ တစ်ချို့ ဆိုရင် ထိုင်းနိုင်ငံသားတွေကိုယ်တိုင်ကို ကိုယ့်နိုင်ငံမှာ ဘာတွေထူးခြားနေတာလဲ ဘယ်လို service တွေပေးနေတယ်ဆိုတာကို မသိကြဘူးဗျ။ ကဲပြောနေကြပါတယ်ဗျာ။ နေ့ဖရီးကောဆိုရင် တစ်ခုတော့ရှိတယ်နော် GSM ဆိုရင် GSM ချင်းပဲ ဖရီးရမှာနော်။ နှစ်ချိန်ရှိတယ် မနက်(၅)ရီကနေ၊ ညနေ (၅)နာရီအထိက တစ်မျိုး၊ ည(၁၀)နာရီကနေ၊ မနက်(၁၀)နာရီအထိက တစ်မျိုး နှစ်မျိုှးရှိပါတယ်ဗျာ။ နေ့ဖရီးကောကိုလုပ်ချင်ရင် တစ်လကိုမှ ထိုင်းဘတ်ငွေ (၁၉၉)ဘတ်ကုန်ပါတယ်။ ညဖရီးကောကတော့ (၁၅၉)ဘတ်ကုန်ပါတယ်။ လုပ်ချင်တယ်ဆိုရင်တော့..
ည- *777*2# ကိုနှိပ်လိုက်ပါ..
ကဲဒါလောက်ပါပဲ
Internet နာရီဝယ်ကြရအောင် (ထိုင်းနိုင်ငံဖုန်းများအတွက်သာ)
အခုကျွန်တော်ပြောတာက 12 call (GSM) ဖုန်းအတွက်ဖြစ်ပါတယ်ဗျာ xxxxxx
ကဲကျွန်တော်ဆက်ပြီးတော့ အင်တာနက်နာရီ ၀ယ်တာလေးကို ဆွေးနွေးပါ့မယ်။
အဓိကကတော့ ကျွန်တော် အနီရောင်ပြထားတဲ့ ဂဏာန်းလေးတွေကို မှတ်ထားပါ။ သူ့အစဉ်အတိုင်းနှိပ်ရမှာဖြစ်ပါတယ်။
ဒါက ကျွန်တော်တို့ station ကိုမခေါ်ပဲနဲ့ Auto လုပ်တာပါ။ station နဲ့ပြောမယ်ဆိုရင် ပထမတစ်ချက်က ပိုက်ဆံအပိုကုန်မယ်။ နှစ်အချက်ကတော့ စောင့်နေရမယ် သူပို့လာမယ့် အကြောင်းကြားစာ(message)ကိုပေါ့။
(၁) *138 ကိုခေါ်လိုက်ပါ .. ခေါ်တာနဲ့ သူကမေးပါတယ် for english please press 1 လို့ပြောတာနဲ့ နံပါတ် " 1" ကိုနှိပ်လိုက်ပါ။
(၂) ပြီးတာနဲ့ သူကဆက်ပြောပါမယ် mobile internet ကို လိုချင်ရင် ၂ ကိုနှိပ်ပါလို့ပြောပါလိမ့်မယ်။ ''2'' ကိုနှိပ်လိုက်ပါ။
(၃) ပြီးတာနဲ့ ပြောမှာက အင်တာနက်သုံးမယ့် ရက်ကိုမေးပါလိမ့်မယ် လအလိုက်ယူမှာလား၊ ၃၀ ရက်ကို တစ်ခါယူမှာလား၊ ဘာညာနဲ့မေးပါလိမ့်မယ်။ အဲ့ဒါ ကျွန်တော်တို့ ''1'' ကိုနှိပ်ပြီး လအလိုက်ယူမှာပါ။
