Thursday, January 13, 2011

မကြာမီ လပိုင်း အတွင်း လက်ရှိ အသုံးပြုနေသော IP v4 အစား IP v6 အား ပြောင်းလဲ သုံးစွဲ တော့မည်

IP v6 Day
အင်တာနက် ပေါ်တွင် ပေါပြူလာ ဖြစ်ပြီး သြဇာ ကြီးမားသော Website များ ဖြစ်သည့် GoogleFacebook နှင့် Yahoo! တို့မှာ အင်တာနက် ချိတ်ဆက် ခြင်းတွင် လက်ရှိ အသုံးပြုနေသော IP v4 အစား IP v6 အား စမ်းသပ် သုံးစွဲ မှုတွင် ပါဝင် သွားရန် သဘောတူညီ ခဲ့ကြပါတယ်။
ထိုကဲ့သို့ IP v6 အား စမ်းသပ် သုံးစွဲမည့် နေ့ဖြစ်သော 2011 ခုနှစ် June 8 ရက် နေ့အား IP v6 Day ဟု ခေါ်ဆိုသွား ရန် စီစဉ်ထား လျှက်ရှိပြီး အဆိုပါ နေ့အတွင်း ကမ္ဘာလုံး ဆိုင်ရာ အင်တာနက် အဖွဲ့အစည်း ဖြစ်သော Internet Society မှ အထောက်အပံ့ပေး လျှက်ရှိနေသော Network လောက မှ ကုမ္ပဏီ ကြီးများ ဖြစ်သည့် Akamai နှင့် Limelights Network တို့မှ လည်း ပါဝင် အသုံးပြု သွားမှာ ဖြစ်ကြောင်း သိရှိ ရပါတယ်။
Internet Society မှ တာဝန် ရှိသူ တစ်ဦး ဖြစ်သော Leslie Daigle မှ ၄င်းတို့ အနေဖြင့် IP v6 အား စမ်းသပ် သုံးစွဲ သွားမည် ကို ကြိုဆို ကြောင်း နှင့် IP v6 အား ၂၄ နာရီ ပြည့်သည် အထိ စမ်းသပ် သုံးစွဲ သွား မှာ ဖြစ်ကြောင်း ပြောကြား ထားပါတယ်။ ထို့အပြင် IP v6 ကို စမ်းသပ် အသုံးပြုခြင်း ဖြင့် ကောင်းကျိုး များ  ရရှိသွား ရန် မျှော်လင့် ထားကြောင်း ပြောကြားသွား ပါတယ်။
IP v6 သည် လက်ရှိတွင် IP နံပါတ်များ လျော့ကျလာပြီး နှစ် ပေါင်း ၃၀ ကျော် အသုံးပြုလာခဲ့ သော IP v4 များ အစား အသုံးပြုရန် လိုအပ် လျှက် ရှိပါတယ်။ လေ့လာသူများ ၏ အဆိုအရ IP v4 ၏ IP နံပါတ် ၅ ရာခိုင်နှုန်း မျှသာ နယ်မြေ အလိုက် မှတ်ပုံတင် အသုံးပြုသွား ရန် ကျန်ရှိတော့ ကြောင်း သိရှိရပါတယ်။ ထိုကဲ့သို့ IP နံပါတ်များ အင်တာနက် ပေါ်တွင် လျော့ကျလာခြင်း ကြောင့် နောင်တွင် Network ချိတ်ဆက် ခြင်း များတွင် များစွာ အခက်အခဲ တွေ့နိုင်မှာ ဖြစ်ပြီး IP v4 အား ဆက်လက် အသုံးပြုသွားမည် ဆိုပါက မကြာခင် လ များ အတွင်းမှာ ပင် IP v4 ၏ လွတ်နေသော IP နံပါတ် များ အားလုံး ကုန်ဆုံး သွား နိုင်ကြောင်း ကျွမ်းကျင် သူများ မှ ဆိုထားပါတယ်။
IP v4 မှာ 32 bit အမျိုးအစား ဖြစ်ပြီး ကွန်ပျူတာ နှင့် ဆက်စပ် ပစ္စည်းပေါင်း 4.3 ဘီလီယံ အထိ အပြန်အလှန် ချိတ်ဆက် အသုံးပြု သွားနိုင်မှာ ဖြစ်ပါတယ်။ သို့သော်လည်း IP v6 ၏ အားသာ ချက်မှာ 128 bit ဖြစ်ကာ ပစ္စည်းအမျိုးအစား ပေါင်း မည်မျှ ကိုမှ ကန့်သတ် ထားခြင်း မရှိပဲ Unlimited ဖြစ်ပါတယ်။
Internet Society မှ အဆိုပါနေ့တွင် အင်တာနက် အသုံးပြုသူများ ၏ 0.05 ရာခိုင်နှုန်းမှာ အင်တာနက် အသုံးပြုမှု နှေးကွေးခြင်း ကို ရင်ဆိုင်သွား နိုင်မှာ ဖြစ်ကြောင်း ၊ IP v6 အား ပြောင်းလဲ သုံးစွဲမည့် Website များ မှ IP များ ပြောင်းလဲသုံးစွဲ ခြင်းများ ကြောင့် အင်တာနက် အသုံးပြုသူများ မှာ IP v6 အား လိုက်လံ ပြောင်းလဲသွား ပါက အဆင်ပြေစွာ သုံးစွဲ သွား နိုင်မှာ ဖြစ်ကြောင်း ပြောကြားထားပါတယ်။
ထိုကဲ့သို့ IP v6 အား တစ်ပြိုင်နက်ထဲ ပြောင်းလဲ သုံးစွဲ သွားခြင်း အားဖြင့် Website များမှာ traffic များ ဖြစ်ပွါးသွား နိုင်မှာ ဖြစ်ပြီး IP v6 သုံးစွဲမည့် အထဲတွင် အကြီးဆုံး Website တစ်ခု ဖြစ်သည့် Google မှာလည်း ၄င်း၏ အဓိက လုပ်ငန်းများ ဖြစ်သော www.google.com နှင့် www.youtube.com တို့တွင် အသုံးပြု သွားမှာ ဖြစ်ကြောင်း သိရှိရပါတယ်။
Google နှင့် အပြိုင် Yahoo! မှ လည်း IP v6 အားအသုံး ပြုသွားမည် ဟု ကြော်ငြာထားပြီး Internet Society မှလည်း IP v6 အား Website များသာ မက OS များ၊ ISP များ နှင့် Hardware ထုတ်လုပ် သူများ ကိုလည်း အသုံးပြု သွားရန် တိုက်တွန်း ထားကြောင်း တင်ပြလိုက်ရပါတယ်။

0 comments:

အယ်ဖိုး © 2008 Template by:
SkinCorner