Tuesday, January 11, 2011

Intel နှင့် Nvidia တို့ အကျိုးတူ သဘောတူ စာချုပ် ချုပ်ဆို

Intel, Nvidia Sign $1.5 Billion Licensing Deal
လက်ရှိ ကွန်ပျူတာ နည်းပညာ လောက တွင် အဓိက အစိတ်အပိုင်း မှ နေရာ ယူထားသော ကုမ္ပဏီကြီး နှစ်ခု ဖြစ်သည့် Intel နှင့် Nvidia တို့မှာ ဒေါ်လာ 1.5 ဘီလီယံ တန် သဘောတူ စာချုပ် ချုပ်ဆို လိုက်ပြီ ဖြစ်ကြောင်း သိရှိရပါတယ်။
အဆိုပါ သဘောတူ ညီချက် အရ Intel မှ Nvidia အား ဒေါ်လာ 1.5 ဘီလီယံ ပေးဆောင်သွား မှာ ဖြစ်ကြောင်း Intel မှ တာဝန် ရှိသူများ မှ သတင်းစာ ရှင်းလင်းပွဲ တစ်ရပ် အတွင်း ပြောကြား သွားခဲ့ပါတယ်။
Intel မှ တာဝန် ရှိသူ တစ်ဦးဖြစ်သူ Doug Melamed မှ ၄င်းတို့ အနေဖြင့် ယခုလို Graphic Card များ ကို အဓိကထုတ်လုပ် ပေးလျှက်ရှိသော Nvidia နှင့် အကျိုးတူ သဘောတူ ညီမှု ရရှိခဲ့ ခြင်း အတွက် ၀မ်းသာမိကြောင်း ကုမ္ပဏီ နှစ်ခု မှ ကြိုက်နှစ်သက် ရာ ထုတ်ကုန် များ ကိုလည်း လွတ်လပ် စွာ ထုတ်လုပ်သွား ခွင့် ရရှိလိုက် ခြင်းအား ဖြင့်လည်း နှစ်ဦး နှစ်ဖက် အကျိုးရှိသွား မှာ ဖြစ်ကြောင်း ပြောကြား သွားပါတယ်။
ထိုသဘောတူ စာချုပ်ချုပ် ဆိုခြင်း အတွက် ကုမ္ပဏီ နှစ်ခု လုံးမှ ၄င်းတို့ နှင့် သက်ဆိုင်ရာ ထုတ်ကုန် များ အတွက် ကိုယ်ပိုင် လိုင်စင် ရရှိသွားမှာ ဖြစ်ပါတယ်။
CPU chipsets များ နှင့် တွဲဖက်ကာ ကောင်းမွန်စွာ အသုံးပြုနိုင်ရန် Network နှင့် Storage Controller များ ကို စတင် ထုတ်လုပ်လာ လျှက်ရှိသော Nvidia မှာ မကြာသေးမီ ကာလ အတွင်းတွင် Intel အား Chipset များ အား တစ်ဦးတည်း မူပိုင် ယူထားခြင်း အတွက် မေးခွန်း ထုတ်မှုများ ရှိခဲ့ပါတယ်။
ထိုကုမ္ပဏီ နှစ်ခု မှာ ၂၀၀၄ အတွင်းတွင် လည်း ယခု လို Chipset နည်းပညာများ အား မျှဝေကာ အသုံးပြု သွားရန် သဘောတူ ခဲ့ကြသော်လည်း Intel မှ စတင်ကာ Nvidia အား Intel chipset များ နှင့် တွဲဖက် ကာ Memory Controller များ တစ်ပါတည်းပါ Chipset များ အားထုတ်လုပ် ခဲ့ပြီး မှတ်ပုံတင် ခဲ့ခြင်း မရှိတဲ့ အတွက် တရားစွဲဆို ခြင်းများ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ နည်းပညာ မှာ Intel မှ ထုတ်လုပ် ခဲ့သည့် Nehalem microprocessors များ နှင့် တစ်ပုံစံ တည်းတူညီ ခဲ့ခြင်း ကြောင့် ဖြစ်ကြောင်း Intel မှ ထိုစဉ် အခါတွင် ကြော်ငြာခဲ့ ပါတယ်။
ထိုအချိန်မှ စတင်ကာ Intel နှင့် Nvidia တို့ ကြား၌ တရားစွဲဆိုမှုများ အပြန် အလှန် ဖြစ်ပေါ်ခဲ့ပြီး ယခုနောက်ဆုံး တွင်တော့ နှစ်ဦး သဘောတူ စာချုပ်ချုပ်ဆို နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။
အဆိုပါ သဘောတူညီချက်မှာ 2016 ခုနှစ် အထိ သက်တမ်း ရှိသွားမှာ ဖြစ်ပြီး Intel မှလည်း သဘောတူစာချုပ်များ ရှိခဲ့လျှက် တရားစွဲဆို ခြင်းများ ပြုလုပ် ခဲ့ခြင်းများ အတွက် Nvidia အား လျော ကြေးများ ဆက်လက် ပေးဆောင် သွားရမှာ ဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။

0 comments:

အယ်ဖိုး © 2008 Template by:
SkinCorner