(၄) ပြီးတာနဲ့ သူမေးပါလိမ့်မယ် နာရီကို ၂ နာရီလား(၁ ကိုနှိပ်)၊ ၅ နာရီလား(၂ ကိုနှိပ်)၊ ၂၀ နာရီလား(၃ကိုနှိပ်)၊ ၅၀ နာရီလား(၄ကိုနှိပ်)၊ ၁၀၀နာရီလား(၅ကိုနှိပ်)၊ unlimited လား(၆ကိုနှိပ်)၊ ဆိုတာကိုမေးပါလိမ့်မယ်။ ကိုလိုချင်တာလေးကို နှိပ်ပါ။ ကျွန်တော်က နာရီ ၂၀ ကိုယူမှာဆိုတော့ နံပါတ် ''3'' (၁၀၇ဘတ်)ကိုနှိပ်ပါမယ်။
(၅) သေချာလား သေချာတယ်ဆိုရင် ၁ ကိုနှိပ်လို့မေးပါလိမ့်မယ်။ ''1'' ကိုနှိပ်လိုက်ပါ။
(၆) နောက်တစ်ခါထပ်မေးပါတယ်။ သေချာလား သေချာပြီဆိုရင် ၁ ကိုနှိပ်ပါလို့မေးရင် ''1'' ကိုထပ်နှိပ်ပါ။
Station က ချက်ခြင်းပဲ Message ပို့ပါလိမ့်မယ်။ မင်းစပြီးသုံးလို့ရပြီဆိုတဲ့အကြောင်းပေါ့
ကဲ စပြီးတော့ အင်တာနက်ကို သုံးလို့ရသွားပါပြီ။
Dial up connection ဖြင့် အင်တာနက်ချိတ်ရအောင် (ထိုင်းနိုင်ငံ)
Dial up connection ဖြင့် အင်တာနက်ချိတ်ချင်တယ်ဆိုရင်တော့ ပထမဦးစွာ အင်တာနက်နာရီတော့ ၀ယ်ထားပြီးသားအဆင်သင့် ရှိနေရပါမယ်။
ဒီလိုမလုပ်ခင် ကျွန်တော်တို့ mobile နှင့်ပတ်သက်တာလေးတွေတော့ လုပ်ထားပြီးသားဖြစ်ရပါ့မယ်။
(၁) cabel connection ဖြင့် dial up ချိတ်မယ်ဆိုရင်တော့ဖြင့် မိမိသုံးမယ့် mobile နှင့်ပတ်သက်သည့် modem နှင့်သက်ဆိုင်တာလေးများ install လုပ်ထားပြီးသားဖြစ်ရပါမယ်။ ဥပမာ Nokia (nokia pc suite) လိုမျိုး mobile ကို modem ခံပြီးသုံးဖို့အတွက် ကွန်ပျူတာနှင့် mobile ချိတ်ဖို့အတွက် လိုအပ်တဲ့ driver များ တင်ထားပေးရပါမယ်။
(၂) အဲ့လိုမတင်ချင်ဘူးဆိုရင်တော့ မိမိသုံးမည့် ဖုန်းတွင် bluetooth ပါလားအရင်ကြည့်ရပါမယ်။ bluetooth ပါတယ်ဆိုရင်တော့ ကျွန်တော်တို့ modem မတင်လဲ ဖြစ်ပါတယ်။ ဖုန်းမှာ bluetooth ပါပြီးတော့ ကွန်ပျူတာမှာ bluetooth မပါပြန်ရင်လဲ ကွန်ပျူတာမှာ bluetooth တစ်ခုဝယ်ပြီး တပ်လိုက်ပါ ဈေးချိုပါတယ်။ ထိုင်းဘတ်နဲ့ဆိုရင် ၃၀၀ ဘတ်လောက်ပဲကုန်မှာပါ။
အားလုံးအဆင်သင့်ဖြစ်ရင်တော့ ချိတ်ဖို့အတွက်ပဲ ကျန်တော့တာပေါ့ဗျာ။
ကဲ ဒီလိုလုပ်ရအောင် -
(၁) Start >> settings >> Network Connections ကိုအရင်သွားပါ
(၂) create network connection ကိုသွားပါ ပြီးရင်တော့ ကျွန်တော်ပြထားတဲ့ အောက်က ပုံလေးများအတိုင်းလုပ်ကြည့်လိုက်ပါ
Monday, October 5, 2009
Desktop ကို အလှဆင်
Sunday, October 4, 2009
Installing Windows from Memory Stick
Karen Flag
About Me
- Peace
- Revolution is our School and Our University.အသက်မွေးဝမ်းကျောင်း မဟုတ်ခဲ့ပေမယ့် ခံစားချက်တွေနဲ့ပြည့်နှက်နေတဲ့နည်းပညာ(IT)မြစ်တစ်စင်းကတော့ ကျွန်တော့နှလုံးသားအတွက်အဓိကရေသောက်မြစ် တစ်စင်းပါပဲ
Fight For Freedom
ကရင်ဘလော့ဂါများ
- စောလင်းနက်စ်
- စောကျော်ခွီး
- ကရင်အစည်းအရံး(အင်္ဂလန်)
- စောကရင်
- မြစ်နဒီကိုးသွယ်
- နဒီကိုးသွယ်
- အဲခါန်.သင့်(ဆစ်ဒနီ)
- ကီၓဃံလၖမ့ၓပကညီကီၓ
- စောဆိုအဲထအောင် (ဆိုဒ်အဲထ်ုအင်)
- ကညောဖိုး
- မန်းကိုကို
- နဒီသံလွင်
- ကိုးဒီသွေး
- မန်းဧရာ
- စောကျော်လေး
- ပထီးပကော်
- ဇွဲကပင်(KDA)
- ထောမဲပါ
- ဒေါနမြေ
- အ်ုလျာ.ဖါန်
- နော်မေဦး
- မူ.ယံင့်ဖါန်
- ကရင်အမျိုးသား မိတ်သဟာယအဖွဲ့ (ကိုးရီးယား)
- သောသီခို
- OKRSO's Family
- ဖူ့တာမိက်
- ကရင်လူငယ်အစည်းအရုံး (ကိုးရီးယား)KYO
- ယံင့်၀၀်
- အမိကရင်မြေ
- စောဇော်လတ်
- ဘာဘလျူးမူး
- ဖားစည်သံ
- စဝ်ဍုံလဲို့
- ကဲဲြၖတၓကစီၗ
ဗိုလ်ချူပ်အောင်ဆန်း
Popular Posts
-
ကျွန်တော် ဒီကောင်လေးကို အစ်ကိုတစ်ယောက်ကလည်း Laptop ကနေပြီးတော့ Wifi ပြန်ရှယ်ပေးချင်တယ် ဆိုတာနဲ့ ဒီကောင်လေးကို Update လေးရှာပြီးတင်ပေးလိုက...
-
ကျွန်တော့်ကိုမေးထားတာလဲ နည်းနည်းကြာသွားပါတယ်။ ကျွန်တော်တို့ DVD တွေကို Burn တဲ့ အချိန်မှာ ကူးလို့မရအောင် ဘယ်လိုကာကွယ်မလဲပေါ့...
-
မိမိရဲ့ဓါတ်ပုံတွေကို Slideshow အဖြစ်လုပ်ဖို့ အဆင်ပြေတဲ့ ဆော့ဝဲလေးပါ...။ Effect တွေလဲတော်တော်များပါ ပါတယ်...။ အမြဲ တမ်း အသုံးပြုလိ...
-
DVD VCD အခွေ လုပ်ချင်သူများ ဒီဆော့ဝဲလေးရှိရင် အဆင်ပြေပါတယ် ၀ယ်ထားတဲ့ VCD အခွေထဲကနေ တစ်ပုဒ်ချင်း Selection လုပ် သီးသန် ...